စစ်မှုထမ်းပထမအသုတ်တွင် တနင်္သာရီတိုင်းမှ ၂၆၀ ကျော်ပါမည်
Dawei Watch
March 28, 2024စစ်ကောင်စီက အဓမ္မအကောင်အထည်ဖော်နေသည့် စစ်မှုထမ်းအစီအစဉ်၏ ပထမဆုံးအသုတ်တွင် တနင်္သာရီတိုင်းမှ ၂၆၀ ကျော်ပါဝင်မည်ဖြစ်ပြီး မြိတ်မြို့နယ်က အများဆုံးဖြစ်ကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံမှ သိရသည်။ စစ်မှုထမ်းမည့်သူ ၂၆၀ ကျော်တွင် မြိတ်မြို့နယ်က ၁၂၀ ဦးမှ ၁၅၀ ဦးကြား ပါဝင်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူက Dawei Watch သို့ပြောဆိုသည်။ ယင်းစစ်မှုထမ်းမည့်သူများမှာ ကိုယ်တိုင်ဆန္ဒပြုထားသူများဖြစ်ဟုလည်း ၎င်းကဆိုသည်။ သို့သော် စစ်မှုထမ်းဆင့်ခေါ်မှုအပေါ် ပြည်သူများက လက်မခံသဖြင့် ကန့်ကွက်မှုများရှိနေသလို စစ်မှုထမ်းသက်မီသည့် လူငယ်များ လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်မှုများလာသဖြင့် စစ်ကောင်စီက ခရီးသွားမှုများကို နည်းလမ်းမျိုးစုံဖြင့် ကန့်သတ်ရသည်အထိ ဖြစ်နေသည်။ စစ်မှုထမ်းရန် စာရင်ပေါက်ထားသူများကို မတ်လကုန်ပိုင်းတွင် ထားဝယ်နှင့် မြိတ်ရှိ စစ်ကောင်စီ၏ တပ်မတော်ဆေးရုံများတွင် ဆေးစစ်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။ […]


