မျိုးစေ့ဓာတ်ခွဲခန်း အသုံးပြု မရသေး
diz_admin
February 25, 2020တနင်္သာရီတိုင်း၏ တစ်ခုတည်းသော မျိုးစေ့ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲခန်းသုံး ပစ္စည်းများ မရှိသေးသဖြင့် သုံးစွဲ မရသေးကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။ ယင်းမြို့စေ့ဓာတ်ခွဲခန်း အဆောက် အဦကို ထားဝယ်မြို့ အမှတ် (၂) အထက် တန်းကျောင်းအနီးတွင် ၂၀၁၉ ခုနှစ်က ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ယင်းဓာတ်ခွဲခန်းပစ္စည်းများ ဝယ်ယူ နိုင်ရေးအတွက် ရန်ပုံငွေကို လာမည့် ၂၀၂၀- ၂၁ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန် တင်ပြထားဆဲဖြစ်ကြောင်း အထက်ပါ ဌာန ဒုတိုင်းဦးစီးမှူး ဦးစန်းလွင်က ပြောသည်။ “အဆောက်အဦပဲ ရှိသေးတယ်။ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ မရှိသေးလို့ လောလောဆယ် အသုံးပြုလို့မရသေးဘူးပေါ့”ဟု ၎င်းက ဆိုသည်။ တိုင်းအတွင်း သီးနှံအမျိုးမျိုးတွင် ကျရောက်လေ့ရှိသည့် ပိုးမွှားရောဂါ ဓာတ်ခွဲခန်း၊ လယ်မြေ၊ ဥယျာဉ်မြေ စသည့် […]