ထားဝယ်ခရိုင်တွင် ကျောက်ထုတ် လိုင်စင် တစ်ရာကျော်
diz_admin
February 25, 2020ထားဝယ်ခရိုင်အတွင်း ကျောက် ထုတ်လိုင်စင် တစ်ရာကျော်ရှိပြီး ယင်း လုပ်ငန်းများမှ အခွန်ငွေ ကျပ်သိန်း တစ်ထောင့်တစ်ရာကျော် ရရှိခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်တွင် ခရိုင်အတွင်း လမ်းခင်းကျောက်၊ ကျောက်စရစ် စသည့် ကျောက်ထုတ်လိုင်စင် ၁၂၃ ခု ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင် စိုးမိုးက ဆိုသည်။ ယင်းလုပ်ငန်းများမှ ထုတ်လုပ် သည့် ကျောက်ကျင်းအရေအတွက်ကို လုပ်ငန်းခွင်အတွင်းရှိ လုပ်သားဦးရေ၊ ထုတ်လုပ်နိုင်မှု ပမာဏတို့ကို စိစစ်ကာ ထုတ်လုပ်သည့်ပမာဏကို စောင့်ကြည့် ကြောင်း ဦးအောင်စိုးမိုးက ပြောသည်။ အဆိုပါ ကျောက်ထုတ်လုပ်ငန်းများတွင် ကျောက်တစ်ကျင်း(၁၀၀ ကုဗပေ)လျှင် အခွန်ငွေ ၂၅၀၀ ကျပ်နှုန်းကောက်ခံနေကြောင်း ၎င်းက ဆိုသည်။ “မကြာခင်တော့ အခွန်နှုန်းထား ပြန်မြှင့်ဖို့ အနေအထားလေးတော့ […]