ဇာဒီရွာ မိုင်းထိသူ မျက်လုံးထိ၊ ခြေထောက်တစ်ဖက်ဆုံးရှုံး
diz_admin
June 22, 2020ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စု ဒိုက်ကကော်ကျေးရွာမှ အသက် ၄၉ နှစ်အရွယ် ကျေးရွာသားတစ်ဦး လက်လုပ်မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် မျက်စိတစ်စုံနှင့် ညာဖက်ခြေထောက်တစ်ချောင်း ဆုံးရှုံးသွားခဲ့သည်။ ဇွန်လ ၁၁ ရက်က ဒိုက်တကော်ရွာနှင့် နှစ်ဖာလုံကျော်ခန့်ဝေးသည့် ၎င်းပိုင်ရာဘာခြံထဲသို့အသွား တဲနှင့် ပေ၂၀ ခန့်အကွာအရောက်တွင် အဆိုပါ လက်လုပ်မြေမြှုပ်မိုင်းကို နင်းမိ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကာယကံရှင်တို့က ပြောသည်။ မိုင်းပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများရရှိထားပြီး အဓိကအားဖြင့် မျက်လုံးတစ်စုံမှာ လုံးဝအမြင် အာရုံကွယ်ပျောက်သွားပြီဖြစ်ကြောင်း ထားဝယ်ဆေးရုံ ထိခိုက်ဒဏ်ရာနှင့် အရိုးကြောကုသဆောင်တွင် ဆေးကုသမှုခံယူနေသည့် ကာယကံရှင်က ပြောသည်။ ဆရာဝန်၏ပြောကြားချက်အရ မျက်ကြည်လွှာကို မိုင်းအစအနများ တိုက်ရိုက်ထိမှန်ထားသဖြင့် မျက်လုံးအစားထိုးကုသမှ ရမည်ဖြစ်ကြောင်း ယင်းအမျိုးသား၏ ဇနီးဖြစ်သူက ပြောသည်။ “ကျွန်မတို့အခြေအနေနဲ့ မျက်လုံး အစားထိုးပြီး ဘယ်လိုကုနိုင်မှာလဲရှင်” […]


