BREAKING
October 19, 2025

ဓာတ်ပုံ သတင်း

ပုလော ကဒဲရွာတိုက်ပွဲတွင် PDF ရဲဘော်ဖြူဖွေး ကျဆုံး

diz_admin

January 5, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲရွာတွင် ပျူစောထီးအဖွဲ့ကို ပုလော PDF ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့၌ ဝင်ရောက်တိုက်ခိုက်ရာတွင် ကျဆုံးခဲ့သည့် PDF ရဲဘော်ဖြူဖွေး၏ ရုပ်အလောင်းကို ယင်းနေ့ မွန်းလွဲပိုင်းတွင် မြေမြှုပ်သဂြိုဟ်ခဲ့သည်။ ဆက်စပ်သတင်း ပုလော ကဒဲရွာတိုက်ပွဲတွင် PDF ရဲဘော်ဖြူဖွေး ကျဆုံး

မြိတ်က လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲ

diz_admin

January 4, 2022

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မုန့်ကိုက်၊ ဂုံနီအိတ်စွပ်အပြေးပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲတို့အား မြိတ်မြို့ မြိတ်တောင်နယ်မြေ ဇေယျာသီရိ (၄) ရပ်ကွက်တွင် ယနေ့ (ဇန်နဝါရီ ၄) ကျင်းပသည်။ ယင်းပြိုင်ပွဲကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။ မြိတ်မြို့ အခြားနေရာအချို့တွင်လည်း အားကစားပြိုင်ပွဲအချို့ကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကျင်းပကြပြီး ဝင်ပြိုင်သူ နည်းပါးကာ လာရောက်အားပေးသူလည်း အလွန်နည်းကြောင်း မြို့ခံများထံမှ သိရသည်။

အာဏာသိမ်းဂယက်အောက်မှ လွတ်လပ်ရေးနေ့ မောင်းမကန်

diz_admin

January 4, 2022

လွတ်လပ်ရေးနေ့ ဇန်နဝါရီလ ၄ ရက် နေ့လယ်တွင် မောင်းမကန်ကမ်းခြေသို့ လာရောက်သူ နည်းပါးနေခဲ့သည်။ ယခင်နှစ်များက အများပြည်သူရုံးပိတ်ရက်ဖြစ်သည့် လွတ်လပ်ရေးနေ့တွင် ကမ်း‌ခြေ၌ ကြိတ်ကြိတ်တိုး စည်ကားလေ့ရှိသော်လည်း ယခုနှစ်တွင်မူ လာရောက်အပန်း‌‌ဖြေသူ နည်းပါးနေသည်။

‘သူ့ကျွန်ဘဝကလွတ်ခဲ့ပြီ၊ စစ်ကျွန်ဘဝက ရုန်းထွက်ကြ’ ကြွေးကြော်သံဖြင့် လောင်းလုံးမြို့နယ်အတွင်းရှိလူငယ်များ ဆန္ဒထုတ်ဖော်

diz_admin

January 4, 2022

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိလူငယ်များက ယနေ့ ဇန်နဝါရီလ ၄ရက်(လွတ်လပ်ရေးနေ့)တွင် ‘သူ့ကျွန်ဘဝကလွတ်ခဲ့ပြီ၊ စစ်ကျွန်ဘဝက ရုန်းထွက်ကြ’ ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

ထားဝယ်ကို အောက်မေ့သတိရခြင်း

diz_admin

December 15, 2021

အော့မေ့ဟှယ် ထားဝယ် (We Miss Dawei) အမည်ရ ထားဝယ်ကို လွမ်းဆွတ်သတိရခြင်း ပွဲတော် တစ်ခုကို ဒီဇင်ဘာ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည်။ ကိုဗစ်ကပ်ဘေးနှင့် အာဏာသိမ်းမှုအကြား ရပ်ရွာကို မပြန်နိုင်သည့် အခြေအနေတွင် သတိရခြင်း လွမ်းခြင်း အောက်မေ့သတိရခြင်း အထိမ်း အမှတ်အနေနှင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ထားဝယ်မြို့တွင် We Love Dawei စီစဉ်ကျင်းပခဲ့ဖူးသော အဖွဲ့များက ဦးစီးပြုလုပ်ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံရောက် ထားဝယ်တိုင်းရင်းသားများ၊ မြန်မာများနှင့် ထိုင်းပြည်သူ စုစုပေါင်း လေးရာခန့် ဆင်နွှဲခဲ့ကြသည်။ ဓာတ်ပုံ – Razi

တနင်္သာရီ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်

diz_admin

December 10, 2021

မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူရွာနှင့် သာရဘွင်ကျေးရွာတို့တွင် အသွားအလာတိတ်ဆိတ် ခြောက်ကပ်နေသည်ကို ယနေ့ မွန်းလွဲပိုင်းက တွေ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းထားသည့် စစ်ကောင်စီကို ယနေ့ (ဒီဇင်ဘာ ၁၀) ကျရောက်သည့် အပြည်အပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ပြည်သူများက တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silence Strike) လုပ်ကာ ဆန့်ကျင်နေကြသည်။