BREAKING
May 9, 2025

မွန်

ရေး-ထားဝယ်လမ်းပိုင်းတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး

Dawei Watch

May 8, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်း မော့ကနင်ကျေးရွာတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲပြီး ခြေထောက်တစ်ဖက် ဖြတ်တောက်ရကြောင်း ဒေသခံတို့ထံမှ သိရသည်။ မေလ ၇ရက် ညနေ ၄နာရီခန့်က မော့ကနင်ကျေးရွာသား အသက် ၄၀နှစ်အရွယ် အမျိုးသားတစ်ဦးသည် ရေး-ထားဝယ် ကားလမ်းမဘေး စစ်ကောင်စီ ခလရ-၁၀၆ တပ်ရင်းအနီးတွင် မြေမြှုပ်မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါအမျိုးသားတွင် ညာဘက်ခြေထောက် ဒူးအောက်ပိုင်းမှာ ဖြတ်တောက်ရပြီး ဘယ်ဘက် ခြေထောက်တွင်လည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။ “သူက ခြံကနေ ပြန်လာရင်း (မိုင်း) နင်းမိသွားတယ်လို့တော့သိထားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဥယျာဉ်ခြံမှပြန်လာစဥ် ခလရ ၁၀၆ တပ်ရင်းအနီး လမ်းဘေး၌ အပေါ့သွားစဉ် မိုင်းနင်းမိကြောင်း မော့ကနင်ရွာခံတစ်ဦးက ပြောဆိုသည် ။ […]

ကျိုက်ထိုတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ၍ ဒေသခံတစ်သောင်းခန့် စစ်ဘေးရှောင်ထွက်ပြေး

Dawei Watch

May 8, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေ၍ ဒေသခံပြည်သူ တစ်သောင်းခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ ကြရသည်။ စစ်ကောင်စီက ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်အတွင်း ကျေးရွာများကို ဧပြီလ ၂၈ ရက်နှင့် မေလ ၂ရက်၊ ၄ရက်၊ ၆ ရက်နေ့တို့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။ ယင်းအပြင် မေလ ၂ ရက်နေ့က စစ်ကောင်စီ ခမရ-၂၀၇၊ အမတ-၃၁၀ တပ်ရင်းတို့မှ ၆၀ မမ၊ ၈၁ မမ နှင့် ၁၂၀ မမ လက်နက်ကြီး စုစုပေါင်း ၁၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ သုံးခွရေကျော် ဓမ္မဒူတဘုန်းကြီးကျောင်းအနီးနှင့် ရွာပြင်ရှိလုပ်ငန်းခွင်များအတွင်း […]

သထုံတွင် တစ်ရက်အတွင်း လူငယ် ၃ ဦး အသတ်ခံရ

Dawei Watch

May 7, 2025

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တစ်ရက်အတွင်း လူငယ် အမျိုးသား ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ တောင်ကြားရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ် ဝင်းကိုဦး၊ အသက် ၂၃ နှစ်အရွယ် စိုးပြည့်ထူးနှင့် အသက် ၂၂ နှစ်အရွယ် အာပေကော်ဆိုသူတို့သည် မေလ ၅ ရက်နေ့ညက ပစ်ခတ် သတ်ဖြတ်ခံရခြင်းဖြစ်သည်။ ကိုဝင်းကိုဦး၊ ကိုစိုးပြည့်ထူးနှင့် အာပေကော်တို့ ၃ ဦးသည် တောင်ကြားရပ်ကွက်၊ လက်ပံကုန်းအပိုင်း တောလမ်းတစ်နေရာတွင် ပစ်သတ်ခံထားရပြီး ၎င်းတို့၏ ရုပ်အလောင်းကို မေလ ၆ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ “သူတို့ကို ဘယ်သူတွေက လုပ်သွားလဲဆိုတာကတော့ မသိသေးဘူး။ သူတို့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုရှိတယ်လို့လည်း […]

