ကျိုက်ထိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် လူငယ်ခြောက်ဦးသေဆုံးပြီး ၁၀ကျော်ဒဏ်ရာရ
Dawei Watch
July 25, 2024မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ခြောက်ဦးသေဆုံးပြီး ၁၂ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင် ၂၃ရက် နံနက် ၉နာရီခန့်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား ကျောက်တန်းလေးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့တိုက်ပွဲဖြစ်ပွားချိန် ကျောက်တန်းလေးကျေးရွာဘက်ကို သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ်ရင်း ၃၁၀ က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ပျဉ်းကတိုးကုန်းကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတို့က ဆိုသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပျဉ်းကတိုးကုန်းရွာက အသက် ၁၈ နှစ်အရွယ်တစ်ဦးအပါအဝင် အသက် ၂၀နှင့် ၃၀ ကြား လူငယ်ပိုင်း ခြောက်ဦး သေဆုံးပြီး အမျိုးသမီး […]