တနင်္သာရီတိုင်းတရားသူကြီးချုပ် အနားယူ
diz_admin
May 18, 2020တနင်္သာရီတိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ် ဦးတင်အောင်သည် သက်ပြည့် ပင်စင်ဖြင့် မေလ ၁၅ ရက်နေ့တွင် အငြိမ်းစားယူသွားကြောင်း တိုင်းတရားလွှတ်တော် ရုံးထံမှ သိရ သည်။ ဦးတင်အောင်သည် အသက် ၆၅ နှစ်ပြည့်သွားသည့်အတွက် အငြိမ်းစား ယူသွားခြင်းဖြစ်သည်။၎င်းသည် တရားသူကြီးချုပ်အဖြစ် ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း တိုင်း တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။ ဦးတင်အောင် အငြိမ်းစားယူသွား သည့်အတွက် တရားလွှတ်တော် တရားသူကြီး ဦးခင်မောင်မောင်က ခေတ္တတရားသူကြီးချုပ် အဖြစ် တာဝန်ယူထားကြောင်း ၎င်းက ပြောသည်။ ဦးခင်မောင်မောင်သည် တနင်္သာရီ တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်အမှုကို စစ်ဆေးနေသူလည်း ဖြစ်သည်။ ဒေါက်တာလဲ့လဲ့မော် အမှုကို မေလ ၂၂ ရက်နေ့တွင် အမိန့်ချမည်ဖြစ် သည်။ […]


