ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

အခြေခံဆရာများသမဂ္ဂ အဖွဲ့ဝင် ဖိတ်ခေါ်

diz_admin

July 20, 2020

တနင်္သာရီတိုင်းဒေသကြီး အခြေခံ ဆရာများသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီမှ သမဂ္ဂအဖွဲ့ဝင်လိုသူများကို ဖိတ်ခေါ် လျက်ရှိကြောင်း ယင်းကော်မတီ ထားဝယ်ခရိုင်တာဝန်ခံ ဦးဝေယံစိုးက ပြောသည်။ တနင်္သာရီတိုင်းဒေသကြီး အခြေခံဆရာများသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီကို မြို့နယ်တာဝန်ခံ ၉ ဦးဖြင့် ဇွန်လ ၃ ရက်က မြိတ်မြို့တွင် ဖွဲ့စည်းခဲ့သည်။ သမဂ္ဂအဖွဲ့သို့ ဝင်လိုသူများက သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများထံ လျှောက်လွှာထုတ်ယူ လျှောက်ထားရမည်ဖြစ်ကြောင်း ဦးဝေယံစိုးက ပြောသည်။ “အခုက အခြေခံဆရာ သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့ထားပြီးတော့ မြို့နယ်တာဝန်ခံတွေက ကိုယ့်မြို့နယ်မှာရှိတဲ့ ဆရာ၊ ဆရာမတွေကို အဖွဲ့ဝင်ဖြစ်အောင် စည်းရုံးဖို့ပါ။ အဖွဲ့ဝင်ချင်တဲ့ ပညာရေးဝန်ထမ်းတွေကို ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်” ဟု ၎င်းက ပြောသည်။ ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား လောင်းလုံးမြို့နယ်တွင် တာဝန်ကျ နေသည့် ဆရာတစ်ဦးကမူ […]

၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲ တစ်ထောင်ကျော်ခန့်ရန် ပြင်

diz_admin

July 20, 2020

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ တွင် တာဝန်ထမ်းဆောင်မည့် အထူးရဲတစ်ထောင်ကျော် ရွေးချယ်ခန့်အပ်ရေး စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရွေးကောက်ပွဲတွင် မဲရုံတစ်ရုံလျှင် အထူးရဲတစ်ယောက်နှုန်း တာဝန်ပေးနိုင်ရန် လုပ်ဆောင်နေပြီး လက်ရှိတွင် သက်ဆိုင်ရာ ရဲစခန်းအလိုက် စာရင်းကောက်ယူ စုဆောင်းနေကြောင်း ဒုတိုင်းရဲ တပ်ဖွဲ့မှူးရဲမှူးကြီးကြည်စိုးက ဆိုသည်။ လက်ရှိအနေအထားအရ တိုင်းအတွင်း မဲရုံ ၁၂၀၆ ရုံရှိပြီး မဲဆန္ဒရှင် အနည်းအများအပေါ် မူတည်ကာ မဲရုံအရေအတွက် အနည်းငယ်ပြောင်းလဲနိုင်သေးကြောင်း ၎င်းက ပြောသည်။ “အခုက စာရင်းကောက်တဲ့အဆင့်ပဲ ရှိသေးတယ်။ ရထားတဲ့သတင်းအရဆိုရင် စက်တင်ဘာလမှာစပြီးတော့ သူတို့က ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပါတယ်” ဟု ရဲမှူးကြီးကြည်စိုးက ပြောသည်။ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လုံခြုံရေးရေးဆိုင်ရာ ကိစ္စရပ်များအတွက် ရဲတပ်ဖွဲ့ဌာနချုပ်တွင် သင်တန်းတက်ထားသည့် ရဲအရာရှိနှစ်ဦးက ၎င်းတို့ကို […]

မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း ပယ်ဖျက်ခံရ

diz_admin

July 20, 2020

မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း (MCRA) ကို ဇွန်လ ၁၆ ရက်နေ့တွင် ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စု မှတ်ပုံတင်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ မှုခင်းသတင်းထောက်များ အသင်းဝင်များက လက်နက်ကိုင်တပ်ဖွဲ့ နှင့် ဆင်တူယိုးမှားဝတ်စုံများ ဝတ်ဆင်ကာ ငွေကြေးတောင်းခံကြောင်း စိစစ်တွေ့ရှိသည့်အတွက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီက သတင်းမီဒီယာကျင့်ဝတ်နှင့် စည်းကမ်းကို လိုက်နာမှုမရှိသည့်အဖွဲ့အဖြစ် ကြေညာခံထားရသည်။ ထိုမှုခင်းသတင်းထောက်အသင်းကို လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မှတ်ပုံတင်ခွင့်ပြုထားသည့် စာရင်းမှ ပယ်ဖျက်ကြောင်း အကြောင်းကြားလာသည်ဟု ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။ ယင်းသို့ပယ်ဖျက်လိုက်ကြောင်းကို တိုင်းအစိုးရက သက်ဆိုင်ရာခရိုင်များကို ပြီးခဲ့သည့်အပတ်တွင် အကြောင်းကြားလာသည်ဟု ၎င်းက ပြောသည်။ ထိုကြောင့် မြို့နယ်အသီးသီးကိုလည်း ထပ်ဆင့်အသိပေး အကြောင်းကြားထားသည်ဟု ဦးအောင်စိုးမိုးက ဆိုသည်။ “ဆက်လုပ်နေရင်တော့ အသင်းအဖွဲ့စည်းမျဉ်း ဥပဒေအရပဲ […]

