BREAKING
November 10, 2025

ထားဝယ်

သရက်ချောင်း ရငဲရွာတွင် ပျူစောထီးအဖွဲ့ဝင်ဟောင်းဆိုသူ အမျိုးသားပစ်သတ်ခံရ

diz_admin

March 22, 2023

ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် လက်နက်ဖြုတ်သိမ်းခံထားရသည့် ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံအချို့ကပြောသည်။ သေဆုံးသူမှာ အသက် ၆၀ ‌ဝန်းကျင်အရွယ် ဦးဂွတိုဆိုသူဖြစ်ပြီး နေအိမ်တွင်ရှိနေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ “အိမ်ရှေ့မှာလမ်းလျှောက်နေတဲ့အချိန် မျက်နှာစည်းတွေနဲ့လူတွေ ဆိုင်ကယ်နဲ့ရောက်လာပြီးပစ်သတ်သွားတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။ ဦးဂွတိုမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးခေါ် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ၎င်းတို့တစ်ဖွဲ့လုံးကို စစ်ကောင်စီက လက်နက်ဖြုတ်သိမ်းခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။ လက်နက်ဖြုတ်သိမ်းခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ဒေသခံများကို အန္တရာယ်မပေးရန် သတိပေးခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ “သူက အခုနောက်( လက်နက်ဖြုတ်သိမ်းခံရပြီးနောက်ပိုင်း) သတင်းပေးမပေးဆိုတာတော့ မသိဘူးပေါ့နော်။ နောက်ကွယ်ကနေ ဖုန်းနဲ့သတင်းပေးနေရင်လည်း မသိနိုင်ဘူးလေ” ဟု ဒေသခံတစ်ဦးကဆိုသည်။ ဒေသခံအချို့ကမူ ဦးဂွတိုအား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့ကြောင်း‌ပြောဆိုကြပြီး […]

သောကြာပြင်ရွာတွင် မိုင်းပေါက်၊ ပစ်ခတ်မှုများဆက်ဖြစ်

diz_admin

March 22, 2023

လောင်းလုံးမြို့နယ် သောကြာပြင်ရွာတွင် ယနေ့ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး မွန်းလွဲပိုင်းတွင် ပစ်ခတ်မှုများဆက်ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ သောကြာပြင်ရွာမှာ စစ်ကောင်စီတပ်ဂိတ်စခန်းချ နေရာယူတပ်စွဲထားသည့် ကမြောကင်းတံတားအနီးတွင်တည်ရှိသည်။ ကမြောကင်း တံတားသစ်ကို စစ်ကောင်စီက ဖွင့်ပွဲလုပ်ရန်ပြင်ဆင်နေပြီး အနီးဝန်းကျင်ရွာများကို စစ်ကြောင်းထိုးဝင်ရောက် နေရာယူထားသည်။ သောကြာပြင်ရွာဆိုင်းဘုတ်နှင့် ထိန်သစ်ရွာဆိုင်းဘုတ်ကြား တံတားငယ်အနီး ယနေ့ မတ်လ ၂၂ ရက် နံနက် ၁၀နာရီ ၁၅ မိနစ်ခန့် ပေါက်ကွဲမှုဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။ မိုင်းထောင်နေစဉ် ပေါက်ကွဲသည်ဟု သတင်းထွက်ပေါ်နေပြီး ထိခိုက်သူ အချို့ရှိသည်ဟုလည်း ကြားရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “လမ်းမပေါ်မှာ သွေးနဲ့ အသားစတွေ လွင့်စင်နေတာမြင်ခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်တို့ကို မသိရသေးသလို ထိခိုက်မှုအခြေအနေကိုလည်း […]

ကမြောကင်းတံတားဟောင်း သွားလာခွင့်ပိတ်ထား၊ တံတားသစ်ကို ယနေ့ဖွင့်ပွဲလုပ်သည်ဟုသတင်းထွက်

diz_admin

March 22, 2023

လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့အား ဆက်သွယ်ထားသည့် ကမြောကင်းတံတားကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း ဒေသခံခရီးသွားပြည်သူများထံမှ သိရသည်။ ယနေ့ မတ်လ ၂၂ ရက် နံနက် ၁ဝနာရီခွဲခန့်ကစပြီး ကမြောကင်းတံတားကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ယနေ့ နံနက်ပိုင်းတွင် ကမြောကင်းတံတားသစ် ဖွင့်ပွဲပုံစံမျိုး ကျင်းပနေသည်ကို တွေ့ရသည်ဟုလည်း မျက်မြင် တွေ့ရှိသူများ၏ ပြောကြားချက်အရသိရသည်။ “တံတားပေါ်မှာ ဘင်ခရာအဖွဲ့တွေ့ရှိတယ်။ အခမ်းအနားမှူးက ကြေညာနေတာလည်း ကြားရတယ်။ လူကြီးတွေလည်း (စစ်ကောင်စီ ပြည်ထောင်စုအဆင့် ဒုဝန်ကြီး) ရှိတယ်။ ဖဲကြိုးဖြတ်တာလည်းတွေ့တယ်။ တံတားဖွင့်ပွဲလုပ်နေတဲ့ပုံစံပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။ တံတားသစ်ဖွဲ့ပွဲမှာ မတ်လ ၂၇ ရက်ဝန်းကျင်တွင် ကျင်းပမည်ဟု သတင်းထွက်နေခြင်းဖြစ်သည်။ သို့သော် ကြိုတင်ကြေညာထားခြင်းမရှိဘဲ ယနေ့တွင် ရုတ်တရက် ဖွင့်ပွဲလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံတို့က […]

