လောင်းလုံးတွင် စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ဟုဆို
Dawei Watch
August 4, 2024လောင်းလုံးမြို့ထဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ ဩဂုတ်လ ၂ ရက် ညသန်းခေါင်းကျော်အချိန်တွင် တစ်ကြိမ်၊ မနက် ၄ နာရီထိုးခန့်တွင် တစ်ကြိမ် ပစ်ခတ်ပေါက်ကွဲသံများကြားရကြောင်း မြို့ခံတို့ကဆိုသည်။ စစ်ကောင်စီတပ်သည် လောင်းလုံးမြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စစ်ဖက်ရေးရာလုံခြုံရေးရုံး( စရဖ)၊ မြို့နယ်ပညာရေးမှူးရုံးအနီး စသည့်နေရာများတွင် တပ်စွဲထားကြသည်ဟုဆိုသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လောင်းလုံးမြို့နယ်သို့ စစ်ကောင်စီတပ်ဖွဲ့အသစ်တစ်ခု ပြောင်းရွေ့လာကြောင်း မြို့ခံအချို့က ပြောဆိုသည်။ “အသစ်ပြောင်းလာတဲ့အဖွဲ့နဲ့ ဒီမှာရှိတဲ့အဖွဲ့က အချင်းချင်းမတည့်ကြဘူးလို့ ပြောနေကြတယ်။ အဲဒါကြောင့်ပဲ ပစ်ခတ်မှုဖြစ်ကြတာလား မပြောတတ်ဘူး” ဟု မြို့ခံအမျိုးသားတစ်ဦးကဆိုသည်။ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိသဖြင့် ကျန်မာရေးဝန်ထမ်းတစ်ဦးကို အခင်းဖြစ်သည့်ညက ညတွင်းချင်းလာရောက် ခေါ်ဆောင်သွားခဲ့ကြောင်းလည်း မြို့ခံတို့က ပြောဆိုသည်။ “သုံးယောက်သေတယ် ပြောသံကြားတယ်။ ရဲမဟုတ်ဘူး။ စစ်သား သုံးယောက်သေတယ်လို့ပြောတယ်” ဟု […]


