ကိုယ်ပိုင်ကျောင်းကြီးကြပ်အုပ်ချုပ်သူ၏ ပညာအရည်အချင်း သတ်မှတ်ချက် ထုတ်ပြန်
diz_admin
March 3, 2020ကိုယ်ပိုင်ကျောင်းများတွင် ကြီးကြပ် အုပ်ချုပ်သူခန့်ထားရာတွင် အခြေခံ ပညာဦးစီးဌာနက ခန့်ထားသော မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် အလိုက် ကျောင်းအုပ်ကြီးများ၏ ပညာအရည်အချင်းသတ်မှတ်ချက် အတိုင်း ခန့်အပ်ရမည်ဖြစ်ကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။ ယင်းသို့ ခန့်အပ်ရန်အတွက် အခြေခံ ပညာဦးစီးဌာနက ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ညွှန်ကြားထား ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ကိုယ်ပိုင်ကျောင်း ကြီးကြပ်အုပ်ချုပ် သူခန့်ထားရာတွင် အနည်းဆုံးအဆင့် BE.d ပညာရေးဘွဲ့ရရှိထားသူ၊ အငြိမ်းစား အထက်တန်းကျောင်းအုပ်၊ အလယ်တန်း ကျောင်းအုပ် ဆရာ၊ ဆရာမများနှင့် ပညာရေးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးများ စသဖြင့် ပညာရေးဘွဲ့ရရှိ ထားသူများကို ခန့်ထားနိုင်ကြောင်း တိုင်းပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်စိုးက ဆိုသည်။ တနင်္သာရီတိုင်းမှ ကိုယ်ပိုင်ကျောင်းများမှာ စတင်တည်ထောင်စဉ်ကတည်းကပင် တိုင်းပညာရေးမှူးရုံးမှ […]


