ကျပ်သိန်း ၁၅၀ဝ၀ ကို သဘာဝဘေးတွင် သုံးရန်လျာထား
diz_admin
December 28, 2020တနင်္သာရီတိုင်းအတွင်း ကြိုတင် မမျှော်မှန်းနိုင်သည့် သဘာဝဘေးများ ကြောင့် အရေးပေါ်သုံးစွဲရမည့်ကိစ္စရပ်များတွင် သုံးစွဲရန် ငွေကျပ်သိန်းပေါင်း ၁၅၀ဝ၀ လျာထားကြောင်း တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ရ /သုံး)ထံမှ သိရသည်။ ယခုဘဏ္ဍာနှစ်အတွင်း သုံးစွဲရန်လျာ ထားခြင်းဖြစ်ပြီး ကျပ်သိန်း ၁၀ဝ၀ဝ အား ပြည်ထောင်စုအစိုးရမှ ထောက်ပံ့ပေးခဲ့ပြီး သိန်း ၅၀ဝ၀ ကို တိုင်းအစိုးရ ရန်ပုံငွေမှ လျာထားခြင်းဖြစ်သည်။ အဆိုပါ ရန်ပုံငွေဖြင့် လေဘေး၊ ရေဘေး အစရှိသည့် သဘာဝဘေး အန္တရာယ်ကျရောက်ချိန်တွင် ထုတ်ယူ သုံးစွဲသည့်အပြင် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်ကပ်ဘေးတွင်လည်း ထုတ်ယူသုံးစွဲကြောင်း ရ/သုံးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေလင်းထက်က ဆိုသည်။ “အခုကိုဗစ်မှာ အဲဒါတွေသုံးတာတွေ ပါတယ်” ဟု ဦးနေလင်းထက်က ပြောသည်။ ယခင်ဘဏ္ဍာနှစ်က ထုတ်ဝေသည့် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ […]


