ယာယီပိတ်ထားသည့် ဟိုတယ်အများစု ပြန်ဖွင့်
diz_admin
June 15, 2020ကိုဗစ်ကပ်ဘေးကြောင့် တိုင်းအတွင်းယာယီပိတ်ထားသည့် ဟိုတယ်အများစု ပြန်ဖွင့်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှသိရသည်။ တိုင်းအတွင်း ဟိုတယ်/ ခရီး လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၄၆ လုံးရှိသည့်အနက် လက်ရှိတွင် ၂၁ လုံး ပြန်ဖွင့်ပြီဖြစ်ကြောင်း အထက်ပါဌာနစာရင်းအရ သိရသည်။ တိုင်းအတွင်းရှိ ဟိုတယ် ၃ လုံးမှလွဲ၍ ကျန်သည့်ဟိုတယ်အားလုံးနီးပါးက ကိုရိုနာရောဂါပိုး ကူးစက်ဖြစ်ပွားမှု အများဆုံး ကာလဖြစ်သည့် မတ်လနှင့် ဧပြီလတွင် ယာယီပိတ်ထားကြောင်း ဟိုတယ်/ခရီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။ ယင်းကဲ့သို့ယာယီပိတ်ရန် တိုင်းအစိုးရနှင့် ၎င်းတို့ဌာနက ညွှန်ကြားခြင်းမဟုတ်ဘဲ လုပ်ငန်းရှင်များက ၎င်းတို့သဘောအရ ပိတ်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ပိတ်ထားသည့်ဟိုတယ်များအနက် မေလနှင့် ဇွန်လအတွင်း ၁၈ လုံး ပြန်ဖွင့်ပြီဖြစ်ကြောင်း ဦးညိုအေးက ဆိုသည်။ […]


