ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ၃ နှစ်ပြည့်လှုပ်ရှားမှုပြုလုပ်
Dawei Watch
February 28, 2024ထားဝယ်သပိတ် အကြမ်းဖက်ဖြိုခွင်းခံရခြင်း သုံးနှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို လောင်းလုံးမြို့နယ်မှာ ဒီနေ့ (ဖေဖော်ဝါရီ ၂၈) ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ လူထုလမ်းလျှောက်သပိတ်အပါအဝင် ကဗျာရွတ်တာနဲ့ အမှတ်တရ စကားပြောတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအပြင် ၂၀၂၁ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အသက်ပေးကျဆုံးသွားကြသူ လေးဦးအပါအဝင် နွေဦးတော်လှန်ရေးအတွင်း အသက်ပေးကျဆုံးသွားသူတွေကို လွမ်းသူပန်းခွေများနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။ ယခုနှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားကို ဒေသခံ ရာချီပါဝင်ခဲ့ကြပါတယ်။