ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

မင်းရပ်ကျေးရွာတွင် မီးလင်းရေးရန်ပုံငွေ ဖြတ်တောက်ခံရသည့်ကိစ္စ ကုမ္ပဏီက ပြန်ရှင်းပြမည်ဟုဆို

diz_admin

June 8, 2020

လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာတွင် ကျေးရွာရန်ပုံငွေအဖြစ် လစဉ်ရရှိနေသောငွေကိစ္စကို မည်သည့်အတွက်ကြောင့် ဖြတ်တောက်ရသည်ကို ကုမ္ပဏီက ရှင်းပြမည်ဖြစ်ကြောင်း သိရသည်။ မင်းရပ်ကျေးရွာသို့ လျှပ်စစ်မီးစရောက်ကတည်းက ကျေးရွာမီးလင်းရေးအတွက် ဓာတ်မီးတိုင်နှင့် မီးကြိုးများတပ်ဆင်ခြင်းကို ကျပ်သိန်းသုံးရာကျော်ကုန်ကျခံပြီး ကိုယ်ထူကိုယ်ထ လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း မင်းရပ်ကျေးရွာ မီးလင်းရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမောင်သိန်းက ပြောသည်။ ယင်းအတွက်ကြောင့် GGS ကုမ္ပဏီလက်ထက်က ကျေးရွာရန်ပုံငွေလစဉ် (ကျေးရွာလျှပ်စစ်ဝန်ထမ်း လစာအပါအဝင်) ကျပ်ဆယ်သိန်းနီးပါး (၉၄၀ဝဝဝ ကျပ်) လစဉ်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ Petro & Tran ကုမ္ပဏီလက်ထက်အရောက် ပထမတစ်လကို ယင်းပမာဏအတိုင်းရရှိခဲ့ရပြီး ဒုတိယလအရောက်တွင် ကျပ်ငါးသောင်း၊ တတိယလဖြစ်သည့် မေလအရောက်တွင်မူ ကျပ်သုံးသိန်းငါးသောင်းကို ထပ်မံဖြတ်တောက်ခဲ့သဖြင့် မေလတွင် ကျပ်ငါးသိန်းကျော်သာ (ကျပ် ၅၄၀ဝဝဝ) ကြောင်း ၎င်းက ပြောသည်။ ယင်းကဲ့သို့ အဆင့်ဆင့် ဖြတ်တောက်ခံနေရသဖြင့် […]

မောင်းမကန်နယ်မြေတွင် မီး ၁၁ ရက် ပြတ်တောက်မည်

diz_admin

June 8, 2020

မောင်းမကန်နယ်မြေဖြစ်သည့် မောင်းမကန်၊ ကျောက်ဆင်နှင့် ပန်းတင်အင်း ကျေးရွာအုပ်စုတို့တွင် ယခုလအတွင်း လျှပ်စစ်ဓာတ်အား ၁၁ ရက် ပြတ်တောက်မည်ဟု လျှပ်စစ်ဌာနနှင့် လျှပ်စစ်မီးဖြန့်ဝေနေသည့် ကုမ္ပဏီတို့က ထုတ်ပြန်သည်။ မီးပြတ်တောက်မည့်ရက်များမှာ ဇွန် ၅၊ ၇၊၁၀၊၁၂၊၁၄၊၁၇၊၁၉၊၂၁၊၂၄၊၂၆၊၂၈ ရက်နေ့တို့ဖြစ်ပြီး နံနက် ၉နာရီ မှညနေ ၃နာရီအထိ ပြတ်တောက်မည်ဟု ထုတ်ပြန်ကြေညာသည်။ မောင်းမကန်နယ်မြေအတွင်းရှိ ၁၁ ကေဗွီလိုင်းကာဗာမပါသည့်ကြိုးများကို ကာဗာပါသည့် SAC 95 mm အဆင့်မြင့် ကြိုးများဖြင့် လဲလှယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယင်းသို့ လျှပ်စစ်မီးဖြတ်တောက်ခြင်းဖြစ်ကြောင်း မောင်းမကန်မြို့လျှပ်စစ်မှူးက ပြောသည်။ “ကုမ္ပဏီကလည်း Facebook မှာ ကြေညာထားတာတွေရှိတယ်။ အတော်များများတော့ သိနေပြီ။ မီးပျက်မယ်ဆိုတာ” ဟု မောင်းမကန်မြို့လျှပ်စစ်မှူးက ပြောသည်။ မောင်းမကန်ဒေသအတွင်း ကျေးရွာအချို့တွင်မူ ယင်းသို့ မီးပျက်မည့်အကြောင်း လျှပ်စစ်မီးလင်းရေးတာဝန်ရှိသူများက […]

