ဗဟိုဘဏ်ညွန်ကြားချက်ကို အသုံးချကာ ငွေလိမ်လည်မှုများ ပြုလုပ်လာ
diz_admin
October 19, 2022အွန်လိုင်းငွေကြေးဝန်ဆောင်မှု ကုမ္ပဏီများနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော ဗဟိုဘဏ်ညွန်ကြားချက်ကို အသုံးချကာ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ်မြို့ရှိ အွန်လိုင်းဈေးရောင်းချသူ အမျိုသမီးတစ်ဦးကို ယင်းနည်းလမ်းဖြင့် ငွေကြေးလိမ်လည်ရန် ကြိုးစားခဲ့သည့် ဖြစ်စဉ်အား လိမ်လည်ခံရသည့် အမျိုးသမီးက Dawei Watch ကို ယနေ့ (အောက်တိုဘာ ၁၉ )ပြောဆိုသည်။ K Pay၊ Wave Money စသည့် မိုဘိုင်းငွေကြေးသုံးစွဲသူများအနေဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက် မှန်ကန်စွာဖြည့်သွင်းမထားပါက အကောင့်ဖျက်သိမ်းမည်ဖြစ်ကြောင်း ဗဟိုဘဏ်က စက်တင်ဘာလ ၁၆ ရက်က ထုတ်ပြန်ထားသည်။ ငွေကြေးလိမ်လည်သူသည် အဆိုပါထုတ်ပြန်ချက်ကို အသုံးချကာ K Pay အဆင့်တိုးရန် ပြောဆိုခဲ့ပြီး ညွန်ကြားချက်အတိုင်း လိုက်မလုပ်ပါက ၂၄ နာရီအတွင်း K Pay အကောင့်ကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ “သူတို့က Level မမြှင့်ဘူးဆိုရင် သမီးရဲ့K Pay အကောင့်ကို ဖျက်ပစ်မယ်ပြောတော့ ကြောက်သွားတာပေါ့” ဟု […]


