ဦးနိုင်မျိုးသွင် ဇမ္ဗူသီရိအဖွဲ့ကို ပြန်လည်ဦးဆောင်မည်ဟုဆို
Dawei Watch
October 12, 2023အလုပ်တာဝန်များမှ အနားယူပြီဟု ကြေညာထားသော ဦးနိုင်မျိုးသွင်မှာ ယနေ့(အောက်တိုဘာ ၁၂)မှစ၍ ဇမ္ဗူသီရိအဖွဲ့ကို ပြန်လည်ဦးဆောင်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။ ဒေသခံပြည်သူအချို့က ဇမ္ဗူသီရိအဖွဲ့အား ပြန်လည်ဦးဆောင်ပေးရန် တိုက်တွန်းသည်အတွက် နုတ်ထွက်သည်ဟု ကြေညာအပြီး ၁၁ ရက်အကြာတွင် ပြန်လည်ဦးဆောင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ဟု ဦးနိုင်မျိုးသွင်က ရှင်းပြသည်။ “ကျွန်တော် ကျန်းမာရေးလည်း ပြန်လည်ကောင်းမွန်လာတာရယ်။ ကျွန်တော်ကို ပရဟိတလုပ်ငန်းများ မူလအတိုင်းပြန်လုပ်ရန် တွန်းအားပေးတာတွေရယ်ကြောင့်လည်း မူလအတိုင်းအဖွဲ့ကို ပြန်လည်ဦးဆောင်သွားမယ်” ဟု၎င်းကပြောသည်။ ဦးနိုင်မျိုးသွင်သည် အရေးပေါ်ကယ်ဆယ်ရေးလုပ်ရာမှအပြန် စက်တင်ဘာလ ၁၆ ရက်နေ့က လောင်းလုံးမြို့နယ်ရှိ လမ်းပိုင်းတစ်နေရာတွင် ထားဝယ်မြို့ပြပြောက်ကျား တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဆယ်ရက်အကြာဖမ်းဆီး စစ်ဆေးပြီးနောက် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ ပြန်လွတ်လာပြီး အောက်တိုဘာလ ၁ ရက်နေ့တွင် ဆေးကုသမှုခံယူရန်ရှိသည့်အတွက် အဖွဲ့၏ လုပ်ငန်းတာဝန်များမှ အနားယူခဲ့ခြင်းဖြစ်ဟု […]