ထီးခီးလမ်း မြေယာလျော်ကြေး သတ်မှတ်ပြီးက ပြည်သူနှင့်ညှိနှိုင်းမည်ဟုဆို

diz_admin

June 8, 2020

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထားသည့် ထီးခီးလမ်းအတွက် မြေယာလျော်ကြေး သတ်မှတ်ပြီးပါက သိမ်းဆည်းခံပြည်သူများနှင့် ညှိနှိုင်းမည်ဖြစ်ကြောင်း လျော်ကြေးငွေပေးချေရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီထံမှ သိရသည်။ အဆိုပါလမ်းတွင် ရေဖြူမြို့နယ်အပိုင်းနှင့် ထားဝယ်မြို့နယ်အပိုင်းဟူ၍ လမ်းပိုင်းနှစ်ခုသတ်မှတ်ထားပြီး လက်ရှိရေဖြူလမ်းပိုင်းတွင် တိုင်းတာမှုလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကြောင်း အထက်ပါကော်မတီထံမှ သိရသည်။ ရေဖြူလမ်းပိုင်းကို အထူးစီးပွားရေးဇုန်အပြင်ဘက်မှ ရေဖြူမြို့နယ်အဆုံးအထိ သတ်မှတ် ထားပြီး ၃၄ ကီလိုမီတာ အရှည်ရှိကြောင်း ယင်းကော်မတီထံမှ သိရသည်။ ကျန်ရှိသောလမ်းပိုင်းကို ထားဝယ်မြို့နယ်လမ်းပိုင်းဟု သတ်မှတ်ထားသည်။ ထို့အပြင် မေတ္တာမြို့မှ ထီးခီးအထိလမ်းပိုင်းကိုလည်း အသေးစိတ်တိုင်းတာနေပြီး မကြာမီပြီးစီးမည်ဖြစ်ကြောင်း အထက်ပါကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ၂ ဖြစ်သူ လမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ဆိုသည်။ ထီးခီးနယ်စပ်မှ ဝင်လာသူများကို လက်မခံတော့ အဆိုပါကော်မတီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက […]

ကိုဗစ်ကာလ ရင်းနှီးမြှုပ်နှံရန် လျှောက်ထားသူ ကိုးဆယ်ရာနှုန်းကျော် ကျဆင်း

diz_admin

June 8, 2020

ကိုဗစ်ကပ်ဘေးကာလတွင် တနင်္သာရီတိုင်းအတွင်း ရင်းနှီးမြှုပ်နှံရန်လျှောက်ထားသူ ကိုးဆယ်ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန (DICA) ထံမှ သိရသည်။ ကိုဗစ်ကာလမတိုင်မီက တစ်လလျှင် ရင်းနှီးမြှုပ်နှံရန်လျှောက်ထားသူနှင့် စုံစမ်းမေးမြန်းသူ နှစ်ဆယ်ခန့်ရှိရာမှ လက်ရှိတွင် လုပ်ငန်းတစ်ခုသာရှိတော့ကြောင်း DICA ဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။ “ကိုဗစ်ကာလကတော့ တော်တော် ပါးသွားတယ်” ဟု ဒေါက်တာထွန်းထွန်းက ပြောသည်။ကိုရိုနာရောဂါပိုးကူးစက်မှုများသည့် နှစ်လတာကာလအတွင်း ရင်းနှီးမြှုပ်နှံရန် လျှောက်ထားသူနှစ်ဦးသာရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။ ပြည်ထောင်စုအစိုးရကလည်း ကိုဗစ်ကာလ ရင်းနှီးမြှုပ်နှံမှုကုစားနိုင်ရန် ဖြေလျော့မှုအချို့လုပ်ဆောင်ရန် စီစဉ်နေသည်ဟုသိရကြောင်း ဒေါက်တာထွန်းထွန်းက ဆိုသည်။ “ဖြေလျော့မည့်အစီအစဉ်တွင် ရှုပ်ထွေးနေသည့် ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းအချို့ကို ဖြေလျော့ရန်ရှိကြောင်း” ၎င်းက ပြောသည်။ “ဒီအတိုင်းသာ ဆက်ပြီးတော့ အစိုးရဘက်ကရော ဌာနဆိုင်ရာဘက်ကရော တင်းခံနေမယ်ဆိုရင်တော့ ဘာမှဝင်လာမှာ မဟုတ်ဘူး” ဟု […]

