BREAKING
October 20, 2025

ဓာတ်ပုံ သတင်း

တောင်ပျောက်တိုက်နယ်တွင် ရိုးရာနတ်ပွဲကျင်းပ

Dawei Watch

December 19, 2023

နတ်ပွဲကျင်းပသည့်အချိန် ရောက်လာသည့်နှင့်အညီ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ် ကျွဲခြံရွာတွင်လည်း ရွာရှင်နတ်ပူဇော်ပွဲကို ယနေ့ကျင်းပခဲ့ကြသည်။ အာဏာမသိမ်းခင်က စည်းစည်းကားကားကျင်းပလေ့ ရှိသော်လည်း ယခုတွင်တော့ အကျဉ်းချုံးသာ ကျင်းပခဲ့ခြင်းဖြစ်သည်။ ရွာရှင်နတ်ပွဲ ကျင်းပသည့်အိမ်တွင် ထမင်းဟင်း၊ မုန့်ပဲ‌သရေစာများချက်ပြုတ်ကာ ကွမ်းသီးပင်မှရသည့် ဘုတ်ဖတ်ကို ပန်းကန်အဖြစ် အသုံးပြုစားသောက်ကြခြင်းဖြစ်သည်။ ကွမ်းသီးပင်ဘုတ်ဖတ်ကို ထမင်းဟင်း၊ မုန့်ပဲသရေစာများထည့်ပြီး စားသုံးကြသည်မှာ ကျွဲခြံရွာ၏ ဓလေ့လိုပင်ဖြစ်နေပြီဖြစ်သည်။ အာဏာမသိမ်းခင်ကမူ ကျွဲခြံရွာ ရွာရှင်နတ်ပူဇော်ပွဲတွင် ဝက်ဆီတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဘောလုံး၊ ဘော်လီ‌ဘောပြိုင်ပွဲ စသည့် အားကစားပွဲများကို ထည့်သွင်းပြီး ၃ ရက်မှ ၄ ရက်အထိကျင်းပကြသည်။ ကျွဲခြံရွာသည် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲတွင်တည်ရှိပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသဖြစ်သည်။

ထားဝယ်တွင် ဒေသခံပန်းချီဆရာများ၏ ပန်းချီပြပွဲ ပြုလုပ်

Dawei Watch

December 17, 2023

ထားဝယ်မြို့၊ လှိုင်းခတ်သံပန်းချီပြခန်းတွင် ဒေသခံပန်းချီဆရာ ၈ ဦး၏ ပန်းချီပြပွဲကို ဒီဇင်ဘာလ ၁၄ ရက်မှ ၁၇ ရက်နေ့အထိ ၄ ရက်တာ ကျင်းပနေသည်။ ပြပွဲတွင် ပန်းချီကားရောင်းချခြင်းနှင့်အတူ လက်တွေ့ပန်းချီ ရေးဆွဲပြခြင်းများလည်း ထည့်သွင်းပြုလုပ်နေသည်။ ယခုပန်းချီပြပွဲသည် ကိုဗစ်ကပ်ဘေးကာလနောက်ပိုင်း ထားဝယ်မြို့တွင် ပထမဆုံးပြန်လည်ကျင်းပသည့် ပန်းချီပြပွဲ ဖြစ်သလို လှိုင်းခတ်သံပန်းချီပြခန်း၏ ပွဲဦးထွက်ပန်းချီပြပွဲလည်းဖြစ်သည်။

မဲ​ဆောက်တွင် ဂီတ​ဖျော်​ဖြေပွဲ ကျင်းပ

Dawei Watch

December 10, 2023

ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့တွင် ဒီဇင်ဘာလ ၉ ရက်၊ ညက ပြည်တွင်း၊ ပြည်ပ နှင့် နယ်စပ်ဒေသရှိ ကရင်​တေးသံရှင်များစွာပါဝင်သည့် Karen Music Festival တေးဂီတ ဖျော်ဖြေပွဲ ကျင်းပခဲ့သည်။

ထားဝယ်တွင် ကျောင်းသားများစုပေါင်း၍ အမျိုးသားနေ့အခမ်းအနား ကျင်းပ

Dawei Watch

December 8, 2023

၁၀၃နှစ်မြောက် အမျိုးသားနေ့အခမ်းအနားကို ဘဝသစ်ပြည်သူ့အခြေပြုပညာရေးကျောင်း နှင့် ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်း၍ ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတွင် လေကြောင်းအန္တရာယ်ကာကွယ်ရေး သင်တန်းပေး

