ထားဝယ်အမျိုးသားနေ့အား နေရာ ၅၀ ခန့်တွင် ကျင်းပမည်
diz_admin
December 16, 2020ယခုနှစ် မြန်မာလ နတ်တော်လဆန်း ၁ ရက်နေ့(ဒီဇင်ဘာ ၁၅ ရက်) တွင် ကျရောက်သည့် ထားဝယ်အမျိုးသားနေ့ကို ထားဝယ်မြို့ ကမ်းနားလမ်းရှိ ယဉ်ကျေးမှုပြတိုက်အပါအဝင် နေရာ ၅၀ ခန့်တွင် ကျင်းပမည်ဖြစ်ကြောင်း ထားဝယ်လူမျိုးစုစည်းမူ ကော်မတီ(ဗဟို) ထံမှ သိရသည်။ လူစု၊ လူဝေးနှင့်မလုပ်ရဆိုသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်အရ ကိုဗစ်စည်းကမ်း ချက်နှင့်အညီ နေရာတစ်ခုတည်းတွင် မကျင်းပတော့ဘဲ ကျေးရွာများအထိ နေရာဖြန့်ကျက်ကာ ကျင်းပရန် စီစဉ်ထားကြောင်း အထက်ပါကော်တီ ဥက္ကဋ္ဌ ဦးအောင်မျိုးက ပြောသည်။ ထားဝယ်အမျိုးသားနေ့ကျင်းပမည့် နေရာများမှာ ထားဝယ်ခရိုင်တွင် ၂၆ နေရာ၊ မြိတ်ခရိုင်တွင် လေးနေရာ၊ ကော့သောင်းခရိုင်တွင် သုံးနေရာ၊ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ မေဃဝတီကျောင်းတိုက်တွင် တစ်နေရာ စုစုပေါင်း ၃၄ နေရာ ကျင်းပရန် […]