လောင်းလုံး အောက်ကျောက်ဝပ်နှင့် ညောပြင်တွင် နေအိမ်တစ်ရာကျော် မီးလောင်၊ ဒေသခံတစ်ဦးပစ်သတ်ခံရ

diz_admin

March 21, 2023

လောင်းလုံးမြို့နယ် ‌အောက်ကျောက်ဝပ်ရွာနှင့် ညောပြင်ရွာတို့တွင် ယနေ့ မတ်လ ၂၁ရက် ညနေ ၇ နာရီခန့်အထိ နေအိမ်များ မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ညောပြင်နှင့် အောက်ကျောက်ဝပ်ရွာကို စစ်ကောင်စီတပ်က ရေကြောင်းက ဝင်ရောက်လာပြီး ယနေ့ နေ့လယ်ပိုင်းက နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ညနေ ၄ နာရီခန့်တွင် ရွာမှထွက်ခွာသွားပြီးနောက် ဒေသခံအနည်းငယ်က ရွာထဲဝင်လာပြီး မီးငြှိမ်းသတ်နေကြ‌ကြောင်း ပြောဆိုသည်။ “အခုထိ မီးလောင်နေတုန်းပဲ။ တိုက်အိမ်တွေထဲမှာဆို မီးရှိန်အရမ်းပြင်းလို့ ဝင်သတ်လို့မရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ မီး‌ရှို့ခံရမှုကြောင့် ညောပြင်ရွာတွင် နေအိမ် ၉၀ ကျော် မီးလောင်ပျက်စီးပြီး အောက်ကျောက်ဝပ်ရွာတွင်မူ ၄၀ ခန့် ရှိနိုင်ကြောင်း ဒေသခံအချို့က ပြောသည်။ နေအိမ်မီးလောင်သွားသည့်စာရင်း တိတိကျကျသိရရန် […]

ကျေးလက်နေသူများ မြို့ပေါ်ရွှေ့ပြောင်းမှုများလာ၍ ထားဝယ်မြို့‌ပေါ်တွင် အိမ်ခန်းငှားရခက်ခဲ

diz_admin

March 21, 2023

ပဋိပက္ခနှင့်တိုက်ပွဲများကြောင့် ငွေကြေးတတ်နိုင်သော ကျေးလက်နေသူများ မြို့ပေါ်ရွှေ့ပြောင်းနေထိုင်မှုကြောင့် ထားဝယ်မြို့ပေါ်တွင် အိမ်ခန်းရှာရခက်လာသည်ဟု ထားဝယ်မြို့ရှိ အိမ်ခန်းငှားရမ်းသူများထံမှ သိရသည်။ ယခုနှစ်ဖေဖော်ဝါရီလမှ မတ်လ အတွင်းပို၍ သိသိသာသာ အိမ်ခန်းရှာဖွေ ငှားရမ်းသူများပြားလာကြောင်း အိမ်ခန်း ငှားသည့်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးကပြောသည်။ “ကျွန်တော်မှာဆိုရင်ရှိသလောက် ကုန်နေပြီ “ဟု ၎င်းကပြောသည်။ ထားဝယ်မြို့ပေါ်ပြောင်းရွှေ့ နေထိုင်သူအများစုမှာ စစ်ကောင်စီတပ် မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်နေသည့် သရက်ချောင်းမြို့နယ်နှင့် လောင်းလုံးမြို့နယ်မှဖြစ်ပြီး အများစုမှာ မိသားစုအလိုက် လာရောက်ပြောင်းရွှေ့နေထိုင် ကြသူများဖြစ်သည်။ အိမ်ခန်းငှားရမ်းခ တန်ဖိုးအသင့်အတင့်ရှိသည့် ထားဝယ်မြို့သစ်တွင် အခန်းလုံးဝမရှိတော့သည့် အနေထားပင်ဖြစ်နေကြောင်း လောင်းလုံးမြို့နယ်ရှိ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကပြောသည်။ “အမျိုးအိမ်မှာတည်းပြီး အိမ်ခန်းရှာတာ နှစ်ရက်တိတိကြာတယ် ရတဲ့နေရာမှာပဲနေရတယ်။ တန်ဖိုး(စျေးနှုန်း)တွေ ကြည့်မနေနိုင်တော့ဘူး”ဟု သူမကပြောသည်။ ထားဝယ်မြို့နှင့် အနီးအနားတွင် ဝန်ဆောင်မှု၊ နေရာထိုင်ခင်းအမျိုးအစားပေါ်မူတည်ပြီး အိမ်ခန်းငှားရမ်းခမှာ ကျပ်တစ်သိန်းဝန်းကျင်မှ ကျပ်နှစ်သိန်း နီးပါးအထိ ရှိနေသည်။ […]

