BREAKING
May 10, 2025

မွန်

ရေးနှင့် သံဖြူဇရပ်တွင် စစ်ကောင်စီတပ် ဆက်တိုက်တိုက်ခိုက်ခံနေရ

Dawei Watch

August 30, 2024

မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ် ကားလမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီတပ် ဆက်တိုက် တိုက်ခိုက်ခံနေရပြီး ထိခိုက်သေဆုံးမှုလည်း များပြားကြောင်း တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။ ယမန်နေ့ (ဩဂုတ် ၂၉) နံနက်ပိုင်းက ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ ကွမ်ကျိုက်ရွာတွင် တပ်စွဲထားသည့် အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်ကို မွန်ပြည်သစ်ပါတီ (NMSP-AD)၊ YPDF နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု NMSP-AD က ထုတ်ပြန်ထားသည်။ NMSP-AD ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က “မနေ့က ကွမ်ကျိုက်ရွာ တစ်ပလ္လင်သုံးဆူဘုရားမှာ တပ်စွဲထားတဲ့ စကစကို ကျွန်တော်တို့ ပူးပေါင်တပ်ဖွဲ့တွေက ဝင်တိုက်တာ တိုက်ပွဲက မိနစ် ၃၀ လောက်ကြာတယ်။ စစ်ကောင်စီဘက်က ၁၀ […]

တိုက်ပွဲပြင်းထန်နေသည့် ကြာအင်းဆိပ်ကြီးတွင် ဒေသခံထောင်နှင့်ချီထွက်ပြေးနေရ

Dawei Watch

August 28, 2024

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာနှင့် အနီးတဝိုက်တွင် နှစ်ပတ်ကျော်ကြာလာသည့်ထိ တိုက်ပွဲပြင်းထန်နေပြီး ထောင်နှင့်ချီသည့် ဒေသခံတို့က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အနင်းကွင်းကျေးရွာ စစ်ကောင်စီ ဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်း တပ်ဖွဲ့တို့က ဩဂုတ်လ ဒုတိယအပတ်အတွင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်လာခဲ့သည်။ တိုက်ပွဲဖြစ်နေသည့် အနန်းကွင်းနှင့် အနီးအနားတစ်ဝိုက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် နေ့စဉ်တိုက်ခိုက်နေပြီး သံဖြူဇရပ်မြို့နယ်၊ ဝဲကလိတပ်နယ်ကလည်း လက်နက်ကြီးဖြင့်လည်း လှန်းပစ်နေသည့်အပြင် ဒရုန်းဖြင့်လည်း လာရောက် ပစ်ခတ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထို့ကြောင့် အနန်းကွင်းနှင့် အနီးနားရှိ လွတ်ရှမ်း၊ ဖားပြ၊ သံပုရာ အပါအဝင် ကျေးရွာ ခုနစ်ရွာထက်မနည်းက ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့က ဆိုသည်။ “တောထဲ၊ […]

သထုံက နယ်ထိန်းရဲတပ်ဖွဲ့ နှစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

Dawei Watch

August 23, 2024

မွန်ပြည်နယ်၊ သထုံမြို့ သုဓမ္မဝတီနယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။ သုဓမ္မဝတီနယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင် ဌေးလှိုင်ထွန်းနှင့် အောင်ကိုမင်းတို့နှစ်ဦးကို စစ်ကောင်စီတပ်က သြဂုတ်လဒုတိယအပတ်အတွင်းက ရဲစခန်း၌ပင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ နယ်ထိန်းရဲတပ်ဖွဲ့ဝင် ဌေးလှိုင်ထွန်းနှင့် အောင်ကိုမင်းတို့နှစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ငွေ ကြေးထောက်ပံ့နေသည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟုလည်း နီးစပ်သူတို့က ပြောသည်။ “အဓိကက PDF ‌တွေကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့ ဖမ်းဆီးစစ်ဆေးခံနေရတာဖြစ်တယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ လက်ရှိတွင် နယ်ထိန်းရဲတပ်ဖွဲ့ဝင် ဌေးလှိုင်ထွန်းနှင့် အောင်ကိုမင်းတို့ကို သထုံမြို့အခြေစိုက် အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်း စစ်ကြောရေးတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှု လုပ်ဆောင်နေသည်ဟုလည်း ပြောသည်။ […]

