BREAKING
May 1, 2025

ဓာတ်ပုံ သတင်း

ကံပေါက်ဒေသက ဟိန္ဒူဘုရားကျောင်း မုခ်ဦးထီးတင်ပွဲကျင်းပ

Dawei Watch

October 8, 2024

ရေဖြူမြို့နယ် ၊ ကံပေါက်ရွာ ၊ ဗိုလ်ချုပ်ရပ်ကွက်တွင် တည်ရှိသည့် ဆရီကာလီယမ္မာ မယ်တော် (ခ) မမဘုရား ဟိန္ဒူဘုရားကျောင်း မုခ်ဦး ထီးတင်ပွဲကို ယနေ့ အောက်တိုဘာလ ၈ ရက် နံနက်ပိုင်းတွင်ပြုလုပ်ခဲ့သည်။ နှစ်စဥ်ကျင်းပသည့် သီတင်းကျွတ်ကာလ မမဘုရားလှည့်ပွဲကာလတွင် ဘုရားလှည့်လည်ပွဲမကျင်းပ ဖြစ်ဘဲ မုခ်ဦးပြုပြင်ပြီးသည့် အထိမ်းအမှတ်အဖြစ် ဘုရားထီးတင်ပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု ဘုရားကျောင်းပူဂျာရီအဖွဲ့က ပြောသည်။ အဆိုပါဟိန္ဒူဘုရားကျောင်းသည် နှစ် ၃၀ ကျော်သက်တမ်းရှိပြီး ၂၀၀၄ ခုနှစ်တွင်တစ်ကြိမ် ၊ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်တွင်တစ်ကြိမ် အကြီးစားမွမ်းမံပြင်ဆင်မှုပြုလုပ်ခဲ့ပြီး ထီးတင်ပွဲတစ်ကြိမ်ကျင်းပခဲ့ဖူးသည်။ ယခုနှစ် ကျင်းပသည့် ဘုရားပွဲ ကို အောက်တိုဘာလ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဘုရားကျောင်းတွင် အပူဇော်ခံမည်ဖြစ်သည်။ ကိုဗစ်ကာလ […]

စစ်ကောင်စီ၏ သန်းခေါင်စာရင်း‌ကောက်ယူမှုနှင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက်တွန်း

Dawei Watch

September 30, 2024

စစ်ကောင်စီက မနက်ဖြန်စတင် ပြုလုပ်မည့် သန်းခေါင်စာရင်းကောက်ယူမှုနှင့် လာမည့်နှစ်တွင် ကျင်းပမည်ဆိုသော ရွေးကောက်ပွဲကို ပြည်သူများ ဆန့်ကျင်ကြရန် တိုက်တွန်းသည့် လှုပ်ရှားမှုများ ထားဝယ်ခရိုင်တွင် ပြုလုပ်ခဲ့ကြသည်။ ယနေ့ (စက်တင်ဘာ ၃၀) နံနက်ပိုင်းက ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်ထောင်စု ကားလမ်းမတစ်နေရာတွင် သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကားလမ်းမပေါ်တွင် ” စစ်ကောင်စီ သန်းခေါင်စာရင်းကို ‌ဆန့်ကျင်ကြ ၊ အတုအယောင် ရွေးကောက်ပွဲကို သပိတ်မှောက်ကြ ” စသည့်စာသားများ ဆေးဖြင့် ရေးသား၍ စာရွက်များကြဲကာ လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လောင်းလုံးမြို့နယ်တွင်လည်း ယနေ့နံနက်ပိုင်း၌ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ကျေးရွာဈေးတစ်ခုတွင် စစ်ကောင်စီကောက်ယူမည့် သန်းခေါင်စာရင်းကို ဆန့်ကျင်ရန် လူထုအသိပေး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သေးသည်။ အောက်တိုဘာလ ၁ ရက်ကစ၍ […]

