BREAKING
May 22, 2025

ထားဝယ်

ထားဝယ်သပိတ်မျှောပွဲလုပ်မည့် နေရာအနီး ဗုံးပေါက်

Dawei Watch

October 25, 2023

ထားဝယ်ရိုးရာ သပိတ်မျှောပွဲလုပ်မည့် ထားဝယ်ကမ်းနားလမ်း သဲဆိပ်အနီးတွင် (ယနေ့) အောက်တိုဘာလ ၂၅ ရက် မနက်က ဗုံးပေါက်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပေါက်ကွဲမှုမှာ မပြင်းထန်သည့်အတွက် အနီးအနားနေသူအချို့ပင် မသိလိုက်ရကြောင်း ဒေသခံအချို့က ဆိုသည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် သဲဆိပ်အနီးရှိ တံတားထိပ်တွင် ‌စစ်ကောင်စီတပ်သားဆယ်ဦးခန့် ရောက်ရှိနေကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “ကျွန်တော်သွားကြည့်တာ Vigo ကားတစ်စီးနဲ့ (စစ်ကောင်စီတပ်သား) ဆယ်ယောက်ကျော်လောက်ရှိနေတယ်။ လက်ထဲမှာလည်း ထွန်ခြစ်လိုဟာမျိုး နှစ်ခုကိုင်ထားတာတွေ့တယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။ အတည်မပြုနိုင်သေးသည့် သတင်းအရ ထားဝယ်ကမ်းနားလမ်းရှိ မြောင်းပုလဲတံတားအောက်တွင် ထောင်ထားသည့် အချိန်ကိုက်ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး မပေါက်ကွဲသေးသည့်ဗုံးများလည်း ထပ်တွေ့ရသည်ဟု ဆိုသည်။ ပေါက်ကွဲမှုအခြေအနေ အသေးစိတ်နှင့် မည်သည့်အဖွဲ့က လုပ်ဆောင်သည်ဆိုသည့် အအကြောင်းအရာကိုမူ Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း သီတင်းကျွတ်ကာလအတွင်း စစ်ကောင်စီက […]

သရက်ချောင်း မြို့မရဲစခန်း ပြည်သူ့ကာကွယ်ရေးတပ် ဝင်တိုက်

Dawei Watch

October 25, 2023

သရက်ချောင်းမြို့မရဲစခန်း ယနေ့နံနက် ၅ နာရီ၊ မိနစ် ၂၀ ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ‌သိရသည်။ “အစပိုင်းမှာ လက်နက်ငယ်ပစ်သံတွေကြားတယ်၊ နောက်တော့ လက်နက်ကြီးပစ်သံတွေကြားတယ်”ဟု မြို့ပေါ်ရပ်ကွက်နေသူ အမျိုးသားတစ်ဦးက ပြောသည်။ အပြန်အလှန် ပစ်ခတ်မှုကြာချိန် မိနစ် ၃၀ ခန့်ရှိပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုအခြေအနေကို မသိရသော်လည်း လက်နက်ကြီးကျည် နေအိမ်ပေါ် ကျရောက်သဖြင့် သားမိနှစ်ဦး ဒဏ်ရာပြင်းထန်စွာရသွားသည်ဟု ၎င်းက ပြောသည်။ သရက်ချောင်းမြို့မရပ်ကွက်က အရေးပေါ်ကားအသင်းဝင်တစ်ဦးကလည်း ဒဏ်ရာရသည့် သားအမိနှစ်ဦးကို ထားဝယ်ဆေးရုံကို ပို့ဆောင်နေသည်ဟု အတည်ပြုပြောဆိုသည်။ “ကျွန်တော်က လိုက်မသွားဖြစ်ဘူး၊ လူကြီးတစ်ယောက် ကလေးတစ်ယောက်ဆိုပဲပြောတယ်၊ ကားကတော့ ပြန်မလာသေးဘူး၊ ထားဝယ်ဆေးရုံကိုတက်ပို့နေတယ်” ဟု ၎င်းဆိုသည်။ သရက်ချောင်းမြို့မရဲစခန်း တိုက်ခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ရန်ရှိသည်ဟု ဆိုသည်။

