ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ဗိုက်ပူအဝလွန်ရဲ အရေးယူခံရသူ မရှိသေး

diz_admin

October 16, 2020

ဗိုက်ပူအဝလွန်နေသည့် ရဲတပ်ဖွဲ့ များ လေးလအတွင်း ဝိတ်လျှော့ရမည်ဟု ညွှန်ကြားထားပြီး လက်ရှိတွင် အရေးယူခံရသူ မရှိသေးကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဝလွန်နေသည့် တပ်ဖွဲ့ဝင်များ လေးလအတွင်း ဝိတ်ချရန် ပြီးခဲ့သည့် မေလအတွင်းက ညွှန်ကြားထားခြင်း ဖြစ်သည်။ သတ်မှတ်အလေးချိန်တိုင်း ဝိတ်မကျပါက ရဲစည်းကမ်းအရ အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။ ယခုနှစ်ဆောင်း အအေးပိုမည် ကိုယ်အလေးချိန် စံသတ်မှတ်ရာတွင် Body Mass Index (BMI) ခန္ဓာ (ကိုယ်အလေးချိန်နှင့် အရပ်အမြင့် အချိုးအစား) တွက်ချက်နည်းဖြင့် အဝလွန်/ မလွန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။ ဥပမာ အရပ်အမြင့် ငါးပေ လေးလက်မရှိသူသည် ကိုယ်အလေးချိန် ၁၄၀ ပေါင်ရှိပါက BMI 24 ရှိပြီး အဝမလွန်ဘဲ […]

မြွေဖမ်းတဲ့ မီးသတ်

diz_admin

October 15, 2020

မီးသတ်တပ်ဖွဲ့ဟု ဆိုလိုက်လျှင် မီးလောင်ကျွမ်းမှုများအား ငြိမ်းသတ်ရေးအတွက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းအဖြစ်သာ လူသိများခဲ့သည်။ ရေနစ်၊ မြေပြိုစသည့် အသက်ကယ်ဆယ်ရေးလုပ်ငန်းများမှာ ၎င်းတို့ နှင့် မဆိုင်ဟူ၍ပင် လှောင်ပြောင်သည့် ပြက်လုံးများပင် ထွက်ပေါ်ခဲ့ဖူးသည်။ လက်တွေ့တွင်မူ မီးသတ်တပ်ဖွဲ့မှာ မီးငြိမ်းသတ်ခြင်း အပါအဝင် ရေနစ်ခြင်း၊ မြေပြိုခြင်း စသည့် အသက်ကယ် လုပ်ငန်းများတွင် အကူအညီပေးနေခဲ့ရသည်။ ယခုမူ မြွေဖမ်းပေးခြင်းကိုပါလုပ် ပေးနေသည်။ နေအိမ် အဆောက်အအုံများအတွင်း ဝင်ရောက်ခိုအောင်းနေသည့် မြွေကိုဖမ်းပေးရန် ပြည်သူများမှ အကူအညီ တောင်းခံလာသည့်အတွက် ယခုနှစ်အတွင်း မြွေဖမ်းပေးရန် အကူအညီတောင်းခံမှု ၁၁ ကြိမ်ရှိခဲ့ပြီး မြွေအကောင်ရေ တစ်ဆယ်ကျော်ကို ဖမ်းပေးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယင်းမှာ ထားဝယ်နှင့် လောင်းလုံးမြို့နယ် နှစ်မြို့နယ်အတွက် အရေအတွက် ဖြစ်သည်။ ထားဝယ်မြို့တွင် နေအိမ်အတွင်း ဝင်နေသည့်မြွေဖမ်းပေးရန် […]

ယခုနှစ်ဆောင်း အအေးပိုမည်

diz_admin

October 15, 2020

ယခုနှစ် ဆောင်းရာသီသည် အအေးပိုမည်ဟု ခန့်မှန်းရကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ ယခုနှစ်သည် လာနီညာ(စိုစွတ် သောရာသီဥတု) ရာသီဥတုဖြစ်ခြင်းနှင့် ရာသီဥတုပြောင်းလဲလာခြင်းတို့ကြောင့် အအေးလှိုင်းဖြတ်သကဲ့သို့ အနုတ်လက္ခဏာပြသည်အထိ အအေးပိုနိုင်ကြောင်း အထက်ပါဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောဆိုသည်။ “ဒီနှစ်က စံချိန် ကျိုးလိမ့်မယ်။ စံချိန်ကျိုးလိမ့်မယ်ဆိုတာက အပူချိန်ဆိုလည်း အမြင့်ဆုံးတင်ခဲ့တာပေါ့နော်။ အခု အအေးဆိုလည်း အနိမ့်ဆုံးရောက်အောင် ဆင်းမယ်။ ဘယ်လောက်ရောက်အောင် ဆင်းမတုန်းဆိုတာတော့ မပြောတတ်သေးဘူး” ဟု ဦးကျော်မိုးခိုင်က ဆိုသည်။ အွန်လိုင်း ဘောလုံးစွမ်းရည်ပြိုင်ပွဲ လာနီညာရာသီဥတုမှာ အေးပြီး မိုးများသည်ဟု ၎င်းက ပြောသည်။ ယင်းကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအကုန်၊ ဒီဇင်ဘာလမှ ၂၀၂၁ ပြည့်နှစ် ဇန်နဝါရီလဆန်းခန့်အထိ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအပြင် တနင်္သာရီတိုင်းတွင်လည်း […]