ဥယျာဉ်ခြံ တရားမဝင် အကွက်ရိုက်ရောင်းချမှု ပိုများလာ

diz_admin

July 20, 2020

ရေဖြူမြို့နယ်ရှိ ကျေးရွာအချို့တွင် တရားမဝင် မြေကွက်ရိုက်ရောင်းချမှု များပြားလာပြီး ရပ်ကျေး လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌကိုယ်တိုင် မတားဆီးနိုင်ဘဲ လက်လျှော့ထားရကြောင်း ပုဂေါဇွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးရီစွမ်က ပြောကြားသည်။ ရေဖြူ-ကျောက်ထောင့် လမ်းမနှင့် ရေဖြူ-ကျခတ္တပင်အင်းလမ်းနံဘေးရှိ ဥယျာဉ်ခြံများကို ဒေသခံခြံပိုင်ရှင်များနှင့် လုပ်ငန်းရှင်အချို့က တရားမဝင် အကွက်သစ်ရိုက်ကာ ရောင်းချနေကြကြောင်း ရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဋ္ဌ ပုဂေါဇွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရီစွမ်ထံမှ သိရသည်။ တရားမဝင် အကွက်ရိုက်မှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး အနီးနားကျေးရွာများဖြစ်သည့် သဗြေဇွန်းကျေးရွာအထိပါ ကျယ်ပြန့်လာနေကြောင်း ရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးရီစွမ်ထံမှ သိရသည်။ ထိုသို့ အကွက်ရိုက်ရောင်းချမှုများကို တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းမှ ၂၀၁၇ ခုနှစ်က လာရောက်တားဆီးခဲ့ဖူးသည်။ မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ […]

လောင်းလုံးတွင် ငွေစု၊ ငွေချေး လေလံကိစ္စ တစ်ကျော့ပြန်ဖြစ်လာ

diz_admin

July 20, 2020

လွန်ခဲ့သည့် ကိုးနှစ်ခန့်က လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဖြစ်ပွားခဲ့သော ငွေစု၊ ငွေချေး လေလံပြဿနာများ၏ နောက်ဆက်တွဲကိစ္စများ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေကြောင်း ယင်းပြဿနာဖြစ်ပွားရာတွင် ပါဝင်သူအချို့ထံမှ သိရသည်။ ယင်းပြဿနာမှာ အလွန်ရှုပ်ထွေးပြီး တစ်ဘက်နှင့်တစ်ဘက် သူမှန်၊ ငါမှန် အငြင်းပွားကာ နောက်ဆုံးတွင် တရားရုံးသို့ ရောက်သွားလေ့ ရှိသည်။ ၂၀၁၈ ခုနှစ် ဇွန်လအထိ စာရင်းအရ လောင်းလုံးမြို့နယ်တရားရုံးတွင် ရာဇဝတ်ကြီးအမှု၊ တရားခံပြေးအမှုအဖြစ် စွဲဆိုသည့် ရာဇဝတ် အထွေထွေအမှု၊ ငွေရလိုမှုဖြင့် စွဲဆိုသည့် တရားမကြီးအမှု၊ တရားမကြီးအမှုတွင် အနိုင်ရပြီး တရားရုံးမှတစ်ဆင့် ငွေတောင်းခံသည့် တရားမ ဇာရီအမှု စသည့်အမှုပေါင်း တစ်ထောင့် ငါးရာကျော် (၁၆၃၉ မှု) ရှိကြောင်း သိရသည်။ ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား ငွေစုအမှုနှင့်ပတ်သက်ပြီး ထောင်ကျသူ၊ တရားရင်မဆိုင်ဘဲ […]