ရန်ကုန်-မော်လမြိုင်ရထားလမ်း မိုင်းခွဲခံရ၊ ရတားခရီးစဉ်များ ဖျက်သိမ်း

Dawei Watch

May 7, 2025

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် နှင်းပုလဲနှင့် တောင်စွန်း ကြားဘူတာကြား ရန်ကုန်-မော်လမြိုင်ရထားလမ်းရှိ တံတားတစ်စင်း မိုင်း‌ခွဲခံရမှုကြောင့် ရထားခရီးစဉ်များ ရပ်နားထားသည်ဟု မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။ မေလ ၆ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်ခန့်က ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း မိုင်တိုင် ၁၁၂/ ၁၀- ၁၁ ကြား အမှတ် ၆၅ တံတား မိုင်းခွဲခံရပြီး ရထားလမ်းပျက်စီးသွားကြောင်း သိရသည်။ ရထားလမ်းပေါ်ရှိ တံတား မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် မေလ ၆ ရက်နေ့ကစပြီး မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာသည့် အမှတ် ၈၂ အစုန်ရထားနှင့် ရန်ကုန်ဘူတာကြီး မှထွက်ခွာသည့် အမှတ် ၈၁ အဆန် ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းထားသည်ဟု မော်လမြိုင်ဘူတာကြီး၏ တာဝန်ရှိသူထံမှ သိရသည်။ လက်ရှိတွင် မိုင်းခွဲဖျက်ဆီးခံရသည့် ရထားလမ်းတံတားကို မြန်မာ့မီးရထားက […]

မွန်‌‌စျေးကွက်တွင် ဆားကြမ်းစျေး စံချိန်တင် မြင့်တက်

Dawei Watch

May 2, 2025

မွန်ပြည်နယ်တွင် ယခုနှစ်ဆားရာသီ ဆားအထွက်လျော့နည်းသည့်အတွက် လက်ရှိတွင် ဆားကြမ်း တစ်ပိဿာ ပေါက်စျေး ကျပ် ၅၀၀ ကျော်အထိ စံချိန်တင်မြင့်တက်နေကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် အလုပ်သမားအခက်အခဲကြောင့် ဆားလုပ်ငန်းကောင်းကောင်း မလည်ပတ်နိုင်သည့် အတွက် ဆားထုတ်လုပ်နိုင်မှု လျော့နည်းသလို ရာသီဥတုကြောင့်လည်း ဆားလုပ်ငန်းခွင် စောပြီး ပိတ်သိမ်းရသဖြင့် ဆားအထွက်လျော့နည်းကြောင်း ဆားတောင်သူများက ဆိုသည်။ ဆားထုတ်လုပ်မှု လျော့ကျပြီး ဆားတောင်သူများလက်ထဲ ဆားမရှိသည့်အတွက် ဆားစျေးလည်း မြင့်တက်လာကြောင်း သံဖြူဇမြို့နယ်၊ ပငကျေးရွာမှ ဆားတောင်သူတစ်ဦးက ပြောဆိုသည်။ “ဒီနှစ်လိုမျိုး တခါမှ မကြုံဖူးဘူး။ ဆားထုတ်လုပ်လို့ကောင်းတဲ့ ဧပြီလမှာ မိုးက တစ်လလုံးနီးပါးပဲ ရွာတာ။ ဆားလုပ်ငန်းခွင် ပိတ်သိမ်းရတဲ့အထိပါပဲ။ ပုံမှန်ဆို ဆားလုပ်ငန်းက မေလကုန်လောက်မှ သိမ်းကြတာ။ ဒီနှစ်က ရာသီဥတုကြောင့် […]

ဘီးလင်းတွင် ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး ကိုရင်တစ်ပါးနှင့် အမျိုးသမီးနှစ်ဦးသေဆုံး

Dawei Watch

April 21, 2025

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ မင်းစောကျေးရွာ ဘုန်းတော်ကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး ကိုရင်တစ်ပါးနှင့် သက်ကြီးပိုင်း အမျိုးသမီးနှစ်ဦး သေဆုံးကြောင်း KNU သထုံခရိုင်ထံမှ သိရသည်။ ဧပြီလ ၁၉ရက် နံနက် ၁၁နာရီကျော်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဘုန်းကြီးကျောင်းဝင်းထဲကို ပေါင် ၅၀၀ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆွမ်းစားကျောင်းဆောင်ပေါ် ကျရောက်ပေါက်ကွဲကြောင်း KNU ထံမှ သိရသည်။ ဆွမ်းစားကျောင်းဆောင်တွင် ဆွမ်းစားနေသည့် အသက် ၁၀နှစ်အရွယ် ကိုရင်တစ်ပါးနှင့် အသက် ၆၅ နှစ်အရွယ် နော်လှမြင့်၊ အသက် ၆၀ နှစ်အရွယ် နော်မဝဲတို့ သုံးဦးသေဆုံးကြောင်း KNU သထုံခရိုင်၏ အချက်အလက်များအရ သိရသည်။ ၎င်းအပြင် ကိုရင်ကြီးတစ်ပါး၊ ရဟန်းနှစ်ပါးနှင့် အသက် […]

