ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဓာတ်ပုံ သတင်း

တနင်္သာရီတိုင်းအတွင်း လွတ်ငြိမ်းခွင့်ရသူ တစ်ထောင်ကျော်ရှိ

diz_admin

April 17, 2020

မြန်မာနှစ်သစ်ကူး အချိန်တွင် တနင်္သာရီတိုင်းအတွင်း သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်သူ တစ်ထောင်ကျော်ရှိကြောင်း အကျဉ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းခိုင်က ပြောသည်။ တိုင်းအတွင်းရှိ အကျဉ်းထောင် ၃ ခုနှင့် အလုပ်စခန်း ၃ ခုမှ စုစုပေါင်း ၁၁၃၅ ဦး လွတ်ငြိမ်းသက်သာခွင့်ရခဲ့ကြောင်း ၎င်းက ဆိုသည်။ ထိုလွတ်ငြိမ်းခွင့်ရသူများအနက် ကော့သောင်းအကျဉ်းထောင်မှ နိုင်ငံခြား ၉ ဦးပါဝင်ကြောင်း ဦးထွန်းခိုင်က ဆိုသည်။ “(နိုင်ငံခြားသား) ထားဝယ်တို့ မြိတ်တို့မှာ မပါဘူး၊ ကော့သောင်းတစ်ခုပဲပါတယ်”ဟု ဦးထွန်းခိုင်က ပြောသည်။ ထားဝယ်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရသူ ၁၄၅ ဦးရှိပြီး ၎င်းတို့ကို ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံသို့ ကားများဖြင့် ပို့ဆောင်ခဲ့သည်။ ယင်းနေရာမှတစ်ဆင့် မြို့နယ်အလိုက်ပြန်ခွဲကာ သက်ဆိုင်ရာ မြို့နယ်များကို ကားဖြင့်ပြန်ပို့မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး […]

အဝတ်ဖြင့် ပြုလုပ်သော နှာခေါင်းစည်း (Cloth Face Covering) နှင့် ပတ်သက်၍ သိကောင်းစရာများ

diz_admin

April 7, 2020

Download link: https://mohs.gov.mm/Main/content/publication/2019-ncov ရင်းမြစ် _ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန

ယုံကြည်ရာ

diz_admin

March 20, 2020

ကမ္ဘာတစ်ဝန်း ခြေဆန့်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နေကြပုံကတော့ အမျိုးမျိုးပါပဲ။ ထားဝယ်မှာတော့ ဆီးသီး ငါးလုံး၊ သံပရာသီး ငါးလုံး ဘုရားစင်ပေါ် တင်တဲ့ နည်းက ထင်ရှားပါတယ်။ နောက်ပြီး ဒီညနေမှာတော့ အချို့ရပ်ကွက်တွေမှာ ဖယောင်းတိုင် ကိုးတိုင်၊ နံ့သာတိုင် ကိုးတိုင် ထွန်းပြီး ယတြာခြေနေကြပါတယ်။ ယုံကြည်ရာ၊ အားကိုးရာ အမျိုးမျိုးပေါ့လေ။ ဓာတ်ပုံ – ဝေယံစိုး