သရက်ချောင်း၊ ကတွဲရွာက အမျိုးသားတစ်ဦးဖမ်းဆီးခံရပြီး နှစ်ရက်ကြာအထိ သတင်းမရ
diz_admin
February 7, 2023သရက်ချောင်းမြို့နယ်၊ ကတွဲရွာက အမျိုးသားတစ်ဦးကို မျက်နှာဖုံးစွပ်ထားသည့် လူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး နှစ်ရက်ကြာသည်အထိ သတင်းမရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၃၀ ကျော်အရွယ် ကိုအာကာ (ခေါ်) ကိုစိုးဝင်းနိုင်ဆိုသူမှာ ဖေဖော်ဝါရီလ ၅ ရက် ည ၈ နာရီခန့်တွင်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ၎င်းသည် ရန်ကုန်တွင် ရှစ်လခန့်သွားရောက်နေထိုင်ကာ ရွာသို့ ပြန်လာပြီး ၂ ရက်အကြာတွင် ဖမ်းဆီးခေါ်ဆောင် ခံရခြင်းဖြစ်ကြောင်း ကတွဲကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ ကိုအာကာကို ပရိုဘောက်ကားဖြင့် ရောက်လာသည့် မျက်နှာဖုံးစွပ်ထားသည့် အမည်မသိလူတစ်စုက ညနေစာထမင်းစားနေချိန် ဖမ်းဆီးခေါ်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “သတ်မှန်း မသတ်မှန်းတော့ မသိဘူး။ ဖမ်းခေါ်သွားတာတော့ သိတယ်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ အဆိုပါအမျိုးသားသည် ပြည်သူ့စစ်အဖွဲ့ဝင်အဖြစ် […]


