ထားဝယ်တွင် တွင်ကျယ်လာနေသည့် မဲလိပ်ဆွဲစနစ်ဖြင့် ပစ္စည်းရောင်းသည့်ပုံစံ
diz_admin
October 27, 2020ကိုဗစ်ကာလအတွင်း ထားဝယ်ခရိုင်တွင် မဲလိပ်ဆွဲပြီး ပစ္စည်းရောင်း သည့်ပုံစံတစ်မျိုး တွင်ကျယ်လာနေသည်ကို တွေ့လာရသည်။ ဒေသခံများက ကပ်မဲဟုခေါ်သည့် ယင်းမဲလိပ်ဆွဲ ပစ္စည်းရောင်းသည့်နည်း လမ်းမှာ မဲလိပ်တစ်လိပ်ကို ကျပ်ငါး ဆယ်၊ တစ်ရာဖြင့် ဝယ်ယူရသည်။ ယင်းမဲလိပ်ထဲတွင် ကိန်းဂဏန်းများရေး သားထားသည်။ မဲလိပ်အတွင်းပါကိန်းဂဏန်းနှင့် အပြင်တွင်ချိတ်ဆွဲထားသည့် ပစ္စည်းပေါ်ရှိ ကိန်းဂဏန်းတူညီပါက မဲပေါက် မည်ဖြစ်သည်။ မဲပေါက်ပါက သောင်း ဂဏန်းတန်ဖိုးရှိ ဒန်းအိုး၊ ဒန်ခွက်၊ ဆောင်းဘောက် စသည့်ပစ္စည်းတစ်ခုခုကို ရရှိမည်ဖြစ်သည်။ ယင်းကဲ့သို့ မဲလိပ်ဖြင့် ပစ္စည်းရောင်းသူများသည် ကား၊ သုံးဘီးဆိုင်ကယ် များဖြင့် တစ်ရွာဝင်၊ တစ်ရွာထွက် လိုက်ရောင်းခြင်း၊ အုပ်စုလိုက် မဲဆွဲစေခြင်းတို့ကြောင့် ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့လာမည်ကို ဒေသခံအချို့က စိုးရိမ်နေကြသည်။ “ကျွန်တော်တို့ ဒေသမှာ လူတွေ အုပ်စုလိုက်နှာခေါင်းစည်း မတပ်ဘဲ မဲကပ်တွေ ဆွဲနေကြတာ။ […]