ဒုတိယအကြိမ်ကိုဗစ်ချေးငွေ လုပ်ငန်းသုံးခုသာ ရ

diz_admin

October 15, 2020

ကိုဗစ်ကပ်ဘေးကြောင့် ထိခိုက်ခဲ့သည့် လုပ်ငန်းများကို ချေးငွေချေးခွင့်ပြုရာတွင် တိုင်းအတွင်းရှိ လုပ်ငန်းသုံးခုသာ ချေးခွင့်ရသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ရေထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ် လုပ်ငန်း၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်း၊ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်း စသည့် လုပ်ငန်းအမျိုးအစား ရှစ်ခုက လျှောက်ထားခွင့်ရှိသည်။ လက်ရှိတွင် ထားဝယ်ခရိုင်အတွင်းရှိ ဝက်မွေးမြူရေးလုပ်ငန်း တစ်ခု၊ ရော်ဘာလုပ်ငန်း တစ်ခုနှင့် ရေသန့်လုပ်ငန်းတစ်ခုသာ ချေးခွင့်ရသေးကြောင်း တိုင်း ကုန်သည်/စက်မှုအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆိုသည်။ သြဂုတ်လအတွင်းက ချေးငွေ လျှောက်လွှာပေးပို့ရာတွင် စုစုပေါင်း လျှောက်လွှာ ၃၅၈ စောင်ရှိသည်။ လက်ရှိချေးခွင့်ရသူစာရင်းထုတ် ပြန်ခြင်းက ပထမအကြိမ်ဖြစ်ပြီး နောက်ထပ်ထုတ်ပြန်ရန် […]

အွန်လိုင်း ဘောလုံးစွမ်းရည်ပြိုင်ပွဲ

diz_admin

October 14, 2020

တနင်္သာရီတိုင်းအတွင်းတွင် ဘောလုံးစွမ်းရည်ပြိုင်ပွဲတစ်ခုကို အွန်လိုင်းမှ တစ်ဆင့် ကျင်းပရန်ရှိနေကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ ၁၈ ကိုက်အကွာအဝေးတွင်ရှိသော ဂိုးတိုင်၊ ကိုးဘားတန်းတို့ကို ဘောလုံးဖြင့် ထိအောင်ကန်ပြခြင်း၊ အချိန်းငါးမိနစ်အတွင်း ဘောလုံးအား ခြေဖျားဖြင့် ဘယ်၊ ညာ အချက် ၂၀၊ ခြေခွင်ဖြင့် အချက် ၂၀၊ ဒူးဖြင့် အချက် ၂၀ စသည့်ဖြင့် ခတ်ပြခြင်း စသည့်စွမ်းရည်တို့ကို ပြသရမည်ဖြစ်သည်။ ယင်းသို့ ခတ်ပြ ပြိုင်ပွဲဝင်နေသည်ကို အွန်လိုင်းမှ တိုက်ရိုက်လွှင့်ပြီး အကဲဖြတ်အမှတ်ပေးမည်ဖြစ်သည်။ မြန့်မာ့လက်ရွေးစင်ကစားသမားနှင့် မြန်မာနေရှင်လိဂ်ပြိုင်ပွဲများတွင် ပါဝင်ဖူးသူများမှလွဲပြီး မည်သူမဆို အသက်အရွယ်မရွေး ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်သည်။ အဆိုပါပြိုင်ပွဲကို တိုင်းအတွင်း မြို့နယ်အားလုံးတွင် တစ်မြို့နယ်ချင်း စီအလိုက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပါဝင်လိုသူ များအနေဖြင့် သက်ဆိုင်ရာမြို့နယ် […]

