ထီးခီးနယ်စပ်တွင် ကရင်တပ်ဖွဲ့နှစ်ခု ပစ်ခတ်မှုဖြစ်နေ
diz_admin
February 17, 2023ထားဝယ်-ထိုင်းနယ်စပ် ထီးခီးနယ်စပ်တွင် ကရင်လက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော် (KTLA) တို့အကြား ဖေဖော်ဝါရီလ ၁၆ ရက်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားပြီး ယနေ့တွင်လည်း ဆက်လက်ဖြစ်ပွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူအချို့နှင့် KTLA တပ်ခွဲတစ်ခုမှ တာဝန်ရှိသူတစ်ဦးတို့က ပြောသည်။ ထီးခီးနယ်စပ် အမိုရွာအနီးတည်ရှိသည့် KTLA တပ်ခွဲ (၅) စခန်းကို KNU တပ်မဟာ (၄) KNLA တပ်ရင်းက ဝင်တိုက်ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုပြင်းထန်ခဲ့ကြောင်း KTLA တပ်ခွဲ (၃) မှ တပ်ခွဲမှူး ဗိုလ်နှင်းဆီက ဆိုသည်။ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁ဝနာရီဝန်းကျင်တွင် KNLA က ကော်သူးလေ KTLA […]


