အာဏာသိမ်း ၂ နှစ်ပြည့် ဘန်ကောက်တွင် မြန်မာများဆန္ဒပြ
diz_admin
February 1, 2023စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သော ယနေ့တွင် ပြည်တွင်း၌ ပြည်သူများ အသံတိတ်သပိတ်ဆင်နွှဲနေကြသလို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံများလည်း အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြသည်။ ထိုင်းရောက် မြန်မာအလုပ်သမားများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများက ပူးပေါင်းကာ နံနက် ၁၀ နာရီခန့်မှ စတင်၍ ဆန္ဒပြကြခြင်းဖြစ်သည်။ နံနက်ပိုင်းတွင် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင်ဆန္ဒပြကြပြီး နေ့လယ်ပိုင်းတွင် ကုလသမဂ္ဂအဖွဲ့ (UN) ရုံးရှေ့တွင် မြန်မာနိုင်ငံသားများ ပူးပေါင်းဆန္ဒပြကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများထံမှ သိရသည်။ “ငါတို့တိုင်းပြည်ကို မတရားသိမ်းယူထားတာ ၂ နှစ်ရှိပြီ။ ကျွန်တော်တို့ လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်တာလည်း ၂ နှစ်ရှိခဲ့ပြီ။ ဒီနေ့ကို ဘယ်လိုမှ မေ့လို့ရမှာ မဟုတ်ဘူး” ဟု ဆန္ဒပြရာတွင် ပါဝင်နေသည့် ပုလောဒေသခံတစ်ဦးက ပြောသည်။ ‘အာဏာရှင် နိဂုံး ၂၀၂၃’ […]