ရေး-သရက်ချောင်း ပြည်ထောင်စုလမ်းပိုင်း ညပိုင်းမသွားလာရန် တော်လှန်ရေးအင်အားစုများသတိပေး
Dawei Watch
April 2, 2024ရေးမြို့နယ်တောင်ပိုင်းမှ သရက်ချောင်းမြို့အထိ အမှတ် (၈) ပြည်ထောင်စုလမ်းမတွင် ည ၆ နာရီမှ နံနက်၆နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန် မွန်နှင့် တနင်္သာရီ တော်လှန်ရေးအင်အားစုများက မတ်လ ၃၁ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ နေ့ဘက်လမ်းပိုင်း စစ်ဆေးခြင်းကို ပူးပေါင်းဆောင်ရွက်ပေးရန် ဒေါနစစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် တပ်ရင်း (၁) ၊ ကျောင်းသားတပ်မတော် တပ်ရင်း (၁) နှင့် မွန်ပြည်တော်လှန်ရေးတပ်တို့က ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ခရီးသွားပြည်သူများ ဘေးကင်းစွာသွားလာနိုင်ရေးနှင့် စစ်ကောင်စီ၏ ထောက်ပို့ကုန်းလမ်းကြောင်းကို ဖြတ်တောက်ပြီး စစ်ရေး အရှိန်မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် သတိပေးချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။ ဖေဖော်ဝါရီလ ၂၅ ရက်စပြီး မတ်လကုန်အထိ ရေး- ထားဝယ်လမ်းပိုင်းရှိ မလွှဲတောင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုများက […]


