ဓာတ်ခွဲအဖြေမသိရသေးခင် ကွာရန်တင်းစခန်းမှ ထွက်ပြေးသွားသူ စုံစမ်းမရသေး
diz_admin
September 21, 2020ကွာရန်တင်းဝင်နေသူတစ်ဦး ကိုဗစ် ဓာတ်ခွဲနမူနာယူထားပြီး အဖြေမသိရသေးခင် ထွက်ပြေးသွားခဲ့ရာ ရဲတပ်ဖွဲ့ ဖြင့်ချိတ်ဆက်ပြီး ရှာဖွေခဲ့သော်လည်း တစ်ရက်ကျော်ကြာသည်အထိ (ယနေ့ သတင်းရေးချိန်အထိ) စုံစမ်းမရသေးဘဲ အစအနပျောက်နေကြောင်း ယင်းစောင့် ကြည့်ရေးစခန်း တာဝန်ခံ ဦးသန့်လွင်က ပြောသည်။ ယင်းအမျိုးသားသည် ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီး လောင်းလုံးမြို့၊ မိုးကုတ်ရိပ်သာတွင် ကွာရန်တင်းဝင်နေသည်မှာ ဆယ်ရက်ခန့်ရှိပြီဖြစ်သည်။ စက်တင်ဘာလ ၁၆ ရက်က ၎င်းအမျိုးသားအား ဓာတ်ခွဲနမူနာယူကာ စစ်ဆေးခဲ့ပြီး အဖြေမထွက်ရှိသေးမီ စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ထွက်ပြေးသွားခြင်းဖြစ်သည်။ ယင်းအမျိုးသားသည် ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာရှိ ရာဘာခြံ တစ်ခုထဲသို့ရောက်ရှိသွားပြီး ယင်းမှ တစ်ဆင့် ဆိုင်ကယ်မောင်းထွက်သွားကြောင်း ထွက်ပြေးသွားသူ၏ ညီက ဦးသန့်လွင်သို့ စက်တင်ဘာလ ၁၇ ရက်မှာပင် ဆက်သွယ်ပြောကြားလာခဲ့သည်။ နိုင်ငံဝန်ထမ်းများ နယ်ကျော်ခရီးသွားက သွားသူနှင့်အတူ […]


