ဒေါက်တာလဲ့လဲ့မော်အမှု အပြီးသတ်ကြားနာတော့မည်
diz_admin
May 4, 2020အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှုကို အပြီးသတ်ကြားနာတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီးတရားလွှတ်တော်ရုံးထံမှ သိရသည်။ စတင်တရားစွဲဆိုချိန်မှ ၁၃ လကျော်အကြာတွင် နှစ်ဘက်အပြီးသတ်လျှောက်လဲချက် ကြားနာမည်ဖြစ်သည်။ တရားခံရှေ့နေဘက်က မူလကခံပြသက်သေ ၂၄ ဦး စစ်ဆေးရန် တင်သွင်းထားသော်လည်း ၁၁ ဦးကိုသာစစ်ဆေးပြီးနောက် တရားခံရှေ့နေများကိုယ်တိုင် ပယ်ခဲ့ခြင်း ဖြစ်သည်။ ဧပြီလ ၃၀ ရက် နောက်ဆုံးရုံးချိန်းတွင် လက်ရှိဝန်ကြီးချုပ်ဦးမြင့်မောင်နှင့် အခြားသက်သေနှစ်ဦးကိုလည်း တရားခံပြသက်သေအဖြစ် စစ်ဆေးခဲ့သည်။ အမှုကို ၂၀၁၉ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် စတင်တရားစွဲခြင်းဖြစ်ပြီး ရုံးချိန်း ၆၀ ခန့် စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ ၈၈ ဦးကို စစ်ဆေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မေလ ၈ ရက်နေ့ ရုံးချိန်းတွင် နှစ်ဘက်အပြီးသတ်လျှောက်လဲချက်ကို ကြားနာမည်ဖြစ်ကြောင်း တိုင်းတရားလွှတ်တော် […]


