BREAKING
November 4, 2025

ထားဝယ်

ထားဝယ်ဒေသထွက် ဓနိဖက် ဈေးတက်

diz_admin

March 16, 2022

ထားဝယ်ဒေသထွက် ဓနိဖက် တစ်ထောင်လျှင် ယခုနှစ် ကျပ်သုံးသောင်းဝန်းကျင်း ဈေးတက်ကြောင်း ဓနိဖက်လုပ်ငန်းလုပ်ကိုင်သူများနှင့် သုံးစွဲသူများထံမှ သိရသည်။ ယမန်နှစ်က ဓနိဖက် တစ်ထောင်ကို ငွေကျပ် ကိုးသောင်း ဈေးရပြီး ယခုနှစ်တွင်မူ ‌တစ်သိန်းနှစ်သောင်း ကျပ် ဈေးရကြောင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ဓနိဖက်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။ “ဓနိဖက်လုပ်သူက ရှားလာသလို ဖက်ထိုးခလည်း ဈေးကြီးလာတယ်” ဟု ၎င်းက ဆိုသည်။ ဓနိဖက်လုပ်ရာတွင် ကုန်ကျစရိတ် ကြီးလာသဖြင့် ဓနိဖက်လည်း ဈေးတက်ခြင်းဖြစ်ကြောင်း ဓနိဖက်လုပ်ငန်း လုပ်ကိုင်သူအချို့ထံမှ သိရသည်။ ဖက်တစ်ထောင်ကို ယမန်နှစ်က ထိုးခ (လက်ခ)‌ အနေနဲ့ နှစ်‌‌သောင်းဝန်းကျင်သာပေးရပြီး ယခုနှစ်တွင်မူ နှစ်‌သောင်းငါး‌ထောင်ကျပ် ပေးရကြောင်း လောင်းလုံးမြို့နယ်က ဓနိဖက်လုပ်ငန်းလုပ်ကိုင်သူ နောက်တစ်ဦးက ပြောသည်။ “ဖက်ဈေးကောင်းရင် ထိုးခလည်း ပိုပေးရလေ့ […]

သရက်ချောင်း စော်ဖျားရွာတွင် အမျိုးသားတစ်ဦး အသတ်ခံရ

diz_admin

March 16, 2022

သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာတွင် အမျိုးသားတစ်ဦး မတ်လ ၁၅ ရက်က အသတ်ခံရကြောင်း ဒေသခံရွာသားအချို့က ပြောသည်။ အသတ်ခံရသူမှာ ဒလန်ဟုစွပ်စွဲခံရသည့် အသက် ၃၅ နှစ်ခန့်ရှိ ကိုသက်ထွေးဆိုသူဖြစ်ပြီး ရွာနှင့် ခြောက်မိုင်ခန့်အကွာတွင် ရှိသည့် နွားလပို့တောင်ခြေရှိ ၎င်း၏ ရော်ဘာခြံတွင် အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ အခင်းဖြစ်နေရာကို မသွားရဲကြသဖြင့် ရုပ်အလောင်းကို ယနေ့ (မတ် ၁၆) မွန်းလွဲ ၁နာရီခွဲအချိန် အထိ ကောက်ယူခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။ “အလောင်းက ဘယ်လိုအခြေအနေရှိလဲ မသိဘူး” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ အဆိုပါအမျိုးသားကို မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက သတ်သွားသည်ကို မသိရသေး ကြောင်း ဒေသခံအချို့က ပြောသည်။

ထားဝယ်တွင် ကမ်းနားဈေးသည် အများအပြား အဖမ်းခံရ၊ အချို့ပြန်လွတ်

diz_admin

March 16, 2022

ထားဝယ်မြို့ ကမ်းနားဈေးတွင် ရောင်းချနေသည့်ဈေးသည် အများအပြား ယနေ့ (မတ် ၁၆) နံနက် ၃နာရီဝန်းကျင်က အဖမ်းခံရ‌ကြောင်း ဈေးသည်အချို့ထံမှ သိရသည်။ ထားဝယ်ကမ်းနားဈေးက ဈေးသည်များကို ညမထွက်ရအမိန့် ဖောက်ဖျက်သည်ဟုဆိုကာ စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းကြောင်း ဈေးသည်အချို့က ပြောသည်။ အဖမ်းဆီးခံရသည့် ဈေးသည်အရေအတွက်မှာ ၇၀ ဝန်းကျင်၊ တစ်ရာ ဝန်းကျင်၊ နှစ်ရာဝန်းကျင် စသည်ဖြင့် ပြောဆိုကြသော်လည်း ဖမ်းဆီးခံရသည့် ဈေးသည်အရေအတွက် အတိအကျကိုမူ သီးခြားအတည်မပြု နိုင်သေးပေ။ ယမန်နှစ်ကတည်းက ထားဝယ်မြို့နယ် အပါအဝင် မြို့နယ်အများစုတွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ “ဖမ်းခံရသူတွေအများစုက မြို့ပေါ်က ဈေးသည်တွေလို့ သိရတယ်။ သူတို့က မနက်သုံးနာရီလောက် ကတည်းက ဈေးကိုလာနေကြတာ” […]

