မော်လမြိုင်တွင် ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်၊ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးများအပါအဝင် ၂၀နီးပါးဒဏ်ရာရ
Dawei Watch
January 22, 2024မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဇန်နဝါရီလ ၂၁ရက် တစ်ရက်တည်းတွင် ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ကလေးငယ် ၁၂နှစ်ဦးအပါအဝင် ၁၈ဦး ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ညက ဂွေးကုန်းရပ်ကွက် မော်လမြိုင်-သံဖြူဇရပ်လမ်းမတွင် ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ကလေး ခြောက်ဦးအပါအဝင် ၁၁ ဦး ထိခိုက် ဒဏ်ရာရကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။ ယမန်နေ့ ည ၉နာရီခန့်က မုဒုံဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် ပရိုဘောက်စ်ကားတစ်စီးသည် အရှေ့တွင် မောင်းနှင်သွားနေသည့် သုံးဘီးဆိုင်ကယ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ကို ဝင်တိုက်မိမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ သုံးဘီးဆိုင်ကယ်ပေါ် လိုက်ပါစီးနင်းလာသည့်အမျိုးသမီးတစ်ဦး ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ပြီး ကလေး ၆ ဦးအပါအဝင် ၁၁ ဦး […]