ထိုင်းတောင်ပိုင်းက မြန်မာဘုန်းကြီးပျံဈာပန

Dawei Watch

September 20, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့တွင် မြန်မာဘုန်းတော်ကြီး၏ ဈာပနာ အခမ်းအနားကို စက်တင်ဘာလ၁၉ ရက် ညက ပြုလုပ်ခဲ့သည်။ ကော့သောင်းခရိုင် ခမောက်ကြီးမြို့ ထုံပရိကျေးရွာရှိ ဓမ္မရတနာတောရ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဥူးပညာသုတသည် ဖန်ငခရိုင်၊ တကွန်ပါမြို့ ဆေးရုံကြီးတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။ ဆရာတော်သည် သက်တော် ၅၃ နှစ်၊ ဝါတော် ၃၃ ဝါရှိပြီဖြစ်သည်။ ဆရာတော်သည် ထိုင်းတောင်ပိုင်း ဖန်ငခရိုင်သို့ ခေတ္တရောက်ရှိနေချိန် နေမကောင်းဖြစ်လာသဖြင့် ဆေးရုံတင်ကုသရာက စက်တင်ဘာလ ၄ ရက်နေ့တွင် ပျံတော်မူသွားခြင်းဖြစ်ပြီး ဥတုဇရုပ်ကလာပ်အား စူရတ်ဌာနီမြို့သို့ ပင့်ဆောင်လာခြင်းဖြစ်သည်။ ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော် မီးသင်္ဂြိုဟ်ပူဇော်အခမ်းအနားအား စူရတ်ဌာနီရှိ ဝပ်ဖိုဝိုင် နာရေးကူညီမှုအသင်းက ဦးဆောင်ပြီး ဝပ်ဖိုဝိုင်ဘုန်းကြီးကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။

အဓမ္မစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြရန် လောင်းလုံးမြို့ပေါ်တွင် ထားဝယ်သပိတ် ကော်မ‌တီဆန္ဒပြ

Dawei Watch

September 17, 2024

အဓမ္မစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြရန် ဆန္ဒပြလှုပ်ရှားမှုကို စစ်ကောင်စီတပ် ခြေကုပ်ယူထားသည့် လောင်းလုံးမြို့ပေါ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီက ယနေ့ ညနေပိုင်းတွင် လုပ်ဆောင်ခဲ့ကြသည်။ “ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” ဘန်နာကိုင်ဆွဲပြီး မြို့ပေါ် အဓိကလမ်းမကြီးပေါ်တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က လောင်းလုံးမြို့ရှိ မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ စစ်ဖက်ရေးရာလုံခြုံရေးရုံး၊ လဝကရုံး တို့အပါအဝင် လူမရှိသည့် အရပ်သားနေအိမ်များထဲ ဝင်ရောက်နေထိုင်ကာ တပ်စွဲထားသည်။

ထားဝယ်ဒေသက မွန်ရိုးရာ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲ

Dawei Watch

September 17, 2024

ရေဖြူမြို့နယ် ၊ ဖောင်းတောကျေးရွာအုပ်စု ၊ ကောင်းမှုရွာက ဘုရားကုန်းတွင် မွန်ရိုးရာသင်္ဘော ဆွမ်းတော်ကြီးတင်ပွဲကို ယနေ့(စက်တင်ဘာ ၁၇) တော်သလင်းလပြည့် နံနက်အရုဏ်တက်တွင် ပြုလုပ်ခဲ့ကြသည်။ နှစ်စဉ် တော်သလင်းလပြည့်တွင် မွန်တိုင်းရင်းသားများရှိရာ အရပ်ဒေသများတွင် သ‌င်္ဘောပုံစံငယ် ဖြင့် မုန့်၊ပန်း ၊ဆီမီးများကို စုပေါင်း၍ ကပ်လှူသည့်ဓလေ့ နှင့် လှည့်လည်သည့် ဓလေ့ ရှိသည်။ ကောင်းမှုရွာတွင် ယနေ့ကျင်းပသည့် သင်္ဘောဆွမ်းတော်ကြီးတင်ပွဲတွင်မူ အဝေးရောက်နေသည့် ဒေသခံများပြားသဖြင့် ဆွမ်းတော်လာရောက် တင်လှူသူ ယခင်နှစ်ထက် ပိုနည်းသည်ဟု ရွာသားများကဆိုသည်။ ထားဝယ်ဒေသရှိ ရပ်ကွက်နှင့်ကျေးရွာအများစုတွင် ဆွမ်းတော်ကြီးတင်ဓလေ့ကို သီတင်းကျွတ်ရောက်မှ ကျင်းပလေ့ရှိသော်လည်း တော်သလင်းလပြည့်တွင် ဆွမ်းတော်ကြီးတင်သည့် ရပ်ကွက်ကျေးရွာများလည်းရှိသည်ဟု ထားဝယ်ဒေသခံများထံက သိရသည်။