ထားဝယ်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

March 16, 2022

ထားဝယ်မြို့ တလိုင်းမရပ်ကွက်တွင် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး မတ်လ ၁၅ ရက် ညနေပိုင်းတွင် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပစ်သတ်ခံရပြီး သေဆုံးသွားသူမှာ ကိုအောင်သီဟဆိုသူဖြစ်ပြီး တလိုင်းမစုအရပ် တံတားထိပ်တွင် ထိုင်နေစဉ် အမျိုးသားတစ်ဦး ဆိုင်ကယ်ဖြင့်လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ တံတားထိပ်တွင် သူငယ်ချင်းနှစ်ဦးနှင့်အတူ ထိုင်နေစဉ် ကိုအောင်သီဟကို ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းနောက် ရုပ်အလောင်းကို အရေးပေါ်ကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကိုအောင်သီဟကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei) က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ သေဆုံးသူ အောင်သီဟသည် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး CDM ဝင်ထားသည်ဟု ဟန်ဆောင်ကာ ဆန္ဒပြသူ များကို သတင်းပေးဖမ်းဆီးခိုင်းခဲ့ကြောင်း ထားဝယ်ပြောက်ကျားတပ်ဖွဲ့က […]

ရွှေပြန်ရောင်းလျှင် ဈေးနှိမ်ခံရဟုဆို

diz_admin

March 12, 2022

ဈေးမတက်ချိန်က ဝယ်ယူထားသောရွှေကို‌ ယခုကဲ့သို့ ရွှေဈေး သိန်းနှစ်ဆယ်ဝန်းကျင်‌ ပေါက်ဈေးရှိနေချိန် ပြန်ရောင်းချလျှင် ရွှေဆိုင်အချို့က ဈေးနှိမ်ဝယ်ယူနေကြသဖြင့် အရှုံးခံရောင်းချနေရကြောင်း ရွှေရောင်းချ သူအချို့က ပြောသည်။ ၁၅ ပဲရည်၊ ၁၄ ပဲရည် ရွှေကို ပြန်ရောင်းချချိန်တွင် ကာလပေါက်ဈေးဖြင့် ဝယ်ယူခြင်းမဟုတ် ဈေးနှိမ် ဝယ်ယူနေကြခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။ ယမန်နေ့က ၁၅ ပဲရည်ရွှေတမတ်သားကို သွားရောင်းချခဲ့ရာ ကျပ်နှစ်သောင်း အရှုံးခံပြီး ရောင်းချ ခဲ့ရကြောင်း ထားဝယ်မြို့ခံ ဒေါ်ဌေးဌေးက ဆိုသည်။ ဒေါ်ဌေးဌေးသည် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၁၅ သိန်းကျပ်ဝန်းကျင် ဈေးပေါက်ချိန် ကျပ်နှစ်သိန်းရှစ်သောင်းဖြင့် ရွှေတစ်မတ်သား ဝယ်ယူထားခြင်းဖြစ်ကြောင်း ဆိုသည်။ ယခု ရွှေဈေး ကျပ်သိန်းနှစ်ဆယ် ဝန်းကျင်ဈေးပေါက်နေချိန် ပြန်ရောင်းချရာတွင် ဝယ်ဈေးထက် ဈေးပို မရသည့်အပြင် […]

