ထားဝယ်တွင် တရားရုံးအသုံးပြုသူများ စိတ်ကျေနပ်မှု စစ်တမ်းကောက်
diz_admin
January 14, 2020နိုင်ငံတဝန်း မှုခင်းစီမံခန့်ခွဲမှု အစီ အစဉ်အရ ကောက်ယူလေ့ရှိသည့် တရားရုံးအသုံးပြုသူများ စိတ်ကျေနပ်မှု ရှိ/မရှိ စစ်တမ်းကို ထားဝယ်မြို့နယ် တရားရုံးနှင့် ထားဝယ်ခရိုင်တရားရုံး တို့တွင် ဇန်နဝါရီလ ၁၀ ရက်(တစ်ရက် တာ) အတွင်း ယင်းတရားရုံးကို လာရောက်သူများထံတွင် ကောက်ခံခဲ့သည်။ တရားရုံးကို လာရောက်သူများတွင် ရဲ၊ ရှေ့နေ၊ ဥပဒေအရာရှိ၊ သက်သေ၊ အမှုသည်များ၊ တရားရံးဝန်ထမ်း၊ အခြား ကိစ္စ တစ်ခုခုဖြင့် တရားကိုလာရောက်သူများ အားလုံးပါဝင်ကြောင်း ယင်း စစ်တမ်းမေးခွန်းလွှာတွင် ဖော်ပြထားသည်။ တရားရုံးစစ်တမ်းမေးခွန်းလွှာတွင် ပါဝင်သည့် ဖြေဆိုရမည့်အချက်များမှာ တရာရုံးကို လာရောက်ရန် လွယ်ကူသည်၊ တရားရုံးတွင် လုံခြုံသည်၊ တရားရုံးတွင် သတင်းအချက်အလက်တွေကို အလွယ် တကူရရှိသည်၊ အမှုစစ်တရားသူကြီးများသည် မျှတသိမ်မွေ့စွာ အမှုများကို ကြားနာပါသည် စသည့်အချက်များ ပါဝင်သည်။ […]