ထားဝယ် ငါးဈေးသစ် ဗုံးချတိုက်ခိုက်မှုတွင် လူငယ်အလုပ်သမားနှစ်ဦး ဒဏ်ရာရရှိ

Dawei Watch

October 23, 2023

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ အောင်တံခွန် ငါးဈေးအသစ်၏ခေါင်းမိုးပေါ် သို့ ယနေ့(အောက်တိုဘာ ၂၃) နေ့လယ် ၁ နာရီခန့် က ဗုံးချတိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပြီး ဈေးရုံအတွင်းပန်းရန်လုပ်နေသည့် လူငယ်အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ငါးလေလံဈေးနှင့် နီးစပ်သူများထံမှသိရသည်။ အဆိုပါ ဗုံးမှာ ဈေးရုံ၏ ခေါင်းမိုးပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဈေးရုံအတွင်း ပန်းရန်လုပ်နေသည့် အသက် ၁၄ နှစ်အရွက်ရှိ ကျောင်းသားလူငယ်တစ်ဦးနှင့် အခြားပန်းရန်လုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရရှိသူမှာ ထားဝယ်မြို့ ဝဲကျွန်းမြို့သစ် ၅ လမ်းတွင်နေထိုင်သည့် အသက် ၁၄ နှစ်အရွယ်ရှိ မောင်အောင်ကောင်းမြတ်ဆိုသူ နှင့် အသက် ၂၂ အရွယ်ရှိအမျိုးသားတစ်ဦးတို့ ဖြစ်သည်။ ဗုံးစထိမှန်သည့်ဒဏ်ရာကြောင့် မောင်အောင်ကောင်းမြတ်၏ ညာဘက် ချိုင်းအောက်နှင့် ပခုံးတို့တွင် ဒဏ်ရာများရရှိခဲ့ပြီး အခြားအမျိုးသားတွင် အနည်းငယ်ပွန်းပဲ့ဒဏ်ရာသာရရှိခဲ့သည်ဟု မောင်အောင်ကောင်းမြတ်၏ ဖခင်ဖြစ်သူကပြောသည်။ “ကလေးက […]

ရငဲရွာပစ်ခတ်မှုတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အရပ်သားနှစ်ဦးသေဆုံး

Dawei Watch

October 22, 2023

သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အရပ်သားနှစ်ဦး သေဆုံးကြောင်း ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ အောက်တိုဘာလ ၂၁ ရက် နံနက် ၇ နာရီခန့်တွင် ကမြိုင်မှ ရငဲရွာ မြွေတောင်ဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် မိနစ် ၃၀ ခန့်ကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ပြောဆိုသည်။ မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုတို့တွင် စစ်ကောင်စီဘက်က ရှစ်ဦးခန့် ထိခိုက်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှုမရှိကြောင်း ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးသည့်နောက် ရငဲရွာ တောင်ကျောင်း ဘုန်းတော်ကြီးကျောင်းက သံဃာနှစ်ပါးနှင့် အရပ်သားနှစ်ဦးကို ဖမ်းဆီးထားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ဆိုသည်။ ညနေ ၃ နာရီခန့်တွင် […]

သုံးနှစ်ကြာနားထားသည့် ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲပြန်ကျင်းပမည်၊ နေ့ဘက်ပြောင်းလဲကျင်းပမည်

Dawei Watch

October 22, 2023

သုံးနှစ်ကြာရပ်နားထားသည့် ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး ဘုရားလှည့်လည်ပူဇော်ခံပွဲကို ညဘက် အစား နေ့ဘက်သို့ ပြောင်းလဲကျင်းပမည်ဖြစ်ကြာင်း ထားဝယ်ဘုရားကြီးဂေါပကအဖွဲ့က ထုတ်ပြန်ထားသည်။ ယခုနှစ် ဘုရားပွဲမှာ ၁၁၂ကြိမ်မြောက်ဖြစ်ပြီး ယခင်ကျင်းပနေကျပုံစံအတိုင်း တန်ဆောင်မုန်းလဆန်း ၁၁ ရက်မှစ၍ လပြည့်နေ့အထိ ဘုရားကြီးဝင်းအတွင်း ၅ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ပွဲတော်ကျင်းပသည့် လေးရက်မြောက်နေ့ဖြစ်သော တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့တွင် နှစ်ကျိပ်ရှစ်ဆူဘုရား ကိုယ်ပွား‌တော်များ နံနက် ၇ နာရီမှစတင်ကာ ထားဝယ်မြို့အတွင်း လှည့်လည်ပူဇော်ခံမည်ဖြစ်ကြောင်း ထားဝယ်မြို့ ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။ “ဒီနှစ်ကတော့ ဈေးဆိုင်ခန်းတွေ ပျော်ပွဲရွှင်ပွဲတွေ ဇာတ်ပွဲတွေတော့ မရှိဘူး။ ဘုရားလှည့်တဲ့နေ့မှာလည်း တီးဝိုင်းတွေ ဘာညာတွေလည်း မရှိတော့ဘူး” ဟု အောက်တိုဘာလ ၂၁ ရက်က ဘုရားကြီးဂေါပကအစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက […]

ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ ၄ နှင့် ကော်သူးလေတို့ နှစ်ရက်ဆက် ပစ်ခတ်မှုဖြစ်

Dawei Watch

October 21, 2023

ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ-၄ နှင့် ကော်သူးလေတပ်မတော်တို့ နှစ်ရက်ဆက်ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသခံအချို့နှင့် နှစ်ဖက်တပ်ဖွဲ့တို့ထံမှ သိရသည်။ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက ကထောင်းနီရွာအနီးမှာ KNU တပ်မဟာ-၄ နှင့် ကော်သူးလေတပ်မတော်တို့ ပစ်ခတ်မှုဖြစ်ပွားပြီး ယနေ့ ၂၁ ရက် နံနက်ပိုင်းတွင်လည်း ကလစ်ကြီးရွာဟောင်းနေရာတွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားကြောင်း KNU တပ်မဟာ (၄) ၊ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ဒေသခံအချို့က နှစ်ဖက်ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရသည်ဟု ကြားသိရသော်လည်း ပစ်ခတ်မှုအခြေအနေ အသေးစိတ်ကို မသိကြောင်း ဆိုသည်။ “မနေ့ကဖြစ်တာတော့ ပစ်ခတ်သံတွေမကြားရဘူး။ ဒီနေ့ဖြစ်တာတော့ အသံကြားရတယ်။ ကြာချိန်က ၁၅ မိနစ် လောက်ပဲ ရှိမယ်။ လက်နက်ကြီးနဲ့ တော်တော်များများထုတယ်” ဟု […]

သရက်ချောင်း ရငဲရွာတွင်တိုက်ပွဲဖြစ်ပြီး PDF နှစ်ဦးကျ

Dawei Watch

October 21, 2023

သရက်ချောင်းမြို့နယ် ရငဲရွာတွင် ယနေ့ အောက်တိုဘာလ ၂၁ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF နှစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နံနက် ၇ နာရီခန့်တွင် ကမြိုင်ရွာဖက်မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ ထို့နောက် ယနေ့ နံနက် ၁၀ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာသွားသည့် PDF တပ်ဖွဲ့ကို စစ်ကောင်စီတပ်က ရငဲရွာ ဘုန်းကြီးကျောင်းအနီးတွင် အလစ်ဝင်တိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “အနည်ဆုံး နှစ်ယောက်ကျတယ်။ ဒဏ်ရာရသူလည်းရှိတယ်” ဟု ၎င်းက ပြောသည်။PDF ရဲဘော်များ ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ PDF အဖွဲ့တို့ထံ […]

ထားဝယ်ဒေသတွင် စစ်ကောင်စီတပ်နယ်မြေရှင်း၊ နေအိမ် ၂၀ကျော်မီးရှို့ခံရပြီး အရပ်သားတစ်ဦးအသတ်ခံရ

Dawei Watch

October 21, 2023

ထားဝယ်ခရိုင် ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က နယ်မြေရှင်း‌လင်းနေသည့် လေးရက် အတွင်း နေအိမ် ၂၀ ကျော် မီးရှို့ခံရပြီး အရပ်သားတစ်ဦး အသတ်ခံရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်သည် ထားဝယ်မြို့ မြောက်ဘက်ရှိ ရေဖြူမြို့နယ်နှင့် တောင်ဘက်ရှိ သရက်ချောင်းမြို့နယ်တို့ကို အောက်တိုဘာလ ၁၇ ရက်နေကစပြီး စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနယ်မြေရှင်းနေသည်ဟု ဆိုသည်။ ယင်းသို့ ရှင်းလင်းစဉ် ရေဖြူမြို့နယ်တွင် နေအိမ် အဆောင် ၁၇လုံး မီးရှို့ခံခဲ့ရပြီး အရပ်သားတစ်ဦး ပစ်သတ်ခံရကာ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာသုံးရွာက နေအိမ် ၆ လုံး မီးရှိုခံခဲ့ရကြောင်း ဒေသခံတို့က ဆိုသည်။ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရေဖြူမြို့ အနောက်ဖက်ကမ်းကိုဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းမှ ကင်းရွာ ချောင်းထဲတွင် ပိုက်ထောင်နေသည့် ဦးသီးဝင်းဆိုသူကို ဖမ်းဆီးသွားပြီး […]