ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဓာတ်ပုံ သတင်း

သရက်ချောင်းတွင် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်

Dawei Watch

June 19, 2024

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်၏ ၇၉ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်း၏အဆိုအမိန့်တစ်ခုဖြစ်သော “စစ်မှန်တဲ့ လွတ်လပ်မှုဆိုတာ အကြောက်တရားမှ လွတ်မြောက်ရေးဖြစ်တယ်” ခေါင်းစဥ်ဖြင့် လူထုသပိတ် လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ယနေ့(ဇွန် ၁၉)တွင်ပြုလုပ်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၏ အဖွဲ့ဝင်ဖြစ်သည့် သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီထံ လေယာဉ်ဆီမရောင်းရန် လောင်းလုံးနှင့် သရက်ချောင်းတွင် ဆန္ဒပြ တောင်းဆို

Dawei Watch

May 11, 2024

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် နှင့် သရက်ချောင်းမြို့နယ်တို့တွင် ယနေ့ မေလ ၁၁ ရက် ညနေပိုင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများ ပြုလုပ်ကြသည်။ အဆိုပါလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီနှင့် သရက်ချောင်မြို့နယ် သပိတ်ကော်မတီတို့က ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ စစ်ကောင်စီထံ လေယာဉ်ဆီ‌ရောင်းချနေမှုကို အမေရိကန်၊ ယူကေနှင့် ဥရောပသမဂ္ဂတို့က ပိတ်ပင်တားဆီးပေးရန် တောင်းဆိုဆန္ဒပြကြခြင်းဖြစ်သည်။ “USA, UK, EU_ Ban The Export of jet fuel to Myanmar”၊ “USA၊ UK၊ EU _ မြန်မာနိုင်ငံသို့ လေယဉ်ဆီတင်ပို့မှုကို တားဆီးပိတ်ပင်ပါ” ကြွေးကြော်သံဖြင့် တောင်းဆိုခဲ့ကြသည်။ မေလ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်များတွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် […]

သရက်ချောင်းတွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုပြုလုပ်

Dawei Watch

May 8, 2024

ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်တွင် ယနေ့ (မေ ၈)​ နေ့လယ်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် အာဏာဖီဆန်ရေး ဆန္ဒပြလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြသည်။ “လူထုအာဏာတည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက်” ဘန်နာကို ကိုင်စွဲကာ မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်တွင် ကြွေးကြော်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ယင်းလှုပ်ရှားမှုကို ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) နှင့် သရက်ချောင်းမြို့နယ် သပိတ်ကော်မတီက ဦးဆောင် ပြုလုပ်ခဲ့ကြသည်။ မေလ ၇ ရက်ညကလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက သရက်ချောင်းမြို့နယ်တွင် တော်လှန်ရုပ်ရှင်ပြပွဲ နှင့် မြေမြုပ်မိုင်း၊စစ်ကျန်လက်နက်အန္တရာယ်အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သေးသည်။

ထားဝယ်မြို့က မားစောပို့ တရုတ်ဘုရားကျောင်း နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲကျင်းပ

Dawei Watch

May 1, 2024

ထားဝယ်မြို့ ၊ တလိုင်းထိန်ရပ်ကွက်ရှိ သက်တမ်းရှည် မားစောပို့(ခ)မားကျော့ တရုတ်ဘုရားကျောင်းက နှစ် ၁၅ဝ ပြည့်အထိမ်းအမှတ် ပူဇော်ပွဲကို ဧပြီလ ၃၀ ရက်စ၍ မေလ ၂ ရက်အထိ ဘုရားကျောင်းဝင်းအတွင်း နဂါး၊ခြင်္သေ့၊ အရုပ်အကများဖြင့် ၃ ရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။ ပွဲတော်ရက်တွင်လာရောက်ပူဇော်ကန်တော့သူများအပြင် မုန့်အာဟာရ လာရောက်လှူဒါန်းနေသူများလည်းရှိကြောင်း ပူဇော်ပွဲသွားရောက်သူများက ဆိုသည်။ ဟုတ်လင် မားစောပို့ ဘုရားကျောင်းသည် ၁၈၇၄ ခုနှစ်တွင် သစ်သားကျောင်းဆောင်ဖြင့် စတင်တည်‌ဆောက်ခဲ့၍ ယနေ့တွင် နှစ် ၁၅ဝ သက်တမ်းသို့ရောက်ရှိပြီဖြစ်သည်။ ပင်လယ်ပြင်ကိုစောင့်ရှောက်သည်ဟု တရုတ်လူမျိုးများယုံကြည်ကိုးကွယ်သော မားကျော့မယ်တော်ကို ထားဝယ်နှင့် မြိတ်ဒေသတွင် မားစောပို့မယ်တော်ဟု ခေါ်ဝေါ်ကြသည်။ မြိတ်မြို့တွင်လည်း မေလ ၁ ရက်တွင်ပင် ၊ မားစောပို့ မယ်တော်မြို့တွင်း လှည့်လည်ပူဇော်ပွဲကို ကျင်းပနေသည်။ Photo – […]

