ရေဖြူ ပုဂေါဇွန်းနှင့် မင်းဒပ်ရွာဘက်သို့ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်
Dawei Watch
June 30, 2023ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာနှင့် မင်းဒပ်ကျေးရွာသို့ စစ်ကောင်စီအမြောက်တပ်က ဇွန်လ ၂၈ ရက်ညက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ ရေဖြူမြို့နယ် ကျောက်ကညာကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ်မှ ည ၉ နာရီကျော်အချိန်တွင် လက်နက်ကြီးဖြင့် သုံးကြိမ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ အဆိုပါလက်နက်ကြီးကျည်များမှာ ပုဂေါဇွန်းရွာအနီးတွင် တစ်လုံး မင်းဒပ်ရွာအနီးတွင် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ “ဘယ်လောက်ကြမ်းလဲဆိုရင် အိမ်ခေါက်မိုးက သွပ်ပြားတွေတောင် တကျွတ်ကျွတ်နဲ့ အသံထမည်တာ။ ကြောက်ဖို့အရမ်းကောင်းတယ်။ မထိလို့သာပေါ့ ထိတဲ့အိမ်ဆိုရင်တော့ တစ်စစီဖြစ်ပြီပဲ” ဟု ပုဂေါဇွန်းဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါလက်နက်ကြီးကျည်များသည် ရွာထဲတွင်မကျဘဲ ရွာအနီးတောတောင်ထဲတွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်သေဆုံးမှုမရှိဘဲ သက်သာရာရခဲ့ကြောင်း ဒေသခံအချို့ကဆိုသည်။ ဇွန်လ ၂၇ ရက်ညက ရေဖြူမြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ပြီး နောက်တစ်နေ့တွင် […]