လောင်းလုံး အောက်ကျောက်ဝပ်ရွာလည်း မီးရှို့ခံရ

diz_admin

March 21, 2023

‌ညောပြင်ရွာနှင့်ကပ်လျက်တွင်ရှိသည့် အောက်ကျောက်ဝပ်ကျေးရွာတွင်လည်း နေအိမ်များ မီးရှို့ခံ‌နေရကြောင်း ဒေသခံတစ်ဦးက ယနေ့  ညနေ ၂ နာရီခန့်ကပြောသည်။ “ညောပြင်ရွာကိုရှို့ပြီးမှ အောက်ကျောက်ဝပ်မှာလာရှို့တာ။ ရွာအလယ်အပိုင်းကနေစပြီး ရှို့နေတယ်လို့ကြားရတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးကပြောသည်။ အောာက်ကျောက်ဝပ်ကျေးရွာအနီး ပင်လယ်ပြင်တွင်မူ စစ်သင်္ဘောတစ်စီး ရပ်ထားထားကြောင်း ဒေသခံများကဆိုသည်။ လူမူကွန်ရက်ပေါ်တွင် ဒေသခံများမျှဝေထားသည့် ဓာတ်ပုံထဲတွင်လည်း စစ်သင်္ဘောတစ်စီးကိုတွေ့ရှိရသည်။ အဆိုပါ စစ်သင်္ဘောမှာ ယနေ့မနက်ပိုင်းကတည်းက ရောက်ရှိနေခြင်းဖြစ်ပြီး စစ်သင်္ဘောတွင်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာကို မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ အောက်ကျောက်ဝပ်ရွာတွင်မူ ဆိုင်ကယ်၊ သုံးဘီးများကိုပါ သိမ်းဆည်းပြီး ကားဖြင့်တင်ဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။ အောက်ကျောက်ဝပ်ရွာတွင်မူ ညောပြင်လောက် မီးရှို့ခံရသည့်နေအိမ်မများကြောင်း သိရသည်။ မီးလောင်ပျက်စီးသွားသည့် နေအိမ်မည်မျှရှိသည်ကိုမူ ယနေ့ညနေ ၃ နာရီခန့်အထိ မသိရသေးပေ။

လောင်းလုံး၊ စစ်ပြဲရွာတွင် နေအိမ်နှစ်ဆောင်မီးလောင်

diz_admin

March 21, 2023

လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအုပ်စု ရှေ့ဖက်ကားကျေးရွာတွင် နေအိမ်နှစ်ဆောင် ယနေ့(မတ် ၂၁) နံနက်ပိုင်းက မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ “ဝါယာ‌ရှော့ဖြစ်ပြီး မီးလောင်တာ။ အခုတော့ မီးငြိမ်းသွားပြီ” ဟု ဒေသခံတစ်ဦးက ယနေ့ နေ့လယ် ၂ နာရီခန့်တွင် ပြောသည်။ လောင်းလုံးမြို့နယ်အပါအဝင် ထားဝယ်ခရိုင်အတွင်း ‌ယခုနွေရာသီတွင် နေအိမ်မီးလောင်ခြင်း၊ တောမီးလောင်ခြင်းတို့ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။

လောင်းလုံး ညောပြင်ရွာ မီးရှို့ခံနေရ

diz_admin

March 21, 2023

လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာသို့ ရေလမ်းကရောက်ရှိလာသည့် စစ်ကောင်စီတပ်က ရွာကိုမီးရှို့နေကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ မတ်လ ၂၁ ရက် နေ့လယ် ၁၂ နာရီခန့်တွင် မီးရှို့နေခြင်းဖြစ်ပြီး ရွာထဲမှ မီးခိုလုံးများထွက်ပေါ်နေကြောင်း တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ဆိုသည်။ “စဝင်လာတုန်းက လက်နက်ကြီးပစ်တာတွေပါ ရှိတယ်။ အခုတော့ လက်နက်ကြီးပစ်သံ မကြားရတော့ဘူး။ ရွာကိုတော့မီးရှို့ထားလိုက်ပြီ” ဟု ဒေသခံတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီက ပြောဆိုသည်။ စစ်ကောင်စီတပ်က လောင်းလုံးဘက်သို့ စစ်ကြောင်းထိုးနေသောကြောင့် ညောပြင်ဒေသခံများမှာ ကြိုတင်‌တိမ်းရှောင်နေကြသဖြင့် ရွာထဲတွင်လူမရှိသလောက်ဖြစ်နေကြောင်း ဒေသခံအချို့က ပြောသည်။ ‌ပင်လယ်မှ ငါးဖမ်းပြီးပြန်လာသည့် ဒေသခံအချို့မှာ အဖမ်းခံထားရသည်ဟု ၎င်းတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်သည် ရေ‌လမ်းကြောင်းဖြင့် ယနေ့ နံနက်ပိုင်းက အောက်ကျောက်ဝပ်ရွာသို့ လှေဖြင့်ရောက်လာပြီး ယင်းမှတစ်ဆင့် […]