ကျိုက်ထိုတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိသည့် နေအိမ်ကို စစ်ကောင်စီ ဝင်ရောက်စီးနင်း

Dawei Watch

August 21, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ ဘဲလေးစားသောက်ဆိုင်အနီးရှိ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင်များ ရောက်ရှိနေသည့် နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က ယနေ့ (ဩဂုတ် ၂၁) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့သည်။ အဆိုပါ နေအိမ်တွင် KRF တပ်ဖွဲ့ဝင်များ ရောက်ရှိနေသည့်သတင်းရရှိပြီး စစ်ကောင်စီတပ်က ယနေ့ နံနက် ၉ နာရီခန့်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံတို့က ပြောသည်။ နေအိမ်ဝင်စီးသည့်ဖြစ်စဉ်အတွင်း အသက် ၉၀ နှစ်အရွယ် အိမ်ရှင် အဘွားအိုနှင့် KRF တပ်ဖွဲ့ဝင်လူငယ်နှစ်ဦး၊ ယင်းနေရာသို့ ရောက်ရှိနေသည့် CJ သတင်းထောက်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ “အဲအိမ်မှာ PDF တွေ ရောက်နေတာကို ဟိုက သတင်းရသွားလို့ ဝင်စီးတယ်လို့ ပြောတယ်။ ဝင်စီးတော့ နှစ်ဖက် […]

ကျိုက်ထိုမြို့နယ်ရဲမှူးနှင့် ရဲအုပ်တို့ကို စစ်ကောင်စီတပ်ဖမ်းဆီး

Dawei Watch

August 20, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရဲမှူး ဇော်ဇော်နှင့် ရဲအုပ်ပြည်သူရစိုးတို့ကို စစ်ကောင်စီတပ်က ဖမ်ဆီးပြီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ကပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ဆက်သွယ်ပြီး သတင်းပေးနေသည်ဆိုသည့်စွပ်စွဲချက်ဖြင့် စစ်ကောင်စီက မြို့နယ်ရဲမှူး ဇော်ဇော်ကို ဩဂုတ်လ ၁၆ ရက် ညက ၎င်းနေထိုင်ရာ အိမ်ရာဝင်းအတွင်း ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း အထက်ပါ နီးစပ်သူတို့က ဆိုသည်။ ဩဂုတ် ၁၄ ရက်ကလည်း ကျိုက်ထိုမြို့မရဲစခန်းက ရဲအုပ်ပြည်သူရစိုးကို PDF အဖွဲ့နှင့် ဆက်သွယ်သည်ဆိုပြီး ရဲစခန်းဝင်း အတွင်းရှိ နေအိမ်တွင်ပင် စစ်ကောင်စီတပ်တို့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ ရဲအုပ်ကို ဖမ်းဆီးသွားပြီးနောက် နှစ်ရက်အကြာတွင် မြို့နယ်ရဲမှူးကို စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မြို့နယ်ရဲမှူးနှင့် ရဲအုပ်တို့ကို ကျိုက်ထိုအခြေစိုက် စစ်ကောင်စီ တပ်မ-၄၄ ဌာနချုပ်ရှိ […]

သံဖြူဇရပ် တိုက်ပွဲတွင် အရပ်သားတစ်ဦးသေဆုံးပြီး ကလေးသုံးဦးအပါအဝင် ငါးဦးဒဏ်ရာရ

Dawei Watch

August 16, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာသစ်၊ ဘုရားကုန်းတိုက်ပွဲအတွင်း ဒေသခံအမျိုးသား တစ်ဦးသေဆုံးပြီး ကလေးသုံးဦးအပါအဝင် ငါးဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့က ပြောသည်။ ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဩဂုတ်လ ၁၅ ရက် မွန်းလွဲ ၁နာရီဝန်းကျင်တွင် တိုက်ခိုက်ခဲ့ရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြကြောင်း ဒေသခံတို့က ဆိုသည်။ တိုက်ပွဲအတွင်း ရော်ဘာခြံတစ်ခုထဲ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ရာဘာခြံတွင် ရှိနေသည့် အသက် ၅၀ နှစ်အရွယ် ဦးအောင်မြင့် သေဆုံးကြောင်း ဒေသခံတို့က ပြောဆိုသည်။ ယင်းအပြင် အသက် ၂ နှစ်အရွယ်၊ အသက် ၁၃ နှစ်အရွယ်၊ အသက် ၁၆ နှစ်အရွယ်၊ ကလေးသုံးဦး၊ အသက် ၃၅ နှစ်အရွယ် မဖြူဖြူဝင်းနှင့် အသက် […]

