ရေဖြူ ဖောင်းတောရွာစာသင်ကျောင်းပြန်ဖွင့်ရန် ရေတပ်က ရွာသားများကို လုံခြုံရေးစီစဉ်ခိုင်း
Dawei Watch
August 23, 2024ရေဖြူမြို့နယ်၊ ဖောင်းတောရွာတွင် စာသင်ကျောင်းပြန်ဖွင့်ရန်အတွက် ရွာသားများ လုံခြုံရေးတာဝန်ယူပေးရမည်ဟု မောရဝတီရေတပ်က ဩဂုတ်လ ၂ဝရက်တွင် အစည်းအဝေးခေါ်၍ ပြောဆိုခဲ့ကြောင်း ရွာသားများက ပြောသည်။ ဖောင်းတောရွာရှိ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးကို ဇွန်လ ၁၈ ရက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တစ်ခုက လာရောက်သတိပေးပြီးနောက် ကျောင်းပိတ်ထားခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။ ယင်းသို့ သတိပေးခံရပြီးနောက် စာသင်ကျောင်းပတ်ဝန်းကျင်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦး တို့ကို မောရဝတီရေတပ်က ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့သည်။ ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်လာပြီးနောက် မောရဝတီရေတပ်က ကျောင်းအုပ်ကြီးနှင့် ဆရာမများအား ကျောင်းပြန်ဖွင့်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ကျောင်းအုပ်ကြီး၏ လုံခြုံရေးတောင်းဆိုချက်အရ မောရဝတီရေတပ်က ကျောင်းသားမိဘများနှင့်ရွာသားအချို့ ကို ဩဂုတ်လ ၂ဝ ရက်တွင် အစည်းအဝေးခေါ်ခဲ့ကြောင်း ရွာသားများထံမှ သိရသည်။ […]


