ဂျိုင်းမြစ်ဒေသတွင် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်နေဟု MSFC ထုတ်ပြန်
Dawei Watch
July 5, 2024မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသတွင် စစ်ကောင်စီတပ်က နည်းမျိုးစုံဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ယနေ့ ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီးများကိုနှောင့်ယှက်ခြင်း၊ အတင်းအဓမ္မစေခိုင်းခြင်းအပြင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများလည်း လုပ်ဆောင်နေဟု ထုတ်ပြန်ချက်ကဆိုသည်။ နေရပ်ပြန်လာကြသည့် ဒေသခံအမျိုးသမီးများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထမင်းဟင်းချက်ပြုတ်ရန် အဓမ္မစေခိုင်းခြင်း၊ ညအချိန်မတော် အိမ်တံခါးခေါက်ပြီး နှောင့်ယှက်ခြင်း၊ လမ်းသွားလမ်းလာ လူငယ်အမျိုးသမီးများကို နှောင့်ယှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းတို့ ဆက်တိုက်လုပ်ဆောင်နေသည်ဟု MSFC ကဆိုသည်။ “ထုတ်ပြန်ထားသလိုပါပဲ ညနေပိုင်းလောက်ဆို ဂိတ်လိုမျိုးလုပ်ပြီးတော့ လူသွားလူလာတွေကို သူတို့ (စစ်တပ်) စစ်ဆေးတဲ့အခါမှာ အမျိုးသမီးတွေကို နှောက်ယှက်တယ်။ နောက်ပြီး အမျိုးသမီးတွေကို ထမင်းဟင်းချက်ခိုင်းတယ်။ အဲဒီမှာလည်း လိင်ပိုင်းဆိုင်ရာ […]