သံဖြူဇရပ်တွင် ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် ၅ ဦးကို PDF ဖမ်းဆီး
Dawei Watch
January 31, 2024မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် ၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ကရုပ္ပိကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်၊ အဖွဲ့ဝင် ဦးမောင်ကို၊ ရော်ဘာခြံလုပ်သား ဦးမြဝင်း၊ ဦးစိုးမင်းနှင့် ဦးမော်ကွန်းတို့ကို ဦးမောင်စိန်၏ရော်ဘာခြံထဲတွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။ “ဖမ်းခံရတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဘယ်သူဘယ်ဝါ(မည်သည့်အဖွဲ့က) ဖမ်းသွားတာလဲတော့ မသိသေးဘူး။ ဘာသတင်းမှလည်း မကြားသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်ကိုင်ဆောင်သည့် ၃၈ ဗို့ ခြောက်လုံးပြူး သေနတ်တစ်လက်၊ ဦးမောင်ကိုကိုင်ဆောင်သည့် AK 47 သေနတ် တစ်လက်၊ နေအိမ်အတွင်းမှ AK 47 သေနတ် နှစ်လက်၊ M […]