ကမ်းခြေများ တရားဝင် ပြန်လည်ပတ်ခွင့်ပြု

diz_admin

June 8, 2020

ကိုဗစ်ကပ်ဘေးကြောင့် ယာယီပိတ်ထားသည့် တနင်္သာရီတိုင်းအတွင်းရှိ ကမ်းခြေများကို ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက ပြောသည်။ တိုင်းအတွင်းရှိ ကမ်းခြေများကို ဇွန်လ ၃ ရက်နေ့မှ စတင်ကာ လည်ပတ်ခွင့်ပြုလိုက်ကြောင်း ၎င်းက ဆိုသည်။ ကိုဗစ်ကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်ကန့်သတ်နိုင်ရန် မတ်လ ၂၇ ရက်နေ့မှစတင်ကာ ကမ်းခြေအားလုံးကို လည်ပတ်ခွင့်ပတ်ထားပြီးနောက် ၁၀ ပတ်နီးပါးအကြာတွင် ပြန်ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။ လက်ရှိတွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ခွင့်ပြုလိုက်ပြီဖြစ်သည့်အတွက် ကမ်းခြေများကိုလည်း ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။“မောင်းမကန်ကမ်းခြေက ဖွင့်ခွင့်ပြုလိုက်ပြီး ကမ်းခြေတွေ အားလုံးဖွင့်ခွင့်ပြုလိုက်ပြီ” ဟု ဦးကျော်မင်းက ပြောသည်။ ဒေသခံများက ကမ်းခြေမဖွင့်မီကတည်းပင် သွားရောက်လည်ပတ်နေကြသည်။ မေလ ၃၀ ရက်နေ့က ကမ်းခြေမဖွင့်သေးသော်လည်း မောင်းမကန်ကမ်းခြေတွင် လူရာချီလာရောက်လည်ပတ်ခဲ့သည်။ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကိုမူ […]

ကိုဗစ်ကာလ ရဲဒုက္ခ

diz_admin

June 8, 2020

ကိုဗစ်ကပ်ဘေးဂယက်က လူထု လူတန်းစားအလွှာအားလုံးကို ခြိမ်းခြောက်နိုင်စွမ်းရှိနေသည်။ ယင်းခြိမ်းခြောက်မှုက စိတ်ပိုင်းဆိုင်ရာမလုံခြုံသည့် သောကများဖြစ်ပေါ်စေခြင်းပင် ဖြစ်သည်။ ကပ်ဘေး၏ ခြိမ်းခြောက်မှုက သာမန်ပြည်သူများအပြင် ဥပဒေချိုးဖောက်သည့် လူဆိုးကို ရင်ဆိုင်ဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များလည်း စိတ်မလုံခြုံမှုများ၊ စိုးရိမ်သောကများ ခံစား ရစေသည်။ကိုရိုနာရောဂါပိုးက နှာချေချောင်းဆိုးခြင်း၊ စကားပြောဆိုခြင်းမှ တစ်ဆင့် ၃ ပေမှ ၆ ပေအထိ ပျံ့နှံနိုင်သည်ဟု ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။ ထိုကြောင့် တစ်ဦးနှင့် တစ်ဦး အနည်းဆုံး ၃ ပေအကွာမှ ပြောဆိုဆက်ဆံရန် ထုတ်ပြန်ထားသည်။ရဲတပ်ဖွဲ့ဝင်များကမူ အလုပ်တာဝန်အခြေအနေအရ ယင်းညွှန်ကြားချက်အတိုင်း လုပ်ကိုင်ဆောင်ရွက်ရန် မဖြစ်နိုင်ပေ။ ရဲတပ်ဖွဲ့က တရားခံဖမ်းဆီးချိန်တွင် လုံးထွေးဖမ်းဆီးရခြင်း၊ ခန္ဓာကိုယ်ပေါ်တွင် ရှာဖွေရခြင်း၊ ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းရခြင်းစသည့် လုပ်ဆောင်ချက်များကို ၃ ပေအကွာမှ လုပ်ဆောင်ရန်မဖြစ်နိုင်ခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်ချိန်တွင် […]

