ရန်ပုံငွေအခက်အခဲကြောင့် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဒုတိယအကြိမ်ယာယီရပ်နား
Dawei Watch
June 20, 2023ထားဝယ်ခရိုင်တွင် အရေးပေါ်လူနာများကို အိမ်တိုင်ရာရောက်ကူညီသယ်ဆောင်ပေးနေသည့် ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့သည် ရန်ပုံငွေပြတ်တောက်သွားသည့်အတွက် ယာယီရပ်နားထားရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ဆက်လက်လည်ပတ်နိုင်ရန် ရန်ပုံငွေ မလုံလောက်တော့သည့်အတွက် ဇွန်လ ၁၀ ရက်နေ့မှစတင်ကာ ရပ်နားထားရကြောင်း ယင်းအဖွဲ့၏ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ “ကျွန်တော်အဖွဲ့ရဲ့ လုပ်ငန်းသုံးငွေ ဘဏ်ထဲမှာ ကျပ်ရှစ်ထောင်ပဲရှိတော့တယ်” ဟု ၎င်းက ဆိုသည်။ အရေးပေါ်လူနာကူညီသယ်ဆောင်ပေးနိုင်ရန် စက်သုံးဆီဝယ်ယူနိုင်သည့် ငွေပမာဏ မရှိတော့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ “အခုဆိုရင်ကျွန်တော်တို့ ရုံးဖုန်းတွေပါ ပိတ်ထားလိုက်ရတယ်။ အဲဒီအတွက် စိတ်မကောင်းဘူး” ဟု ဦးနိုင်မျိုးသွင်က ပြောဆိုသည်။ ကျပ်တည်းနေသည့်ကာလမျိုးတွင် ပြည်သူလူထု၏ကျန်းမာရေးအတွက် အရေးပေါ်ဝန်ဆောင်မှု အမှန်တကယ်လိုအပ် နေသေးသောကြောင့် ပုံမှန်လှူဒါန်းပေးနေသည့်အလှူရှင်များကိုလည်း ကျေးဇူးတင်ကြောင်း ၎င်းက ဆိုသည်။ ရန်ပုံငွေများ ပြန်လည်ရရှိလာပါက အမြန်ဆုံးပြန်လည်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ […]


