သင်္ကြန်ကာလ တနင်္သာရီ ကျားအက
Dawei Watch
April 13, 2025တနင်္သာရီမြို့တွင် သင်္ကြန်ကာလအတွင်း နှစ်စဥ်ပြုလုပ်လေ့ရှိသည့် ရိုးရာကျားအကပွဲကို ယခုနှစ်သင်္ကြန်အကြိုနေ့(ဧပြီ ၁၃)တွင် ပြုလုပ်ခဲ့ကြသည်။ ရှင်မအောင်သာ(ခ)မြို့ရှင်ဘွားဘွား ကျောက်တိုင်တွင် ကျားကမည့်သူများက သွားရောက်ကန်တော့ကာ မြို့တွင်းလှည့်လည်ကပြကြခြင်းဖြစ်သည်။ အဆိုပါ တနင်္သာရီ ရိုးရာကျားအကပွဲကို တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်သူ ရပ်ကွက်သားများက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ကျားကပွဲကို သင်္ကြန်အကြိုနေ့တွင် ချောင်းကြီးရပ်ကွက်က စတင် ကျင်းပ၍ သင်္ကြန်အကျနေ့တွင် ချောင်းငယ်ရပ်ကွက်တွင် ကျင်းပလေ့ရှိသည်။ ကျားအက ကပြရာတွင် ကျားငါးကောင်၊ ကျားမြီးဆွဲခေါ် ကျားထိန်းသူ ငါးဦး၊ မုဆိုးတစ်ဦး၊ ဗုံတီးသူတို့နှင့် လောဘန် (အမွှေးအကြိုင်တစ်မျိုး) ကိုင်သူ တစ်ဦးပါရှိကြောင်း ကျားအကအဖွဲ့ထံမှသိရသည်။ တနင်္သာရီ ရိုးရာကျားအကသည် ယခင်က မလေးရှား ကုန်သည်များ ကုန်စည်ကူးသန်းရောင်းဝယ်ရန် လာရောက်ရင်း ၎င်းတို့ထံမှ ကျန်ခဲ့သည့် အကတစ်မျိုးဖြစ်ကြောင်း ကျားအကအဖွဲ့ဝင်များက ပြောပြသည်။ ကျားအက ကို တနင်္သာရီမြို့နယ် […]