ထားဝယ်တွင် လူငယ်တစ်ဦး ထောင်ဒဏ် ၂၈ နှစ်အထိ ချမှတ်ခံရ

diz_admin

March 11, 2022

ထားဝယ်၌ သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရရာတွင် ဖမ်းဆီးခံရသည့် အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် ၂၈နှစ် ချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်ထားသည်။ ဟိန်းမင်းကိုကို (ခေါ်) ဟိန်းလွင်ထူးကို ထားဝယ်ထောင်တွင်း အထူးတရားရုံးက မတ်လ ၄ ရက်နေ့က ယင်းသို့အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါကွန်ရက်က မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထား သည်။ ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်က ဘုံမ္မော်ရပ်ကွက်တွင် သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းစဉ် အဖမ်းခံရခြင်း ဖြစ်ပြီး ဟိန်းမင်းကိုကိုနှင့်အတူ ၁၅ ဦးအဖမ်းခံခဲ့ရကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဟိန်းမင်းကိုကိုမှာ ဖမ်းဆီးခံရချိန် လက်မောင်း၊ ပေါင်နှင့် ခြေထောက်တို့တွင် ရော်ဘာကျည်နှင့် အနီးကပ် ပစ်ခံထားရခြင်းကြောင့် ဒဏ်ရာအပြင်းအထန် […]

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေမည့်သူ လေးထောင်ကျော်သာရှိ

diz_admin

March 9, 2022

တက္ကသိုလ်ဝင် စာမေးပွဲဖြေသူ နှစ်စဉ် နှစ်သောင်းကျော်ရှိသည့် တနင်္သာရီတိုင်းတွင် ယခုနှစ် စာမေးပွဲ ဖြေရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ လေးထောင်ကျော်သာရှိကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်က (ကိုဗစ်စတင်ဖြစ်ပွားသည့်နှစ်) တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေသူ ကျောင်းသား၊ ကျောင်းသူ ၂၅၂၆၄ ဦးရှိခဲ့သည်။ ယင်းနောက် ပြီးခဲ့သည့် ပညာသင်နှစ်တွင် နိုင်ငံ အတွင်း ကိုဗစ်ကူးစက်ပြန့်ပွားသဖြင့် စစ်မေးပွဲ စစ်ဆေးခြင်း မရှိခဲ့ပေ။ ယခုပညာသင်နှစ်တွင်မူ စာမေးပွဲဖြေမည့်သူ ၄၇၆၃ ဦးသာရှိကြောင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ယခုပညာသင်နှစ်တွင် ကျောင်းလာအပ်သူနည်းသဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ နည်းသွားခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က ပြောသည်။ “အဓိကတော့ ကျောင်းလာ မအပ်လို့ပေါ့” ဟု […]

နိုင်ငံရေးမတည်ငြိမ်သည့်ကာလ ထားဝယ်တွင် မြေအကွက်ရိုက်ရောင်းချမူ ပိုများလာ

diz_admin

March 8, 2022

နိုင်ငံရေး မတည်ငြိမ်သောကာလ အုပ်ချုပ်ရေးပိုင်း လျော့ရဲနေသည့်အချိန်တွင် ထားဝယ်ခရိုင်အတွင်း အိမ်မြေ အကွက်ရိုက်ရောင်းချမူ ပိုမိုများပြားလာကြောင်း ဒေသခံအချို့က ပြောသည်။ လယ်မြေကို မြေဖို့၊ ဥယျာဉ်ခြံမြေကို အပြောင်ရှင်းပြီး အကွက်ရိုက်ကာ အိမ်မြေအဖြစ် ရောင်းချနေကြခြင်း ဖြစ်သည်။ NLD အစိုးလက်ထက်ကမူ ယင်းကဲ့သို့ မြေအကွက်ရိုက် ရောင်းချခြင်းသည် တရားဝင်မှု မရှိသဖြင့် တားမြစ် အရေးယူခဲ့သည်။ ယင်းကဲ့သို့အရေးယူသဖြင့် အကွက်ရိုက်ရောင်းချမူ အတိုင်းအတာတစ်ခုအထိ လျော့နည်းခဲ့သော်လည်း အာဏာသိမ်းပြီး နောက်ပိုင်းတွင် အကွက်ရိုက်မြေရောင်းချမူများ ပိုမိုတွင်ကျယ်လာခဲ့ ပြန်သည်။ ယခင်က အကွက်ရိုက်မြေ ရောင်းဝယ်ခြင်းများကို သိုသိုသိပ်သိပ်လုပ်ဆောင်ကြသော်လည်း လက်ရှိတွင် ဒေသတွင်း Facebook ဆယ်လီများကို ငှားရမ်းပြီး Facebook မှတစ်ဆင့် Live လွှင့် ရောင်းချသူများပင် ရှိနေသည်။ “တစ်ခါငှားပြီး‌ ကြော်ငြာခိုင်းရင် ငါးသောင်း (ကျပ်) […]