လောင်းလုံး အောက်ကျောက်ဝပ်ရွာတွင် တိုက်ပွဲကြောင့် ဒေသခံများတိမ်းရှောင်နေရ
diz_admin
March 3, 2023လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံများတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။ မတ်လ ၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အောက်ကျောက်ဝပ်ကျေးရွာအဝင်ဝ သင်္ချိုင်းအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “သေနတ်သံတွေကြားတာနဲ့ ရွာထဲမနေရဲတော့လို့ ဘုန်းကြီးကျောင်းထဲသွားနေတဲ့သူနဲ့ တောထဲပြေးတဲ့သူပြေးနဲ့ ဖြစ်နေကြတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ လွန်ခဲ့သည့် နှစ်ရက်ခန့်က ကျောက်နီမော်ကျေးရွာသို့ ရေလမ်းဖြင့်ရောက်လာသည့် စစ်ကောင်စီတပ်၊ ကျောက်နီမော်ရွာခံ ပျူစောထီးအဖွဲ့တို့ ပူးပေါင်းအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံအချို့က ပြောဆိုသော်လည်း တိတိကျကျမသိရသေးပေ။ “(မတ် ၃) ဒီမနက် ကြားရတာကတော့ (စစ်ကောင်စီဘက်က) သေတဲ့သူတွေရဲ့ အလောင်းတွေ လာသယ်သွားပြီလို့ ကြားရလို့ စိတ်ထဲနည်းနည်းတော့ အေးနေတယ်” […]


