BREAKING
May 1, 2025

ဓာတ်ပုံ သတင်း

ထားဝယ် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်

diz_admin

December 10, 2021

ထားဝယ်မြို့ လမ်းမများပေါ်တွင် အသွားအလာတိတ်ဆိတ် ခြောက်ကပ်နေသည်ကို ယနေ့ နံနက် ၉ နာရီခွဲ ဝန်းကျင်တွင် တွေ့ရသည့်မြင်ကွင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းထားသည့် စစ်ကောင်စီကို ယနေ့ (ဒီဇင်ဘာ ၁၀) ကျရောက်သည့် အပြည်အပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ပြည်သူများက တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silence Strike) လုပ်ကာ ဆန့်ကျင်နေကြသည်။

လောင်းလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်

diz_admin

December 10, 2021

လောင်းလုံးမြို့ လမ်းမများပေါ်တွင် အသွားအလာတိတ်ဆိတ် ခြောက်ကပ်နေသည်ကို ယနေ့ နံနက် ၉ နာရီကျော်တွင် တွေ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းထားသည့် စစ်ကောင်စီကို ယနေ့ (ဒီဇင်ဘာ ၁၀) ကျရောက်သည့် အပြည်အပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ပြည်သူများက တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silence Strike) လုပ်ကာ ဆန့်ကျင်နေကြသည်။

“စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့၊ စစ်တပ်ထုတ်ကုန် သပိတ်မှောက်စို့”

diz_admin

December 8, 2021

လောင်းလုံးမြို့နယ်တွင် ဒီဇင်ဘာလ ၈ရက် နံနက်ပိုင်းက လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် လူငယ်များက ‘စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့၊ စစ်တပ်ထုတ်ကုန် သပိတ်မှောက်စို့’ ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ စစ်တပ်ထုတ်ကုန်များ ဝယ်ယူသုံးစွဲခြင်းမပြုရေး ကိုလည်းစည်းရုံးလှုံ့ဆော်ခဲ့သည်။

လောင်းလုံး ညသပိတ်

diz_admin

December 7, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၆) ညတွင် ‘ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ’ ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ကြသည်။ ရန်ကုန်သပိတ်စစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က အကြမ်းဖက် ဖြိုခွင်းခံလိုက် သဖြင့် ယနေ့တွင်ပင် လောင်းလုံးမြို့နယ် အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများ နှင့် လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသေးသည်။

ထားဝယ် ညသပိတ်

diz_admin

December 7, 2021

ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရပြီးနောက် တစ်ရက်အကြာ ယနေ့ (ဒီဇင်ဘာ ၆) ညတွင် ထားဝယ်မြို့နယ်၌ စစ်အာဏာရှင် ဆန့်ကျင်ရေးညသပိတ် ပြုလုပ်ကြသည်။ ရန်ကုန်လူထုသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ထိခိုက်ကျ ဆုံးခဲ့ရသော တော်လှန်ရေး ရဲဘော်များအားဂုဏ်ပြုသောအားဖြင့် ထားဝယ် အရှေ့တောဒေသတွင် ‘ရန်ကုန်သွေးတွေ မြေခနေပြီ၊ တပြည်လုံးသွေးတွေ ဆူပွက်ကြဟေ့’ ကြွေးကြော်သံဖြင့် ဆန္ဒထုတ်ဖော်ကြသည်။

ရန်ကုန် သပိတ်ဖြိုခွင်းခံရပြီးနောက် ထားဝယ်တွင် ဆန္ဒပြ

diz_admin

December 5, 2021

ရန်ကုန်သပိတ်စစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ်တွင် အကြမ်းဖက် ဖြိုခွင်းခံလိုက်သည့် ယနေ့တွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများက ဒီဇင်ဘာ ၅ ရက်နေ့ ညတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ ကြည့်မြင်တိုင် ဖြိုခွင်းမှုတွင် ကျဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြသော တော်လှန်ရေးရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် ‘ရန်ကုန်သွေးတွေ မြေခနေပြီ၊ တပြည်လုံးသွေးတွေ ဆူပွက်ကြဟေ့’ ကြွေးကြော်သံဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

မြိတ် သီတင်းကျွတ်

diz_admin

October 20, 2021

မြိတ်မြို့တစ်ဖက်ကမ်း ပထက်ကျေးရွာရှိ ရှင်သာလျောင်းဘုရားတွင် ဘုရားဖူးလာသူများအား နိဗ္မာန်ဈေးအလှူ‌ပေးခြင်း၊ Mask များဖြန့်ဝေ‌ပေးခြင်းကို သီတင်းကျွတ်လပြည့်နေ့က မြိတ်မြို့နယ်သွေးသစ်ပရဟိတလူငယ်များအဖွဲ့မှပြုလုပ်ခဲ့သည်။ Photo-သွေးသစ်ပရဟိတလူငယ်များအဖွဲ့