BREAKING
May 10, 2025

မွန်

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)က လူထုနှင့်တွေ့ဆုံ

Dawei Watch

November 4, 2024

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ဒုတိယ အဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ် ဦးဆောင်တက်ရောက်သည့် လူထုတွေ့ဆုံပွဲကို နိုဝင်ဘာလ ၂ ရက်နေ့က လွတ်မြောက်နယ်မြေ တစ်နေရာတွင် ကျင်းပခဲ့သည်။ အဆိုပါလူထုတွေ့ဆုံပွဲတွင် မွန်လူထုနှင့် မွန်ဒေသများရှိ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်သည်ဟု NMSP- AD ထံမှ သိရသည်။ “အဖွဲ့အစည်းအသီးသီးနဲ့ အမြင်ဖလှယ်ဖို့ရယ်၊ မွန်ပြည်သစ်ပါတီ AD ရဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကို ရှင်းလင်းဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီတွေ့ဆုံပွဲကို လုပ်တာဖြစ်တယ်။ လွတ်မြောက်နယ်မြေတစ်နေရာမှာ လုပ်တာ” ဟု NMSP- AD တာဝန်ရှိသူတစ်ဦးက ပြောသည်။ တွေ့ဆုံပွဲတွင် NMSP AD ဘက်က ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာ၊ စစ်ရေးလှုပ်ရှားမှုဆိုင်ရာ အခြေအနေများကို ရှင်းလင်းခဲ့ပြီး တက်ရောက်ခဲ့ကြသည့် […]

စစ်ကောင်စီက အသင်းဝင်များကိုဖမ်းလိုက်၍ သံဖြူဇရပ်မှ လူမှုကူညီရေးအသင်းကို ဖျက်သိမ်း

Dawei Watch

November 1, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌအပါအဝင် အသင်းဝင်များကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသဖြင့် အသင်းကို ဖျက်သိမ်းလိုက်ရကြောင်း နီးစပ်သူများထံမှ သိရသည်။ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းထိုက်နှင့် အသင်းဝင် ၈ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်အတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခဲ့ရသူများအနက်မှ အသင်းဥက္ကဋ္ဌ ဦးရဲမင်းထိုက်နှင့် အသင်းဝင် ကိုဝင်းကြည်၊ ကိုတူးတို့ ၃ ဦးကို စစ်ကောင်စီက သံဖြူဇရပ်မြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀ ည ဖြင့် အောက်တိုဘာလ ၉ ရက်နေ့က အမှုဖွင့်ခဲ့သည်။ အသင်းဝင်များ ဖမ်းဆီးခံရကတည်းက လုပ်ငန်းများ ဆက်မလုပ်နိုင်တော့ကြောင်း ရှေ့ဆက်လည်း အသင်းဆက်လက်လည်ပတ်ရန် မဖြစ်နိုင်တော့သည့် အခြေအနေကြောင့် အသင်းဝင်းအားလုံးနှင့် အလှူရှင်များ၏ ဆန္ဒအရ […]

အဖမ်းအဆီးများနေ၍ မွန်ပြည်နယ်တွင် ထိုင်းထုတ်ကုန်များ စျေးတက်

Dawei Watch

November 1, 2024

စစ်ကောင်စီက ဖမ်းဆီးနေမှုကြောင့် ထိုင်းနိုင်ငံမှ မွန်ပြည်နယ်သို့ တင်သွင်းလာသည့် စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများအပါအဝင် ထိုင်းကုန်ပစ္စည်းများ စျေးမြင့်တက်လာကြောင်း ထိုင်းကုန်ပစ္စည်းရောင်းဝယ်နေသူနှင့် စားသုံးသူအချို့တို့ထံမှ သိရသည်။ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို ဌာနပေါင်းစုံ ပါဝင်သည့် စစ်ကောင်စီပူးပေါင်းအဖွဲ့တို့က အောက်တိုဘာလ ၁၂ ရက်နေ့မှစပြီးလိုက်လံဖမ်းဆီး သိမ်းဆည်းနေသည်ဟု ထိုင်းစားသောက်ကုန်ပစ္စည်းများ ရောင်းချနေသူတို့က ပြောသည်။ ထိုင်းကုန်ပစ္စည်းများ လိုက်လံဖမ်းဆီးနေသည့်အတွက် စျေးကွက်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းများ အမျိုးအစားပေါ်မူတည်ပြီး ကျပ် ၁၀၀ မှ ကျပ် ၁၅၀၀ ခန့်အထိ စျေးတက်လာကြောင်း အထူးသဖြင့် ထိုင်းနိုင်ငံထုတ် စားသုံးဆီးများ တစ်ဗူးလျှင် ၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဝန်းကျင်အထိ စျေးတက်သွားသည်ဟု စျေးကွက်အတွင်းမှ သိရသည်။ “အကုန်စျေးတက်နေတယ် အခုက။ ထိုင်းကလာတဲ့ အသားမှုန့်၊ အချိုမှုန့်၊ […]

