ရေးတွင် မီတာခ နှစ်ရာကျပ်ထပ်တက်ပြီး တစ်ယူနစ် နှစ်ထောင်ကျပ်ဖြစ်လာ
Dawei Watch
December 19, 2023မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အတွင်း ဒီဇင်ဘာလမှစပြီး လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၂၀၀ ဈေးထပ်တက်မည်ဖြစ်ပြီး မီတာခ တစ်ယူနစ် ၂၀၀၀ ကျပ်အထိ ဖြစ်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။ စက်သုံးဆီ ဈေးမြင့်တက်လာခြင်းနှင့် ဆီဝယ်ယူရန်ခက်ခဲလာခြင်းကြောင့် ဒီဇင်ဘာလအတွက် သုံးစွဲခကို တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း မီးလင်းရေးကော်မတီက ဒီဇင်ဘာလဒုတိယအပတ်အတွင်းက ကြေညာထားသည်။ မီတာခ တစ်ယူနစ် ၁၈၀၀ ကျပ် ကောက်ခံနေရာမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကောက်ခံမည့် ဒီဇင်ဘာလ ဓာတ်အားသုံးစွဲခများကို ရေးမြို့နယ်အတွင်း လျှပ်စစ် ဖြန့်ဖြူးနေသည့် ပုဂ္ဂလိကကုမ္ပဏီတို့က တစ်ယူနစ် ၂၀၀၀ ကျပ် တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ဖော်ပြသည်။ အာဏာမသိမ်းခင်က ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာ တစ်ယူနစ် ကျပ် ၃၀၀ နှင့် ၅၀၀ အကြားသာရှိပြီး အာဏာသိမ်းမှုဖြစ်ပြီးနောက် ဆက်တိုက်မြင့်တက်လာသည့် […]