မြန်မာနှစ်ဆန်းတစ်ရက်နေ့ ညနေပိုင်း ထားဝယ်ဘုရားကြီးမြင်ကွင်း

Dawei Watch

April 17, 2024

ယနေ့ကျရောက်သည့် မြန်မာနှစ်ဆန်း တစ်ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးတွင် ဘုရားဖူးလာသူများနှင့် စည်ကားနေသည်ကို တွေ့ရသည်။ အာဏာမသိမ်းခင်က ထားဝယ်မြို့နယ် အတွင်းရှိ မောင်မယ်ရှောင်၊ ဇဟာလမ်းပိုင်းများနှင့် ထားဝယ်မြို့တွင်း နေရာအများစုတွင် နှစ်ဆန်း ၁ရက်နေ့ ညနေပိုင်းအထိ သင်္ကြန်ရေပက်ကစားကြသည်။ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်စ၍ နောက်ပိုင်းတွင် ရေပက်ကစားသည်ကို တွေ့ရခြင်း မရှိတော့ပေ။ သို့သော် အာဏာသိမ်းမှု လေးနှစ်မြောက်ဖြစ်သည့် ယခုနှစ် ညနေပိုင်းတွင် ထားဝယ်မြို့၏ ဥဿာရံရပ်ကွက်နှင့် ဝဲကျွန်းရပ်ကွယ် များတွင် ယနေ့ ညနေ ၇ နာရီအထိ သင်္ကြန်ရေပက်ကစားနေကြသည်ကိုတွေ့ရသည်။

ထားဝယ်မြို့ နှစ်ဆန်းတစ်ရက် ဘုရားသွားကျောင်းတက်မြင်ကွင်းများ

Dawei Watch

April 17, 2024

ထားဝယ်မြို့ ရွှေတောင်စားစေတီ ၊ လောကမာရဇိန်ဘုရားကြီး နှင့် ရှင်ကိုးရှင်စာရင်းဝင် ရှင်ပင်ခရုစေတီ ဘုရားတို့တွင် ဧပြီ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက် ဘုရားသွားကျောင်းတက် မြင်ကွင်းပုံရိပ်များကို ဖော်ပြလိုက်ပါသည်။ အတာအိုးလာရောက်ပို့ဆောင်သူ ၊ ဘုရားဖူးလာရောက်သူများတွေ့ရပြီး စတုဒီသာလှူဒါန်းနေသူများကိုမူ မမြင်တွေ့ရပေ။ နှစ်ဆန်းတစ်ရက် နံနက်ပိုင်းထက် ညနေပိုင်းတွင် အတာအိုးလာရောက်ပို့ဆောင်သူပိုများနိုင်ကြောင်း ဘုရားဖူးလာသူများက ဆိုသည်။ ထားဝယ်ဒေသက ရပ်ကွက်နှင့် ကျေးရွာအချို့တွင် နှစ်ဆန်းတစ်ရက်ညနေပိုင်းအထိ အတာအိုးပို့ပြီး ပြန်လာသူများအား ရေပက်သည့် ဓလေ့ရှိသော်လည်း ကိုဗစ်နှင့်အာဏာသိမ်းပြီးနောက် ယင်းဓလေ့လည်း ပျောက်ကွယ်လုဆဲဆဲအခြေအနေတွင် ရှိသည်။