ပေါင်မြို့နယ်တွင် ရေလုပ်သား ၅၀ ထက်မနည်း ဝမ်းပျက်ဝမ်းလျှောဖြစ်

Dawei Watch

October 29, 2024

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပင်လယ်ကမ်းစပ်ကျေးရွာများဖြစ်သည့် အလှပ်ကျေးရွာနှင့် ဝဲပတန်ကျေးရွာက ရေလုပ်သား ၅၀ ဦးထက်မနည်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေကြောင်း ဒေသခံနှင့် ဒေသတွင်းက ကျန်းမာရေးဝန်ထမ်းတို့ထံမှ သိရသည်။ ပေါင်မြို့နယ်အတွင်း အောက်တိုဘာလ တတိယအပတ်ကစပြီး ပင်လယ်ပြင်ထွက် ရေလုပ်သားအချို့ ဝမ်းပျက်ဝမ်းလျှော စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ကူးစက်ဖြစ်ပွားသူ ၅၀ ဦးထက်မနည်း ရှိလာကြောင်း ၎င်းတို့က ဆိုသည်။ “အသက်သေဆုံးတဲ့အထိတော့ မရှိသေးဘူး။ ဆေးရုံတက် ကုသနေရတော့ ရှိတယ်။ အဓိက ရေလုပ်သားတွေဖြစ်ကြတာ။ ရေလုပ်သားတွေကနေ ရပ်ရွာတွေမှာ ပြန့်မသွားအောင်တော့ ပညာပေးတွေလုပ်နေတာတော့ရှိတယ်။ ဝမ်းပျက်ဝမ်းလျှောက အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်တော့ ပေါ့ဆလို့မရဘူး” ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူများအနက် အချို့မှာ အလှပ်တိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရသလို အချို့ကလည်း ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေကြောင်း ပြည်နယ်ကျန်းမာရေးဌာနထံမှ သိရသည်။ ယင်းအပြင် […]

ကြာအင်းဆိပ်ကြီးတွင် လေယာဉ်ဖြင့်ဗုံးကြဲ၊ အရပ်သားတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရ

Dawei Watch

October 28, 2024

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုရာချောင်းဖျားကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီက တိုက်လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ဒေသခံတို့ထံမှသိရသည်။ သံပုရာချောင်းဖျားကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီက အောက်တိုဘာလ ၂၅ရက် နံနက် ၁၁နာရီဝန်းကျင်က ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် သံပုရာချောင်းဖျားကျေးရွာနေ အသက် ၃၀ နှစ်အရွယ် စောသဲမူး သေဆုံးပြီး အသက် ၃၃ နှစ်အရွယ် နော်အဲ့တာမူး ထိခိုက်ဒဏ်ရာရကြောင်း ဖော်ပြသည်။ ယင်းအပြင် နေအိမ်နှစ်လုံးနှင့် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းလည်း ထိခိုက်ပျက်စီးကြောင်း ဒေသခံတို့က ပြောသည်။ “လေယာဉ်လှည့်နေတာကတော့ နေ့တိုင်းလိုလိုပါပဲ။ အခု ဗုံးပစ်ချတဲ့နေရာတစ်ဝိုက်မှာကလည်း တိုက်ပွဲမရှိဘူးလေ။ ရွာထဲ ပစ်ချတယ်ဆိုတော့ လူထိတယ်။ အိမ်တွေ၊ ဘုရားကျောင်းတွေလည်း ပျက်စီးတာပေါ့။ ရွာထဲကို ပစ်ချနေတော့ […]

