ကိုဗစ်ကာလနောက်ပိုင်း ထားဝယ်တန်ဆောင်တိုင် ပထမဆုံးအကြိမ် ညဘက်ဘုရားလှည့်
Dawei Watch
November 3, 2025ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲအား ကိုဗစ်ကာလတွင် ရပ်နားခဲ့ပြီး ယခုနှစ်တွင် ပထမဆုံးအကြိမ် ညဘက်ပြန်လည်ကျင်းပသည်။ ကိုဗစ်ကာလ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲအား ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့သော်လည်း နေ့ဘက်သာ ကျင်းပခဲ့သည်။ ယနေ့ တန်ဆောင်မုန်းလဆန်း ၁၄ ရက် (နိုဝင်ဘာလ ၃ ရက်) ညနေ ၆ နာရီကစပြီး ထားဝယ်ဘုရားကြီးဝင်းမှ နှစ်ကျိပ်ရှစ်ဆူဘုရားများနှင့် ကိုယ်စားတော်များ ထားဝယ်မြို့တွင်း ညလုံးပေါက် လှည့်လည်အပူဇော်ခံနေသည်။ နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဘုရားတံကဲ၊ မီးဖောင် နှင့် ဘုရားကားများတွင် မိုးရေဒဏ်ခံနိုင်ရန် အကာအကွယ်များ ကြိုတင်ပြင်ဆင်ထားသည်ကို တွေ့ရသည်။ ဘုရားလှည့်ပွဲဖွင့်ပွဲ ပြုလုပ်သည့် ညနေပိုင်းတွင် မိုးမရွာခဲ့ဘဲ ဘုရားလှည့်လည်သည့် ညပိုင်းတွင် မိုးအနည်းငယ်ရွာနေ ကြောင်း မြို့ခံများက ပြောသည်။ ဘုရားလှည့်ရာတွင် ယခင်ကာလဘုရားပွဲများကဲ့သို့ ဒေဝါဝင်း […]