Dawei Watch

December 7, 2023

တနင်္သာရီမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိန်းချုပ်နယ်မြေအတွင်း၌ လေကြောင်းအန္တရာယ် ကာကွယ်ရေးသင်တန်းများ ပြုလုပ်နေသည်ကိုတွေ့ရစဉ်။

လောင်းလုံးတွင် သပိတ်လှုပ်ရှားမှု ပြုလုပ်

Dawei Watch

December 3, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မှ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ​လောင်းလုံးမြို့နယ်တွင် ယ​နေ့ပြုလုပ်ခဲ့သည်။ ‘အာဏာရှင်စနစ် အဆုံးသတ်က၊ လူထုသာလျှင် အဓိက’ စာသားပါဘန်နာကိုင်ကာ ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း ချီတက်ခဲ့ကြသည်။

လောင်းလုံးဘုရားလှည့်ပွဲ

Dawei Watch

November 28, 2023

‌လောင်းလုံးမြို့ ဘုရားလှည့်ပွဲကို ယနေ့(နိုဝင်ဘာ) နံနက်စောစောမှစကာ မြို့အတွင်းလှည့်လည် အပူဇော်ခံနေသည်။ အဆိုပါဘုရားပွဲကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပခဲ့ပြီး ထားဝယ်မြို့ပေါ် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲထက် တစ်ရက်နောက်ကျပြီး ကျင်းပလေ့ရှိသည်။ ဘုရားလှည့်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် လောင်းလုံးမြို့အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကား မိုင်းခွဲပစ်ခတ်ခံရသည်။

စိုးရိမ်မှုများကြားက ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ

Dawei Watch

November 26, 2023

ထားဝယ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကို ယနေ့(နိုဝင်ဘာ ၂၆)နံနက်ပိုင်းမှစတင်ကာ အပူဇော်ခံ လှည့်လည်နေပြီဖြစ်သည်။ ဒေသတွင်းအစည်ကားဆုံး ပွဲတော်တစ်ခုဖြစ်သည့် ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲမှာ ပုံမှန်အားဖြင့် ညဘက်တွင်ကျင်းပကြသော်လည်း ယခုနှစ်တွင် နံနက်ပိုင်းသို့ပြောင်းရွှေ့ ကျင်းပနေခြင်းဖြစ်သည်။ ယနေ့ဘုရားလှည့်ပွဲမတိုင်ခင် နံနက် ၆ နာရီဝန်းကျင်က ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားအနီးတွင် လက်နက်ကြီးပေါက်ကွဲသံများ ထွက်ပေါ်ခဲ့သေးသည်။ မြို့ထဲတွင်မူ စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့်လမ်းဆုံ၊ လမ်းခွများတွင် စောင့်ကြပ်နေကြသည်။ ယင်းအပြင် အရတ်ဝတ်လက်နက်ကိုင် အချို့ကိုလည်း တွေ့ရသည်ဟု မြို့ခံအချို့ကဆိုသည်။ ပေါက်ကွဲသံထွက်ပေါ်လာခြင်းကြောင့် ဘုရားလှည့်လိုက်မည့်သူများမှာ စိုးရိမ်နေခဲ့သော်လည်း ဘုရားလှည့်ပွဲကိုမူ စီစဉ်ထားသည့်အတိုင်း မြို့တွင်းအပူဇော်ခံကြွချီနေပြီဖြစ်သည်။ ယင်းဘုရားပွဲတော်ကို ကိုဗစ်နှင့်အာဏာသိမ်းမှုနောက်ပိုင်း မကျင်းပဖြစ်တော့ဘဲ ပြီးခဲ့သည့်နှစ် (၂၀၂၂ ခုနှစ်)တွင်မူ ဘုရားကြီးဝင်းအတွင်း နေ့ဘက်လှည့်လည်ကျင်းခဲ့သည်။ ယခု ၂၀၂၃ ခုနှစ်တွင်တော့ မြို့တွင်းသို့ နေ့ဘက်လှည့်လည် အပူဇော်ခံနေခြင်းဖြစ်သည်။ ယနေ့ တန်ဆောင်မုန်းလဆန်း […]