လောင်းလုံးရဲစခန်းအနီးက ဖုန်းဆိုင် ဖောက်ထွင်းခိုးယူခံရ
Dawei Watch
June 16, 2023လောင်းလုံးမြို့မရဲစခန်းအနီးက ဖုန်းအရောင်းဆိုင်တစ်ဆိုင် ဇွန်လ ၁၄ ရက်ညက ဖောက်ထွင်းခိုးယူခံရကြောင်း မြို့ခံအချို့ကပြောသည်။ ဖောက်ထွင်းခိုးယူခံရသောဖုန်းဆိုင်မှာ လောင်းလုံးမြို့မရဲစခန်း၊ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတို့နှင့် အိမ်လေးဆောင်ခန့်သာခြားသည်ဟုဆိုသည်။ “ရဲစခန်းကိုဆို လှမ်းအော်ရင်တောင် ကြားနေရတဲ့နေရာမှာ ခိုးခံရတာဆိုတော့ တော်တော်ကို ရဲရဲတင်းတင်း လုပ်သွားတာလို့ပြောရမယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။ ဖုန်းဆိုင်မှာ နေ့ဘက်တွင်ဖွင့်ပြီး ညဘက်ဆိုပါက လူမနေတော့ကြောင်း မြို့ခံအချို့ကပြောသည်။ ဆိုင်အတွင်းရှိ ဖုန်းအလုံး ၂၀ ခန့်၊ ဈေးကြီးသည့် Power Bank များ၊ ဖုန်းအပိုပစ္စည်းများ စုစုပေါင်း သိန်းရာဂဏန်းခန့်ပါသွားကြောင်း ” ဖုန်းဆိုင်ပိုင်ရှင်နှင့်ရင်းနှီးသူ အခြားမြို့ခံတစ်ဦးကဆိုသည်။ “သော့သုံးလေးတန်ခတ်ထားတာကို သော့အတုနဲ့ဖွင့်သွားတယ်လို့ပြောတယ်” ဟု ၎င်းကဆိုသည်။ လောင်းလုံးမြို့ပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေးတင်းကြပ်နေမှုကြောင့် ပြည်သူများ အပြင်မထွက်ရဲကြသည့် ညအချိန်တွင် ရဲစခန်းအနီးရှိဖုန်းဆိုင် ဖောက်ထွင်းခိုးယူ ခံလိုက်ရခြင်းဖြစ်သည်။ ၂၀၂၂ […]