စစ်ကောင်စီ မဏ္ဍပ်ပဲရှိခဲ့တဲ့ ထားဝယ်သင်္ကြန်

Dawei Watch

April 16, 2024

ထားဝယ်က နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်မှာ ပုဂ္ဂလိကဖျော်ဖြေမဏ္ဍပ်တွေ မပါရှိဘဲ စစ်ကောင်စီ မဏ္ဍပ်တွေပဲ ရှိခဲ့ပါတယ်။ သင်္ကြန်အကြိုနေ့ကစ၍ သင်္ကြန်အတက်နေ့အထိ စစ်ကောင်စီက စီစဥ်ထားတဲ့ ဖျော်ဖြေရေးမဏ္ဍပ် သုံးခုနဲ့ ကျင်းပခဲ့တာပါ။ အဲဒီထဲက ဗဟိုမဏ္ဍပ်မှာပဲ လာရောက်ရေကစားသူတွေ များခဲ့ပါတယ်။ အခုနှစ်သင်္ကြန်မှာ စစ်ကောင်စီက မြို့နယ်အဆင့်ဖျော်ဖြေရေးမဏ္ဍပ်တွေကို တည်ဆောက်ခြင်း မပြုတော့ဘဲ ထားဝယ်မြို့ပေါ် ရှိတဲ့ တိုင်းရဲတပ်ဖွဲ့ရုံးအနီးမှာပဲ မဏ္ဍပ်တွေ ဆောက်လုပ်ခဲ့တာပါ။ စစ်ကောင်စီက သင်္ကြန်မတိုင်မီကတည်းက သင်္ကြန်စည်ကားစေဖို့အတွက် သင်္ကြန်လည်မယ့်သူတွေကို ငွေပေးငှားရမ်းတာတွေ လုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ထားဝယ်မြို့တွင်းမှာ ကလေးသင်္ကြန်ရက် ဧပြီ ၁၁ ရက်ကတည်းစ၍ ရေကစားသူတွေရှိခဲ့ပေမယ့် ကိုဗစ်မတိုင်မီ ကာလကဲ့သို့ စတုဒီသာမဏ္ဍပ်၊ ပုဂ္ဂလိကမဏ္ဍပ်နှင့် အုန်းလက်ရေကစားမဏ္ဍပ်တွေနဲ့ စည်စည်ကားကား ကျင်းပကြတာကိုတော့ မတွေ့ရတော့ ပါဘူး။ သင်္ကြန်ရက်တွေအတွင်းမှာဆိုရင် ထားဝယ်မြို့အဝင်ဂိတ်တွေအနီးမှာရှိတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က […]

သင်္ကြန်အတက်နေ့ ကံပေါက်ဒေသ သင်္ကြန်မြင်ကွင်း

Dawei Watch

April 16, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ မြင်ကွင်းများကို စုစည်းဖော်ပြလိုက်ပါသည်။ သင်္ကြန်အကြိုနေ့ကစ၍ ရေကစားသူများရှိခဲ့ပြီး ဘေးတွဲဆိုင်ကယ်တွေနဲ့ သင်္ကြန်လည်ခဲ့သူတွေလည်း ရှိကြသည်။ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားခံရသည့် တစ်ခုတည်းသော ဒေသဖြစ်သဖြင့် ဘေးတွဲဆိုင်ကယ်များဖြင့် သင်္ကြန်လည်ရသည်မှာလည်း ကံပေါက်သင်္ကြန်၏ ထူးခြားချက်ဖြစ်သည်။ ကိုဗစ်ကာလနှင့် အာဏာသိမ်းကာလတွင် ကံပေါက်သင်္ကြန်၌ ဖျော်ဖြေရေးမဏ္ဍပ်နှင့် ဘုန်းကြီးကျောင်း၊ ရပ်ကွက်အုပ်စုအလိုက် ထွက်ကြသည့် မြေဝိုင်းဖျော်ဖြေရေးယဥ်ကျေးမှုလည်း ပျောက်ကွယ်သွားခဲ့သည်။ ယခုနှစ်သင်္ကြန်သည် ကံပေါက်ဒေသတွင် ကိုဗစ်ကာလနောက်ပိုင်း ရေကစားသူပြန်ရှိလာသည့် သင်္ကြန်ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။