ကျိုက်ထိုတွင် PDF ကို ထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မောင်နှမနှစ်ဦး ဖမ်းဆီးခံရ

Dawei Watch

August 15, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်တွင် နေထိုင်သည့် မောင်နှမနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ဩဂုတ်လ ၁၂ ရက်က ကိုပြည့်စုံထွန်းဆိုသူကို စစ်ကောင်စီတပ်က လမ်းတွင် ပိတ်ဆို့ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အစ်မဖြစ်သူကို ဩဂုတ်လ ၁၃ ရက်တွင် နေအိမ်၌ လာရောက်ဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ပြောသည်။ ကိုပြည့်စုံထွန်းတို့ မောင်နှမနှစ်ဦးကို စစ်တပ်က PDF ကို ထောက်ပံ့သည်ဆိုသည့် စွပ်စွဲပြီး ဖမ်းဆီးသွားခြင်းဖြစ်ပြီး အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ကိုပြည့်စုံထွန်းတို့ မောင်နှမကို ကျိုက်ထိုအခြေစိုက် တပ်မ – ၄၄ ဌာနချုပ် စစ်ကြောရေးတွင်ရှိနေသည် သတင်းရ သောကြောင့် သွားရောက်စုံစမ်းမေးမြန်းရာ မရှိဟု စစ်ကောင်စီတပ်ဘက်က ပြောဆိုခဲ့ကြောင်း […]

မွန်တွင် စက်သုံးဆီပြတ်လပ်၊ ဆီရရန် ကား ဆိုင်ကယ် ရာနှင့်ချီတန်းစီစောင့်ရ

Dawei Watch

August 14, 2024

မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်နေပြီး ဆီရရှိရန် ကား၊ ဆိုင်ကယ်ရာနှင့်ချီ တန်းစီစောင့်ဆိုင်းနေရကြောင်း ဆီတန်းစီစောင့်ဆိုင်းနေသူတို့က ပြောသည်။ ဩဂုတ်လ ၁၃ ရက်ကစပြီး စက်သုံးဆီ အရောင်းဆိုင်အများစုက ပိတ်ထားပြီး ယနေ့ ဩဂုတ်လ ၁၄ ရက်တွင်လည်း အရောင်းဆိုင်အချို့သာ ဆီရောင်းချပေးနေသည့်အတွက် ကားတန်း၊ ဆိုင်ကယ်တန်း ရာနှင့်ချီ တန်းစီနေကြရကြောင်း ၎င်းတို့က ဆိုသည်။ “ရောင်းပေးနေတဲ့ဆိုင်တွေမှာဆိုရင် ကားတွေတန်းစီနေတာ မျက်စိတဆုံးပါပဲ။ တချို့ဆို မိုးမလင်းခင်ကတည်းက ဆီဆိုင်ရှေ့မှာ တန်းစီနေကြတယ်။ မနက် ၆ နာရီလောက် တန်းစီတဲ့လူတွေက ၉ နာရီ ၁၀ နာရီထိုးလည်း မရသေးဘူးဆိုတော့ စဉ်းစားကြည့်ပေါ့” ဟု သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက ပြောသည်။ မွန်ပြည်နယ်တွင် စက်သုံးဆီကို ရန်ကုန်မြို့မှတစ်ဆင့် တင်သွင်းဖြန့်ဖြူးရောင်းချကြသည်။ ယခုကာလတွင် စက်သုံးဆီ မဝင်တော့သဖြင့် ဆီပြတ်လပ်ခြင်းဖြစ်ပြီး ဆီလက်ကျန်ရှိသည့် […]