နှစ်တစ်ရာကျော် ပုလွေရှောင်ဘုရားလှည့်ပွဲ
Dawei Watch
November 10, 2024ထားဝယ်မြို့နယ် ၊ ရှမ္မတွင်း အုပ်စု ၊ ပုလွေရှောင်ရွာ တွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်တွင် ကျင်းပသည့် ၁၀၁ နှစ်မြောက် ဘုရားလှည့်ပွဲ ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။ ယခင်ကဲ့သို့ ပြည်ထောင်စုကားလမ်းပေါ်ရှိ ကျောက်ရပ် ၊ ဝမော် ရွာများဘက်အထိ လာရောက်လှည့်လည်ခြင်းမဟုတ်ဘဲ ရိုးရာမပျက်စေရန် ပုလွေရှောင်ရွာအတွင်း၌သာ နေ့ဘက်လှည့်လည်ခြင်းဖြစ်သည်။ ပုလွေရှောင်ဘုရားပွဲသည် ထားဝယ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲပြီးလျှင် ထားဝယ်ခရိုင်အတွင်း၌ သက်တမ်းအရှည်ဆုံး ဘုရားလှည့်ပွဲဖြစ်သည်။ နှစ်စဥ် ထားဝယ်ဘုရားပွဲ မကျင်းပမှီ ၄ ရက်ကြိုတင်၍ တန်ဆောင်မုန်းလဆန်း ဆယ်ရက်တွင် လှည့်လည်ကျင်းပလေ့ရှိသည်။