ထားဝယ်စိုက်ပျိုးရေးသိပ္ပံ ဆရာလေးဦး ဖမ်းဆီးခံရပြီး နာရီပိုင်းအကြာတွင်ပြန်လွတ်
Dawei Watch
July 21, 2023ထားဝယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ဇူလိုင် ၂ဝ ရက် မွန်းလွဲ ပိုင်းက ဆရာ/ဆရာမ လေးဦးကို လက်နက်ကိုင်လူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်ဟု ကျောင်းနှင့် နီးစပ်သူများထံမှသိရသည်။ ကျောင်းဝင်းအတွင်းသို့ မွန်းလွဲ ၁ နာရီခန့်တွင် လက်နက်ကိုင်ဆောင်သူ ဆယ်ဦးကျော်ခန့် ဝင်ရောက်လာပြီးနောက် ကျောင်းသူ၊ကျောင်းသားအချို့ကို ရိုက်နှက်ကာ ဆရာ/ဆရာမ လေးဦးကို ဖမ်းခေါ်သွားပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်ဟု ကျောင်းနှင့်နီးစပ်သည့် ဒေသခံအချို့ကို ဆက်သွယ်မေးမြန်းမှုအရ သိရှိရသည်။ ဖမ်းဆီးခံရသူများမှာ ကျောင်းအုပ်ကြီး ဇနီးမောင်နှံအပါအဝင်၊ ဒုကျောင်းအုပ်နှင့် ကွင်းဆင်းဆရာပါ လေးဦး ဖြစ်ကြောင်း၊ ကျောင်းမဖွင့်ရန်လည်း ခြိမ်းခြောက်ပြောဆိုခဲ့သေးကြောင်း သိရသည်။ မည်သည့်လက်နက်ကိုင်အဖွဲ့က ပြုလုပ်ခဲ့သည်ဆိုခြင်းနှင့် မည်သည့်အကြောင်းကြောင့် လုပ်ဆောင်ခဲ့သည် ဆိုခြင်းကို Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။ ယင်းနှင့်ပတ်သက်၍ အဖွဲ့အစည်း တစ်ရပ်ရပ်က […]