စားသောက်ဆိုင်များ ပြန်ဖွင့်ရန် အခက်အခဲရှိနေ

diz_admin

June 8, 2020

အစိုးရ၏ ဖြေလျော့မှုများထဲတွင် စားသောက်ဆိုင်များ ပြန်လည်ဖွင့်ခွင့်ပြုရေးအချက်တစ်ခုအနေဖြင့် ပါဝင်နေသော်လည်း လက်တွေ့တွင်မူ ယင်းဆိုင်များဖွင့်ခွင့်ရရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ထားဝယ်မြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်အချို့က ပြောသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း ဖွင့်ရမည်ဆိုခြင်းကြောင့် ခက်ခဲနေခြင်း ဖြစ်သည်။ ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က စီမံခန့်ခွင့်ရှိသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ မုန့်လက်သုပ်ဆိုင်များ ပြန်ဖွင့်လိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလမ်းညွှန်ချက်များကို လုပ်ဆောင်နိုင်ပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်း စည်ပင် က ထုတ်ပြန်ထားသည်။ ကိုယ်အပူချိန်တိုင်းစက်တစ်ခု ဝယ်ယူရခြင်း၊ လက်ဆေးဘေစင်ထားရှိပေးခြင်း၊ စားပွဲတွင် ကတ်ထူပြား(သို့) မှန်ဖြင့်ကာထားခြင်းစသည့် အချက်နှစ်ဆယ်ကျော်ကို လိုက်နာနိုင်မှသာလျှင် စာသောက်ဆိုင်များ ပြန်ဖွင့်ခွင့်ရမည် ဖြစ်သည်။ စားသောက်ဆိုင်ပိုင်ရှင်အချို့ကမူ ယင်းအချက်များအားလုံးကို အတိအကျလိုက်နာမည်ဆိုပါက ငွေကြေးသိန်းချီကုန်ကျမည်ဖြစ်ကြောင်း ပြောဆိုကြသည်။ “အဲဒါတွေက ကုန်ကျစရိတ်က များပြီးတော့ ရောင်းအားက မရှိဘဲဖြစ် နေတာပေါ့။ ဒီလိုမျိုးတပ်ပြီး […]

ထားဝယ်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်တန့်

diz_admin

June 8, 2020

အသင့်အတင့် အရောင်းဝယ်ရှိနေသေးသော ထားဝယ်အိမ်ခြံမြေဈေးကွက်မှာ ကိုဗစ်ရောဂါဂယက်စတင် ရိုက်ခတ်ပြီးနောက် လုံးဝနီးပါးအရောင်းအဝယ် မရှိတော့ကြောင်း အိမ်၊ခြံ၊ မြေ၊ အရောင်း၊ အဝယ် ဝန်ဆောင်မူပေးနေသူ အချို့ထံမှ သိရသည်။ လက်ရှိတွင် အိမ်၊ ခြံ၊ မြေ ရောင်းလိုသူများရှိနေသော်လည်း ဝယ်သူမရှိကြောင်း တနင်္သာရီတိုင်း အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မူ အသင်းဝင်တစ်ဦးက ပြောသည်။ “ရောင်းသမားတွေကတော့ ရှိတယ်။ နယ်ဆိုရင်လည်း နယ်အလိုက်၊ မြို့ဆိုရင်လည်း မြို့အလိုက်ပေါ့။ ဒါပေမယ့် ဒီအချိန်မှာ ဘယ်သူက ဝယ်ကြမှာလည်း။ ဝယ်မယ့်သူတွေကတော့ မေးတာပဲရှိတယ်။ ငွေပို၊ ငွေလျှံများတဲ့သူမှပဲ ဈေးချောင်တာဝယ်မယ် ဆိုတာလောက်ပဲ ရှိတယ်။ အဲတာကလည်း အရမ်းနည်းပါတယ်” ဟု ၎င်းက ပြောသည်။ ကိုဗစ်ရောဂါ ဂယက်ရိုက်ခတ်ပြီးသည့်ကာလအတွင်း အိမ်ခြံမြေအရောင်းအဝယ် တစ်ကြိမ်မျှမဖြစ်သေးကြောင်း အခြားအသင်းဝင်တစ်ဦးကလည်း ပြောသည်။ […]