ထိုင်းကုန်ပစ္စည်းများ ဖမ်းဆီးနေသဖြင့် မွန်တွင် ထိုင်းကုန်ပစ္စည်းအရောင်းရပ်လာ

Dawei Watch

October 24, 2024

မွန်ပြည်နယ်အတွင်း ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီက လိုက်လံစစ်ဆေးဖမ်းဆီးနေသည့်အတွက် ထိုင်းကုန်ပစ္စည်းကို အရောင်းရပ်ဆိုင်းလာကြကြောင်း ထိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချနေသူတို့ထံမှ သိရသည်။ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တရားမဝင်သွင်းကုန်များကို စစ်ဆေးအရေးယူရန် ညွှန်ကြားသည့် အောက်တိုဘာလ ၉ ရက်နောက်ပိုင်း ထိုင်းကုန်ပစ္စည်းများကို စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးဖမ်းဆီးလာသည့်အပြင် ပွဲရုံနှင့် ဈေးကွက်များထဲအထိပါ လိုက်လံဖမ်းဆီးမှု ပြုလုပ်လာကြောင်း ၎င်းတို့က ပြောသည်။ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် အခြေခံစားသောက်ကုန်များအပါအဝင် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကိုလည်း ဌာန ပေါင်းစုံ ပါဝင်သည့် စစ်ကောင်စီပူးပေါင်းအဖွဲ့တို့က လိုက်လံဖမ်းဆီးနေကြောင်း မော်လမြိုင်မြို့တွင် ထိုင်းစားသောက်ကုန်ပစ္စည်းများ ရောင်းချနေသူတစ်ဦးက ဆိုသည်။ “ထိုင်းက ဝင်လာတဲ့ ပစ္စည်းအကုန်လုံးကို လိုက်စစ်နေတယ်။ တွေ့ရင် ဖမ်းတယ်။ အကုန်လုံးပဲ ပွဲရုံတွေ၊ ဂိုဒေါင်တွေ စျေးကွက်ထဲအထိကို လိုက်ဖမ်းနေတာ အခုက။ ကျွန်မတို့ မွန်ပြည်နယ်မှာက ထိုင်းပစ္စည်းတွေပဲ အသုံးများတော့ ဖမ်းရင် […]

ရန်ကုန်-ထားဝယ်လမ်းတွင် အိမ်စီးကားတိမ်းမှောက်ပြီး ငါးဦးဒဏ်ရာရ

Dawei Watch

October 23, 2024

ရန်ကုန်-ထားဝယ်ကားလမ်းတွင် အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းက အိမ်စီးကားတစ်စီး အရှိန်လွန်တိမ်းမှောက်ပြီး ခရီးသွားငါးဦး ဒဏ်ရာရကြောင်း ရှင်သန်ရေးနှင့် နာရေးကူညီမှုအသင်း (ဘီးလင်း) ထံမှ သိရသည်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့အထွက်၌ အောက်တိုဘာလ ၂၂ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ကားတိမ်းမှောက်ခဲ့ကြောင်း အထက်ပါအသင်း၏တာဝန်ရှိသူက ပြောသည်။ “ကားသမားပြောတာက အရှိန်လွန်ပြီး လမ်းဘေးထိုးကျတယ်လိုပြောတယ်။ သူတို့က မြဝတီဘက်ကလို့တော့ ကနဦး သိရတယ်” ဟု ၎င်းက ပြောဆိုသည်။ ကားပေါ်တွင် ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသမီးလေးဦး၊ အမျိုးသားနှစ်ဦးလိုက်ပါလာကြောင်း ဆိုသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးသုံးဦး ဒဏ်ရာရကြောင်း အထက်ပါအသင်းထံမှ သိရသည်။ “တစ်ယောက်ပဲ နည်းနည်း စိုးရိမ်စရာရှိတယ်။ သူက ခေါင်းမူးတယ် ခေါင်းမူးတယ်ပဲ ပြောနေတယ်” ဟု အထက်ပါအသင်း […]

မွန်တွင် ရော်ဘာ‌စျေး ပြန်ကျ

Dawei Watch

October 22, 2024

မွန်ပြည်နယ် ရော်ဘာ‌စျေးကွက်အတွင်း အဆင့်မြင့်ရော်ဘာ တစ်ပေါင်လျှင် ကျပ်သုံးထောင်အောက် ပြန်ကျသွားကြောင်း ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာအရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။ ရာသီအစ အောက်တိုဘာလဆန်းပိုင်းက ရော်ဘာစျေးကွက်တွင် မှိုင်း/နေလွတ် ရော်ဘာ တစ်ပေါင်လျှင် ကျပ် ၃၂၀၀နှင့် ၃၅၀၀ကြား၊ နေလှန်းရော်ဘာတစ်ပေါင်လျှင် ကျပ် ၂၅၀၀ နှင့် ၃၀၀၀ ကြားအထိ စျေးပေါက်ကြောင်း ၎င်းတို့က ဆိုသည်။ ရော်ဘာအစေးထုတ်လုပ်မှုရှိလာသည့် အောက်တိုဘာလ တတိယအပတ်အတွင်း ရော်ဘာစျေးပြန်ကျလာပြီး မှိုင်း/နေလွတ် တစ်ပေါင်လျှင် ၂၉၀၀ ကျပ်၊ နေလှန်းတစ်ပေါင်လျှင် ၂၄၀၀ နှင့် ၂၈၀၀ ကျပ်ကြား ပေါက်‌စျေးရှိကြောင်း ရော်ဘာ အဝယ်ဒိုင်တို့ ထံမှ သိရသည်။ “ဒီနှစ်ရော်ဘာစျေး အဖွင့်မှာစျေးကောင်းတယ်။ မနှစ်ကနဲ့စာရင် နှစ်ဆလောက်တော့ စျေးတက်ပါတယ်။ အဲဒီကနေ အခု ရော်ဘာ နည်းနည်းထွက်လာတဲ့အချိန်မှာ ‌စျေးက […]