တိုင်းအတွင်းက ကိုယ်စားလှယ်လောင်းများ ဘုန်းကြီးကျောင်းထွက်မှသည် ပါရဂူအထိ

diz_admin

October 14, 2020

၂၀၂၀ ရွေးကောက်ပွဲအလွန် တနင်္သာရီတိုင်းရဲ့ အနာဂတ် လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးစတဲ့ အရေးပေါင်းများစွာကို ဦးဆောင်မယ့် နိုင်ငံရေးသမားတွေကို တိုင်းသူ၊ တိုင်းသားတွေက များမကြာမီ ရွေးချယ်ကြရတော့မှာပါ။ အဲဒီအရေးပေါင်းများစွာကို ဦးစီးဦးဆောင်ပြုဆောင်ရွက်ရာမှာ၊ ဆုံးဖြတ်ချက်တွေ ချရာမှာ စွမ်းဆောင်ရည်တွေ ပြည့်ဝဖို့က အရေးကြီးပါတယ်။ အခုရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့်သူတွေမှာ ဘယ်လို အရည်အသွေးမျိုးတွေ ရှိနေသလဲ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းမှာ ပါတီအသီးသီးကနေရော၊ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်အဖြစ်ရော စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၆၈ ဦးရှိပါတယ်။ အဲဒီအထဲမှာ ဘုန်းကြီးကျောင်း ထွက်ကနေ ပါရဂူအဆင့်အထိ ပညာအရည်အချင်းအမျိုးမျိုး ပါဝင်နေပါတယ်။ ဘယ်ပညာရည်အဆင့်က ဘယ်လောက်ဦးရေပါနေပါသလဲ။ အခြေခံပညာ မူလတန်းအဆင့် (လေးတန်း)သာရှိတဲ့ ကိုယ်စားလှယ်လောင်း ခြောက်ဦးရှိပါတယ်။ အလယ်တန်းအဆင့်ရှိသူက ၂၈ ဦးနဲ့ အထက် […]

တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်းထမ်းများ ရန်ကုန်သို့ ပို့လိုက်သော်လည်း ကုသရေးအခက်အခဲမရှိနိုင်ဟုဆို

diz_admin

October 13, 2020

ရန်ကုန်တိုင်းတွင် ကိုဗစ်ရောဂါ ကူးစက်မှုများပြားနေသည်ကို ကူညီရန် တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်းများကို ပို့လိုက်ရသော်လည်း တိုင်းအတွင်း ကုသရေးပိုင်းတွင် အခက်အခဲ မရှိနိုင်ကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဥက္ကာက ပြောသည်။ တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၂၅ ဦးသည် ရန်ကုန်တိုင်းတွင် ကိုဗစ်ကူးစက်မှုကိုထိန်းချုပ်ရေး ကူညီရန် စက်တင်ဘာလ နောက်ဆုံးအပတ်က ထွက်ခွာသွားခဲ့သည်။ အောက်တိုဘာလ ပထမအပတ်တွင် မြိတ်ခရိုင်မှ ကျန်းမာရေးဝန်ထမ်း ၂၂ ဦးလည်း ထပ်မံသွားရောက်ခဲ့သည်။ ကုန်ကားသမားများကို ကိုဗစ်စစ်၊ တစ်ဦးတွင် ပိုးတွေ့ ၎င်းတို့မှာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသာ ဖြစ်ပြီး ကုသရေးပိုင်းမှ ဝန်ထမ်းများ မဟုတ်သဖြင့် တိုင်းအတွင်း ကုသရေး ပိုင်းမှာ အခက်အခဲမရှိနိုင်ခြင်းဖြစ်ကြောင်း ဒေါက်တာဥက္ကာက ဆိုသည်။ “ကုသရေးက လောလောဆယ် ပြဿနာတော့ မရှိသေးဘူးလို့ […]

“နိုလ်” မုန်တိုင်းဒဏ်သင့်မှု ကျပ်သိန်းတစ်ထောင်ကျော် ထောက်ပံ့

diz_admin

October 13, 2020

“နိုလ်” မုန်တိုင်းကြောင့် ပင်လယ် ဒီရေလှိုင်းရိုက်ခတ်ပြီး ထိခိုက်ပျက်စီးခဲ့ရသည့် နေအိမ်များအတွက် ငွေကျပ် ၁၁၅၂ သိန်းကျော်ကို ထောက်ပံ့ကြေးပေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။ မုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာလ တတိယအပတ်က ဒီရေလှိုင်း ရိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် တိုင်းအတွင်းရှိ ပင်လယ်ကမ်းစပ် ကျေးရွာအချို့တွင် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရာ ယင်းတို့အတွက် ထောက်ပံ့ငွေပေးခြင်းဖြစ်သည်။ ကျေးရွာတာဝန်ခံ လိမ်လည်ပေါင်နှံထားသည့် ပုံစံ(၇) တောင်သူလက်ဝယ် မရောက် ရှိသေး တိုင်းဒေသကြီး သဘာဝဘေးရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး တစ်စိတ်တစ်ပိုင်းပျက်စီးသည့် နေအိမ် ၄၁၉ လုံးနှင့် အလုံးစုံပျက်စီးသည့်နေအိမ် ၄၀ဝ လုံးကို ထောက်ပံ့ကြေးပေးခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။ တစ်စိတ်တစ်ပိုင်းပျက်စီးသည့်နေအိမ်အတွက် ပျက်စီးမှုပမာဏအတိုင်း ထောက်ပံ့ပေးပြီး နေအိမ်အလုံးစုံပျက်စီးပါက ဓနိမိုး ထရံကာနေအိမ်တစ်လုံးလျှင် ကျပ်နှစ်သိန်း၊ သွပ်မိုးပျဉ်ကာဆိုပါက ကျပ်လေးသိန်းထောက်ပံ့ပေးကြောင်း တိုင်းအစိုးရအဖွဲ့ရုံးမှ […]