ရေးအခြေစိုက် ခမရ ၅၉၁ တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး ရေးဘီလူးအဖွဲ့ ဖမ်းဆီး

Dawei Watch

April 10, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအခြေစိုက် စစ်ကောင်စီ ခမရ ၅၉၁ တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦးကို ရေးဘီလူးအဖွဲ့က ဖမ်ဆီးထားကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။ ဧပြီလ ၉ ရက် နံနက်ပိုင်းတွင် ခမရ ၅၉၁ တပ်ရင်းမှ ထွက်ပြေးလာသည့် တပ်သား ကျော်ဇင်ဖြိုးဆိုသူကို ရေးဘီလူးတပ်ရင်း၊ တပ်ခွဲ (၂) က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အဆိုပါတပ်သားကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။ “သူက တပ်ကနေ ထွက်ပြေးလာတယ်။ သေနတ်တွေ ဘာတွေတော့ ပါမလာဘူး။ လောလောဆယ် သူ့ကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတယ်” ဟု ရေးဘီလူးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ တပ်သား ကျော်ဇင်ဖြိုး စစ်ကိုင်းတိုင်၊ ဝန်းသိုမြို့နယ်ကဖြစ်ပြီး ရန်ကုန်တွင် အလုပ်လာလုပ်စဉ် စစ်မှုထမ်းရန်အတွက် […]

မော်လမြိုင်ကမ်းနားလမ်းရှိ သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်များကို ပြန်ဖျက်

Dawei Watch

April 9, 2025

မော်လမြိုင်ကမ်းနားလမ်းတလျှောက်တွင် ဆောက်လုပ်ထားသည့် သင်္ကြန် ဗဟိုမဏ္ဍပ်အပါအဝင် မဏ္ဍပ်များကို ပြန်ဖျက်နေကြောင်း မြို့ခံများထံမှ သိရသည်။ ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပရန်အတွက် မွန်ပြည်နယ်စစ်ကောင်စီက မော်လမြိုင် ကမ်းနားလမ်းတွင် ဗဟိုမဏ္ဍပ်အပါအဝင် ဖျော်ဖြေရေးမဏ္ဍပ်ကို မတ်လနောက်ဆုံးအပတ်ခန့်က စတင်ဆောက်လုပ်ခဲ့သည်။ “ဗဟိုမဏ္ဍပ်ကိုတော့ မနေ့က (ဧပြီ ၈) က ပြန်ဖျက်နေတာ တွေ့ရတယ်။ ရေကစားတာတော့ ရှိဦးမယ်လို့ ပြောသံကြားတယ်။ ဖျော်ဖြေရေးတွေပဲ မလုပ်တော့တာ၊ ကမ်းနားမှာ လမ်းလျှောက်သင်္ကြန်လုပ်ဖို့အတွက် လုပ်နေတာတော့ တွေ့ရတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ ဗဟိုမဏ္ဍပ်အပါအဝင် ဖျော်ဖြေရေးမဏ္ဍုပ်များကိုသာ ပြန်ဖျက်နေပြီး ရေကစားမဏ္ဍပ်များကိုမူ လုပ်ဆောင်နေဆဲဖြစ်ကြောင်း မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။ ယင်းအပြင် ပြည်နယ်စစ်ကောင်စီ၏ အစီအစဉ်ဖြင့် မော်လမြိုင်ကမ်းနားလမ်း မြစ်ကန်သာ အပန်းဖြေနေရာတွင် လမ်းလျှောက်သင်္ကြန်ကျင်းပရေးနှင့် စတုဒီသာကျွေးမွေးရန် အစီအစဉ်လည်း ဆက်လုပ်နေကြောင်း […]