ရင်ခွင်မဲ့ကလေး လျှော့ချရေး အသင်းသို့ အကူအညီတောင်းသည့်အမှု တစ်ဆယ်ကျော်ရှိ
diz_admin
June 30, 2020တစ်နှစ်ကျော်အတွင်း တနင်္သာရီတိုင်း ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းသို့ အကူအညီတောင်းခံလာသည့်အမှု တစ်ဆယ်ကျော်ရှိကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးအောင်သူရလင်းက ပြောသည်။ ယင်းအမှုများမှာ အိမ်ထောင်ရေးပြဿနာကြောင့် တစ်ကိုယ်ရည် မိခင် (Singal Mother) အမှုအခင်းကိစ္စ၊ အိမ်တွင်း အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ စွန့်ပစ်ခံကလေးကိစ္စ စသည်ဖြင့် ဖြစ်ရပ် ၁၅ ခုကို ဆောင်ရွက်ပေးခဲ့ကြောင်း ဦးအောင်သူရလင်းက ပြောသည်။ အချို့ကိစ္စရပ်များကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီး အချို့ကို ညှိနှိုင်းဖြေရှင်းနည်းလမ်း၊ ကျန်းမာရေးအရ ကုသရမည့်ကိစ္စ (မုဒိမ်းမှုနောက်ဆက်တွဲ ကိုယ်ဝန်ကိစ္စ) စသည်ဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် ကူညီဖြေရှင်းပေးခဲ့ကြောင်း ၎င်းက ပြောသည်။ လူတိုင်းသည် အွန်လိုင်းပေါ်မှ ညစ်ညမ်းဇာတ်ကားများကို အလွယ်တကူ ကြည့်လာနိုင်ခြင်း၊ အသိပညာ အားနည်းခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ မူးယစ်ဆေးဝါးကိစ္စ စသည်တို့သည် […]


