ရေး၊ နှစ်ကရင်ကျေးရွာသားတစ်ဦး ပစ်သတ်ခံရ
Dawei Watch
January 8, 2024မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲရှိ နှစ်ကရင်ကျေးရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှသိရသည်။ နှစ်ကရင်ကျေးရွာခံ ကိုရွေမိုးဆိုသူသည် ဇန်နဝါရီလ ၆ ရက်နေ့က ခြံထဲတွင် အိပ်နေစဉ် လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုရွှေမိုးသည် ညာဘက်မေးစေ့အောက် ကျည်ဆန်ထိမှန်ခဲ့သလို၊ ရင်ဘက်တွင်လည်း ကျည်ထိမှန်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်။ “သူက ခြံမှာပုခက်နဲ့ အိပ်နေတာ။ အဲ့အချိန်မှာ သေနတ်သမားတွေက ရောက်လာပြီးတော့ ပစ်ထည့်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကိုရွှေမိုးကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်ရှင်းလင်းသွားခဲ့သည်ကိုမူ မသိရှိရသေးပေ။ စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် ကိုရွှေမိုးကို KNLA တပ်မဟာ(၆) ရင်း(၂၇) ခွဲ(၄)မှ စုမှူးအဆင့်ရှိ ပဒဲကော(ခ)သားခွီးအဖွဲက ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ရေးသားဖော်ပြထားသည်။ နယ်မြေစိုးမိုးနိုင်ရေးအတွက် KNLA နှင့် PDF […]