BREAKING
June 16, 2025

ဓာတ်ပုံ သတင်း

အသံတိတ်နေသည့် သရက်ချောင်းမြို့

diz_admin

February 1, 2022

သရက်ချောင်းမြို့ရှိ လမ်းများတွင် ယနေ့ (ဖေဖော်ဝါရီ ၁) အသွားအလာတိတ်ဆိတ် ငြိမ်သက်နေသည်ကို တွေ့ရသည်။ ယနေ့ နိုင်ငံတစ်ဝန်းတွင် အသံတိတ်သပိတ်ပြုလုပ်နေကြသည်။

အသွားအလာ တိတ်ဆိတ်နေသည့် ကလိန်အောင်မြို့

diz_admin

February 1, 2022

နိုင်ငံတဝန်း အသံတိတ် သပိတ်ပြုလုပ်နေကြသည့် ယနေ့ (ဖေဖော်ဝါရီ ၁) တွင် ကလိန်အောင်မြို့၌လည်း လမ်းများတွင် အသွားအလာ တိတ်ဆိတ်နေသည်ကို တွေ့မြင်ရခြင်းဖြစ်သည်။

မြိတ်မြို့ အသံတိတ်သပိတ်

diz_admin

February 1, 2022

မြိတ်မြို့တွင် ပြည်သူများ ယနေ့ (ဖေဖော်ဝါရီ ၁) အသံတိတ်သပိတ် ပြုလုပ်နေကြသဖြင့် မြိတ်မြို့ပေါ်ရှိ လမ်းများတွင် အသွားအလာ တိတ်ဆိတ်နေသည်ကို နံနက် ၁၁ နာရီဝန်းကျင်တွင် တွေ့မြင်ရခြင်းဖြစ်သည်။

ထားဝယ် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်

diz_admin

February 1, 2022

ထားဝယ်မြို့ လမ်းများပေါ်တွင် အသွားအလာတိတ်ဆိတ် ခြောက်ကပ်နေသည်ကို ယနေ့ (ဖေဖော်ဝါရီ ၁) နံနက် ၉ နာရီခွဲတွင် တွေ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ အာဏာသိမ်းမှု တစ်နှစ်ပြည့်နေ့တွင် ပြည်သူများက တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) လုပ်နေကြခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းတွင် အသတ်ခံရသူ ၆၀ကျော်၊ ဖမ်းဆီးခံရသူ ကိုးရာကျော်ရှိပြီ

diz_admin

January 18, 2022

အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီးအတွင်း ပစ်ခတ်သတ်ဖြတ်ခံရမှုတို့ကြောင့် သေဆုံးသွားသူများ၊ ဖမ်းဆီးခံလိုက်ရ သူများနှင့် ပြစ်ဒဏ်ချခံလိုက်သူများ အရေအတွက်တို့ကို ခရိုင်အလိုက် ဖော်ပြအပ်ပါသည်။ ယခုအချက်အလက်များမှာ အထက်ပါအခြေအနေများကို စာရင်းပြုစုနေသည့် Bee Tenasserim အဖွဲ့ထံမှ ကိုးကားထားခြင်း ဖြစ်ပါသည်။ ယင်းအဖွဲ့က ထုတ်ပြန်ထားသည့် သေဆုံးသူများစာရင်းတွင် ဒလန်၊ ပျူစောထီးဟု စွပ်စွဲသတ်ဖြတ်ခံရသူများ မပါဝင်သဖြင့် ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။ သတင်းအပြည့်အစုံကို အောက်ပါသတင်းလင့်တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။ တနင်္သာရီတိုင်းတွင် ဖမ်းဆီးခံရသူ ကိုးရာကျော်ရှိသည်ဟုဆို တနင်္သာရီတိုင်းတွင် သေဆုံး၊ ဖမ်းဆီးခံ၊ ပြစ်ဒဏ်ချခံရမှု အခြေအနေ

‘အာဏာရှင်ကိုပုန်ကုန် ကရင်နီပြည်လိုတော်လှန်’ ကြွေးကြော်သံဖြင့် လောင်းလုံးမြို့နယ်အတွင်းရှိလူငယ်များ ဆန္ဒထုတ်ဖော်

diz_admin

January 15, 2022

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား/သူများနှင့် လူငယ်များက ‘အာဏာရှင်ကိုပုန်ကန် ကရင်နီပြည်လိုတော်လှန်’ ကြွေးကြော်သံဖြင့် ဇန်နဝါရီလ ၁၅ရက်၊ အာရုဏ်ဦးအချိန်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

စစ်ကောင်စီကို လာတွေ့မည့် ဟွန်ဆန်ကို လောင်းလုံးတွင် ဆန္ဒပြ

diz_admin

January 6, 2022

စစ်ကောင်စီအား အားပေးအားမြှောက်ပြုလုပ်နေသဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ရှုတ်ချ ကြောင်း လောင်းလုံးမြို့နယ်အတွင်းက အခြေခံပညာကျောင်းသူ၊ ကျောင်းသားများနှင့် လူငယ်များက ယနေ့ (ဇန်နဝါရီ ၆) အာရုံဦးတွင် ဆန္ဒပြကြသည်။ ‘ဟွန်ဆန် မြန်မာ့မြေကို လုံးဝ ခြေချခွင့်မရှိစေရ’ ဆိုသည့် ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အာရုံဦးသပိတ်ပြုလုပ်ကြခြင်းဖြစ်သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ မနက်ဖြန် (ဇန်နဝါရီလ ၇) ရက်နေ့တွင် လာရောက်မည် ဖြစ်သည်။

ပုလော ကဒဲရွာတိုက်ပွဲတွင် PDF ရဲဘော်ဖြူဖွေး ကျဆုံး

diz_admin

January 5, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲရွာတွင် ပျူစောထီးအဖွဲ့ကို ပုလော PDF ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့၌ ဝင်ရောက်တိုက်ခိုက်ရာတွင် ကျဆုံးခဲ့သည့် PDF ရဲဘော်ဖြူဖွေး၏ ရုပ်အလောင်းကို ယင်းနေ့ မွန်းလွဲပိုင်းတွင် မြေမြှုပ်သဂြိုဟ်ခဲ့သည်။ ဆက်စပ်သတင်း ပုလော ကဒဲရွာတိုက်ပွဲတွင် PDF ရဲဘော်ဖြူဖွေး ကျဆုံး