ရေဖြူလမ်းပိုင်းတွင် စစ်တပ်က လမ်းဘေးဝဲယာကို သေနတ်ဖြင့်ပစ်ခတ်သွား
diz_admin
March 29, 2023ရေဖြူမြို့နယ် ညင်းထွေးရွာနှင့် ဇီးကျရွာကြားတွင် ယနေ့(မတ် ၂၉) မွန်းလွဲပိုင်းက ကလိန်အောင်ဘက်မှ ဖြတ်လာသော စစ်ယာဉ်တန်းက လမ်းဘေးဝဲယာကို သေနတ်ဖြင့်ပစ်ခတ်သွားသည်ဟု ဒေသခံများထံမှသိရသည်။ ယနေ့ မွန်းလွဲ ၁၂ နာရီခန့်က ရေဖြူမြို့ဘက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ကားများ ညင်းထွေးရွာနှင့် ဇီးကျရွာကြား ဖြတ်သန်းစဉ် ပေါက်ကွဲပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကားပေါ်က ပစ်ခတ်သွားတယ်ထင်တာပဲ လက်နက်ကြီးကတစ်ချက် လက်နက်ငယ်သံတွေ ကမနည်းဘူး “ဟု ၎င်းကပြောသည်။ အဆိုပါစစ်ယာဉ်တန်း ဖြတ်သွားပြီးနောက် ရေဖြူ-ထားဝယ် လမ်းပိုင်းတွင် နှစ်နေရာခန့်မီးလောင်ပြီး ကျန်ခဲ့သည်ဟုဆိုသည်။ ကျောက်ကညာ-ညင်ထွေး လမ်းပိုင်းတစ်နေရာနှင့် ညင်းထွေး-ဇီးကျ လမ်းပိုင်းတစ်နေရာ မီးလောင်ကျန်ခဲ့ခြင်းဖြစ်သည်။ မီးလောင်ရခြင်းမှာ ယာဉ်တန်းဖြတ်သန်းသွားစဉ် ဗုံးပစ်ချခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံနောက်တစ်ဦးကပြောသည်။ “ပထမ အသံ အကျယ်ကြီးကြားတယ်။ နောက်မှ လက်နက်ငယ်တွေ ဆက်တိုက်ပစ်သွားတာ”ဟု ၎င်းကပြောသည်။ ပထမ အကျယ်ကြီးကြားသည့်အသံကို ဒေသခံအများစုက စစ်ကောင်စီယာဉ်တန်းပေါ်က […]