Pro ဘာဂါနဲ့ ကော်ဖီဆိုင်ခွဲသစ်

diz_admin

July 20, 2020

ကိုဗစ်ကာလမှာ အိမ်တွင်းအောင်းနေရာက အပြင်ကို အသီးသီးထွက်လာကြတဲ့ မိတ်ဆွေများကို ဇူလိုင်လ ၁၅ ရက်နေ့က အသစ်ထပ်မံဖွင့်လှစ်လိုက်တဲ့ Pro ဘာဂါနဲ့ ကော်ဖီဆိုင်ခွဲနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အစားအသောက်ဆန်းဆန်းလေးတွေ ကြိုက်တဲ့မိတ်ဆွေတွေအတွက် ဘာဂါ၊ ပီဇာ၊ ကော်ဖီနဲ့ Pepsi အချိုရည်အပြင် အခြားအရသာကောင်းတဲ့ အစားအသောက်တွေကို အချိန်မြန်မြန်နဲ့ရရှိနိုင်ပါတယ်။ ဆိုင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ ဘာဂါ ဆယ်လုံးဝယ်ရင် တစ်လုံးလည်း လက်ဆောင်ပေးနေပါတယ်။ ဆိုင်ရဲ့အသစ်ဖန်တီးထားတဲ့ စားစရာတစ်ခုကတော့ Pro ပီဇာပါပဲ။ ဆိုင်ကတော့ အရသာထူးမယ်လို့ ညွှန်းထားပါတယ်။ ဆိုင်အသစ်လေးကတော့ သေသေသပ်သပ်နဲ့ သန့်သန့်ရှင်းရှင်းလေးရှိအောင် ပြင်ဆင်ထားပြီး ထိုင်ချင်စဖွယ်ခုံလေးတွေအပြင် အပျင်းပြေဖတ်ဖို့ စာအုပ်လေးတွေလည်း ချပေးထားပါသေးတယ်။ တတိယမြောက်ဆိုင်ခွဲဖြစ်တဲ့ ဒီဆိုင်လေးကို နိဗ္ဗာန်လမ်းနှင့်ဗဟိုစည်လမ်းထောင့်၊ မြို့တွင်းလမ်း၊ ထားဝယ်မြို့မှာ ထပ်ဖွင့်ထားပြီး ထားဝယ်တက္ကသိုလ်ဝင်းထဲနဲ့ ရွှေတောင်စားလမ်းတွေမှာလည်း ဆိုင်ခွဲတွေ ရှိပါတယ်။ အိမ်ပို့စနစ်နဲ့ […]

ထိုင်းမှ ဝင်လာသည့် တရားမဝင် ဘီယာများ ဖမ်းမိ

diz_admin

July 20, 2020

အိမ်နီးချင်း ထိုင်းနိုင်ငံဘက်မှ ဝင်လာသည့် ငွေကျပ်သိန်းလေးရာခန့် တန်ဖိုးရှိ ထိုင်းဘီယာများ ဖမ်းမိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ထိုင်းနိုင်ငံနယ်စပ်ရှိ ထီးခီးနှင့် ထားဝယ်မြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းမပေါ်ရှိ ဇလွန်းကျေးရွာ၌ ရဲတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်းတွင် စောင့်ဆိုင်းနေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့စောင့်ဆိုင်းနေစဉ် မေတ္တာမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ဟီးနိုးယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ယင်းကဲ့သို့ စစ်ဆေးရာ ကားပေါ် တွင် ထိုင်းနိုင်ငံထုတ် ဘီယာများဖြစ်သော Chang ဘီယာ (ဒေသအခေါ် ဘီယာချမ်း) ၄၉၈ ဖာ၊ SINGHA တံဆိပ် (စင်းဂါး ဘီယာ) ဘီယာ ၁၆၉၇ ဖာကို […]

အောင်မင်္ဂလာရုပ်ရှင်ရုံ ငှားရမ်းခ တစ်လ ငါးသိန်းအထိ ဈေးတက်မည်

diz_admin

July 20, 2020

ထားဝယ်မြို့ရှိ အောင်မင်္ဂလာရုပ်ရှင်ရုံ ငှားရမ်းခကို တစ်လလျှင် ကျပ်ငါးသိန်းအထိ တိုးကောက်ရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။ အဆိုပါ ရုပ်ရှင်ရုံနှင့် မြေနေရာငှားရမ်းခအဖြစ် ယခင်က တစ်လလျှင် ကျပ်သုံးသိန်း ကောက်ခံနေရာမှ လက်ရှိတွင် ငါးသိန်းကျပ်အထိ တိုးမြှင့်ကောက်ခံရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ငှားရမ်းမည့် စာချုပ်သက်တမ်းကို ငါးနှစ်သတ်မှတ်ထားပြီး တစ်နှစ်တစ်ကြိမ် သို့မဟုတ် ၂ နှစ်တစ်ကြိမ် ဈေးနှုန်းသတ်မှတ်ရန် ဆွေးနွေးနေကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။ အဆိုပါရုပ်ရှင်ရုံနှင့် မြေနေရာကို ထားဝယ်မြို့ပေါ်မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ငှားရမ်းထားပြီး ရုပ်ရှင်ပြသခြင်းအပြင် လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်တို့လည်း ဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ “(စာချုပ်) မူကြမ်းအနေနဲ့ စိစစ်နေတုန်းပဲ ရှိသေးတယ်။ ဒါကို […]