နှင်းဆီရောင်အမျိုးသမီးများ သမဂ္ဂ(ထားဝယ်)က သုံးနှစ်ပြည့် လှုပ်ရှားမှုပြုလုပ်

Dawei Watch

August 28, 2024

နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ(ထားဝယ်)က ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှုကို ယနေ့ (သြဂုတ် ၂၈) မနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်) သုံးနှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် “နီရဲတဲ့နှင်းဆီ ငါတို့အားလုံး နီရဲတဲ့နှင်းဆီ” ခေါင်းစဥ်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သည့် ထားဝယ်အမျိုးသမီးလူငယ်များက ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့မှစတင်ကာ နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်(ဖက်ဆစ်တော်လှန်ရေးနေ့)တွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)ကို စတင်ဖွဲ့စည်းလိုက်ပြီး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို စတင်ခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ကို နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ခဲ့သည်။ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်) DDMSC ၏အဖွဲ့ဝင် အင်အားစုတစ်ခုလည်းဖြစ်သည်။

ထိုင်းတောင်ပိုင်းမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ကရင်ရိုးရာလက်ချည်ပွဲ

Dawei Watch

August 11, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမှာ ကရင်ရိုးရာလက်ချည်ပွဲကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ စူရတ်ဌာနီမြို့ရှိ ဝပ်ဖိုဝိုင်ဘုန်းကြီးကျောင်းမှာ ဒီနေ့ ဩဂုတ်လ ၁၁ရက် မနက်က ကျင်းပခဲ့တာပါ။ ထိုင်းတောင်ပိုင်းရောက် ကရင်တိုင်းရင်းသားတွေက ဦးဆောင်ကျင်းပခဲ့တာပါ။ ရိုးရာလက်ချည်ပွဲမှာ ပိုက်ကျော်ခြင်းပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။ စူရတ်ဌာနီခရိုင်မှာ ကရင်တိုင်းရင်းသားတွေအပြင် မွန်နဲ့ ထားဝယ်လူမျိုးတွေအပါအဝင် မြန်မာနိုင်ငံသားအများအပြားက ရွှေ့ပြောင်းလုပ်သားတွေအဖြစ် နေထိုင်နေကြတာပါ။ မြန်မာနိုင်ငံသား အများအပြားရှိတဲ့အတွက် တိုင်းရင်းသားလူမျိုးအလိုက် ရိုးရာပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။

လောင်းလုံးမြို့နယ်တွင် ကျင်းပသည့် ၈၈၈၈ နေ့အခမ်းအနား

Dawei Watch

August 8, 2024

ယနေ့ကျရောက်သည့် ၃၆ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့ အခမ်းအနားကို ထားဝယ်ခရိုင်သပိတ်ကော်မတီမှ ဦးဆောင်ပြီး လောင်းလုံးမြို့နယ်တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို ဖိတ်ကြားထားသည့် တော်လှန်ရေးအဖွဲ့များတက်ရောက်ပြီး အမှတ်တရစကားပြောဆိုခြင်း၊ ကဗျာရွတ်ဖတ်ခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့သည်။ ထိုနောက် ထားဝယ်-လောင်းလုံး- ရှင်မော်သွားကားလမ်းအတိုင်း ချီတက်ပြီး စစ်အာရှင်ဆန့်ကျင်ရေးကြွေကြော်သံတို့ဖြင့် ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။